close
Connect with us

Hi, what are you looking for?

သတင်း

ရခိုင်စစ်မြေပြင်ရောက် ဧရာဝတီတိုင်းမှ စစ်သားသစ်စုဆောင်းခံရသူများ သတင်းအစအနပျောက်

ဓနုဖြူမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၅ အထိ လူငယ် ၃၀ဝ နီးပါး စစ်သားစုဆောင်းခံရပြီး အများစုသည် ရခိုင်စစ်မြေပြင်သို့ ပို့ဆောင်ခံရသည်ဟုသတင်းရရှိသည်။

(သြဂုတ် ၂၂ ရက် ​မောင်​တောမြို့သိမ်းတိုက်ပွဲတွင် AA ဖမ်းမိခဲ့​သော စစ်သုံ့ပန်းများ နှင့် စစ်​​ကောင်စီ၏စစ်သင်တန်းတက်​နေသူများ။ ဓါတ်ပုံ-AA Info Desk၊ စစ်​ကောင်စီ)
(သြဂုတ် ၂၂ ရက် ​မောင်​တောမြို့သိမ်းတိုက်ပွဲတွင် AA ဖမ်းမိခဲ့​သော စစ်သုံ့ပန်းများ နှင့် စစ်​​ကောင်စီ၏စစ်သင်တန်းတက်​နေသူများ။ ဓါတ်ပုံ-AA Info Desk၊ စစ်​ကောင်စီ)

အိမ်သွင်/People’s Spring

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်သို့ ဧရာဝတီတိုင်းမှ ပို့ဆောင်ခံရသည့် စစ်သားစုဆောင်းခံရသူ အများစုမိသားစုနှင့် လုံးဝအဆက်အသွယ်မရတော့ဘဲ စုံစမ်း၍လည်း မရကြောင်း ​ဒေသခံပြည်သူအချို့က​ပြောသည်။

စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရဥပဒေကို ယခုနှစ် ​ဖေ​ဖော်ဝါရီလတွင်ထုတ်ပြန်ခဲ့သည်။ဥပ​ဒေထုတ်ပြန်ပြီးနောက်ဧရာဝတီတိုင်းအတွင်း မြို့နယ်များမှ လူငယ်များကို ဆက်တိုက်စစ်သားသစ်စုဆောင်းပြီး စစ်သင်တန်းပေးခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ဩဂုတ်လမှစတင်၍ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း -ဂွလမ်းမှတဆင့် ရခိုင်စစ်မြေပြင်သို့စစ်ကောင်စီက စတင် ပို့ဆောင်ခဲ့​ကြောင်းစုံစမ်းသိရသည်။

“ကျမသားက မဲနှိုက်လို့ပေါက်တဲ့သူ‌ဆွေအစား လိုက်ရတာ။ သိန်း ၂၀ရတယ်။ ပထမတော့ ဖုန်းဆက်လို့ရတယ်။ အခု မရတာ ၂လကြာပြီ။ စစ်တပ်ထဲ သွားမေးတာ တပ်ဂိတ်ပေါက်ဝကနေ ပြန်လွှတ်တယ်” ဟု ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဓနုဖြူမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၅ အထိ လူငယ် ၃၀ဝ နီးပါး စစ်သားစုဆောင်းခံရပြီး အများစုသည် ရခိုင်စစ်မြေပြင်သို့ ပို့ဆောင်ခံရသည်ဟုသတင်းရရှိသည်။

ဓနုဖြူမြိုအနီးရှိ ဇလွန်၊ အထောင်၊ ရှားခဲ၊ဟင်္သာတမြို့နယ်တို့တွင်လည်း စစ်သားစုဆောင်းခံရသူလူငယ်အများအပြားမှာတိုက်ပွဲပြင်းထန်​နေသည့် ရခိုင်ပြည်နယ်သို့ပို့ဆောင်ခံရပြီး မိသားစုနှင့်အဆက်အသွယ်ဖြတ်တောက်ခံ​နေရခြင်းဖြစ်သည်။

(သြဂုတ် ၂၂ ရက် ​မောင်​တောမြို့သိမ်းတိုက်ပွဲတွင် AA ဖမ်းမိခဲ့​သော စစ်သုံ့ပန်းများ နှင့် စစ်​​ကောင်စီ၏စစ်သင်တန်းတက်​နေသူများ။ ဓါတ်ပုံ-AA Info Desk၊ စစ်​ကောင်စီ)
(သြဂုတ် ၂၂ ရက် ​မောင်​တောမြို့သိမ်းတိုက်ပွဲတွင် AA ဖမ်းမိခဲ့​သော စစ်သုံ့ပန်းများ နှင့် စစ်​​ကောင်စီ၏စစ်သင်တန်းတက်​နေသူများ။ ဓါတ်ပုံ-AA Info Desk၊ စစ်​ကောင်စီ)

ဧရာဝတီတိုင်းမှ စစ်သားစုဆောင်းခံရသူများကို စစ်​ကောင်စီက ဟင်္သာတမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း နှင့် ပုသိမ်မြို့ရှိအမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးတပ်တွင် စစ်သင်တန်းပေးခြင်းဖြစ်သည်။

“စစ်သင်တန်းဆက်စက ဆက်သွယ်လို့ရတယ်။ အခုက ဘယ်လိုမှ ဆက်လို့မရတော့တာ။ စစ်တပ်ဘက်ကလည်း ဘာမှအကြောင်းမကြားတော့ဘူး။ အုပ်ကြီး(ရပ်ကွက်အုပ်ချုပ်ရေးမှူး)ကလည်း ဘယ်လိုမေးမေး ဂရုမစိုက်တော့ဘူး” ဟု ဟင်္သာတမြို့၊နတ်မော်ကျေးရွာမှ ဒေသခံတဦးကပြောသည်။

နတ်မော်ကျေးရွာသည် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၁၈)အနီး၌ ရှိသည်။ ထို့ကြောင့် ဒေသခံလူငယ်အများစုသည် စစ်တပ်၏ဖိအားပေးခံရမှုနှင့်အတူ စစ်သားသစ်အဖြစ်မကြာခဏစု​ဆောင်းခံခဲ့ရသည်။

“နတ်မော်ဈေးထဲက ဈေးသည်တစ်ယောက်ရဲ့ ‌ သား စစ်တပ်ထဲပါသွားတာ။ တိုက်ပွဲမှာ သေပြီလို့ပဲကြားပြီး ကျန်တာဘာမှမသိရတော့ဘူး” ဟု နတ်မော်ရွာခံတစ်ဦးကပြောသည်။

စစ်သားစုဆောင်းခံရသူများအနက်စစ်သင်တန်းမတက်ရောက်မီ ထွက်ပြေးသူများလည်းရှိခဲ့သည်။ စစ်သင်တန်းတက်ရောက်ပြီးပါကတိုက်ပွဲပြင်းထန်​နေသည့် ရခိုင်ပြည်နယ်အပြင် စစ်ကိုင်းတိုင်းသို့လည်း ပို့ဆောင်ခံရသည်။

ရခိုင်ပြည်နယ် ​မောင်​တောမြို့နယ်အတွင်းတိုက်ပွဲ ၊ သံတွဲမြို့နယ်ရှိ ​မောင်​ရွှေ​လေး​ရေတပ်စခန်းသိမ်းတိုက်ပွဲများတွင် အဓမ္မစု​ဆောင်းခံရပြီးသင်တန်းဆင်း စစ်သားသစ်များစွာပါဝင်ကာ​သေဆုံးသူ ဖမ်းဆီးရရှိသူများစွာရှိ​ကြောင်း အာရက္ခတပ်​တော် (AA)ကထုတ်ပြန်ထားသည်။

(သြဂုတ် ၂၂ ရက် ​မောင်​တောမြို့သိမ်းတိုက်ပွဲတွင် AA ဖမ်းမိခဲ့​သော စစ်သုံ့ပန်းများ နှင့် စစ်​​ကောင်စီ၏စစ်သင်တန်းတက်​နေသူများ။ ဓါတ်ပုံ-AA Info Desk၊ စစ်​ကောင်စီ)
(သြဂုတ် ၂၂ ရက် ​မောင်​တောမြို့သိမ်းတိုက်ပွဲတွင် AA ဖမ်းမိခဲ့​သော စစ်သုံ့ပန်းများ နှင့် စစ်​​ကောင်စီ၏စစ်သင်တန်းတက်​နေသူများ။ ဓါတ်ပုံ-AA Info Desk၊ စစ်​ကောင်စီ)

လက်ရှိတိုက်ပွဲပြင်းထန်း​နေ​သော အမ်းမြို့သိမ်းတိုက်ပွဲ ၊​မောင်​တောမြို့သိမ်းတိုက်ပွဲများတွင်လည်း​ စစ်တပ်မှသေဆုံးသူများတွင်စစ်သားသစ်များစွာပါဝင်​နေ​ကြောင်း​ဒေသတွင်းသတင်းဌာနများက​ဖော်ပြသည်။

အလားတူ ပြီးခဲ့သည့်သြဂုတ်လက စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များထံ လက်နက်ချခဲ့သူများတွင် ဧရာဝတီတိုင်းမှ စစ်သားစုဆောင်းခံရသူများနှင့် ပေါ်တာစွဲခံရသူများ အများဆုံး ပါဝင်နေကြောင်း PDFများကပြောသည်။

ဧရာဝတီတိုင်းမှ လူငယ်အချို့သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အာရက္ခတပ်တော်(AA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ပဲခူးတိုင်းတို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့သွား​ရောက်၍ စစ်ပညာသင်ယူပြီးပူး​ပေါင်း တိုက်ပွဲဝင်နေသော်လည်း တိုင်းအတွင်း၌မူ စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်တော်လှန်ရေးအားမကောင်း‌သော ဒေသဖြစ်သည်။

ထိုအပြင် အာရက္ခတပ်တော်(AA)၏ ထိုးစစ်သည် ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ဂွမြို့အနီးထိရောက်ရှိလာပြီးနောက် ရခိုင်ပြည်နယ်နှင့် နယ်‌မြေချင်းထိစပ်နေသော ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားလာမည်ကို စစ်ကောင်စီကစိုးရိမ်​နေ သည်။ ထို​ကြောင့်ရခိုင်ပြည်နယ်နှင့်နီးစပ်သော ငါးသိုင်းချောင်းမြို့၊ရေကြည်မြို့၊ လေးမျက်နှာမြို့၊ ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်နှင့် ကြံ့ခင်းမြို့နယ်တို့တွင် စစ်ကောင်စီကပြည်သူ့စစ်အများအပြားနှင့်အတူ လုံခြုံရေးယူထားသည်။

ယခုအခါ AA က ရခိုင်ပြည်နယ်အတွင်းရှိ ဂွမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ရှိစစ်တပ်လက်ကျန်စခန်းများကိုအပြီးသတ်သိမ်းပိုက်ရန်တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတွင် အမ်းမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး AAသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်စခန်းများကို အနီးကပ်ပိတ်ဆို့တိုက်ခိုက်နေခြင်းဟု မြို့ခံများထံမှဘသိရသည်။

သတင်း

စစ်ကောင်စီလက်အောက်မှ ဝန်ထမ်းများအနေဖြင့် ပြည်သူရင်ခွင်ခိုလှုံကြရန် ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Southern YSO PDF)က တိုက်တွန်းထားသည်။

သတင်း

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားနှင့်ရဲများက မြို့အတွင်း၌ ပြည်သူအများအပြားကို ဖမ်းဆီးစစ်ဆးနေကြောင်း ​ဒေသခံအချို့က ပြောသည်။

သတင်း

အာရက္ခတပ်တော်(AA)၏ အမ်းမြို့သိမ်းတိုက်ပွဲသည် ဗျူဟာမြောက်လွန်းပြီး စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများနေကာ မကြာမီ မြို့ကိုသိမ်းပိုက်နိုင်ဖွယ်ရှိသည်ဟုမြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကသုံးသပ်​ပြောကြားသည်။