ဟာနာဆန်/People’s Spring
ယနေ့(နိုဝင်ဘာ ၆ ရက်) နံနက် ၉ နာရီခန့်က မြိုင်မြို့နယ်၊ တွင်းမကျေးရွာမှ ကင်းပတ် ထွက် လာသော ပျူစောထီးအဖွဲ့ဝင်များအား တော်လှန်ရေးတပ်ပေါင်းစုများက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း M.V.P Revoulation Force အဖွဲ့က ပြောသည်။
“သုံးကောင် ရှေ့ကထွက်လာတာ။ နောက်ချန်ဘယ်လောက်ပါတယ်ဆိုတာတော့ မသိရဘူး။တိုက်ပွဲချိန်ကတော့ ဆယ်မိနစ်လောက်ပဲ။”ဟု 8+အညမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ ကိုရှိုင်းက ပြောသည်။

ထို့အပြင် သေဆုံးပျူစောထီးများထံမှ M16သေနတ်နှစ်လက်၊ G3တစ်လက်နှင့် ကျည် နှင့်အခြားပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း M.V.P Revoulation Force အဖွဲ့က ပြောသည်။

Public Service Announcement
အဆိုပါ တိုက်ခိုက်မှုကို 8+အညာမြေတပ်ပေါင်းစု၊ M.V.P Revoulation Force၊ အလင်းတန်းပြောက်ပျားတပ်ဖွဲ့-မြိုင်၊UAV Fighter၊ မဟူရာအလင်းတန်းပြောက်ကျား၊ Phoneix People Defence Force၊ Scopion People Defence Force၊ ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့၊ ဇာမဏီ Droneတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၉ ရက်ကလည်း ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံပျူစောထီးရွာမှ ကင်းပတ် ထွက်လာသော ရဲတစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ မြိုင်ပကဖအဖွဲ့က ဖမ်းဆီးရမိခဲ့သေးသည်။
