close
Connect with us

Hi, what are you looking for?

သတင်း

ကော့သောင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်တပ်က ပြည်သူအချို့ဖမ်းဆီးပြီး နေအိမ်များ မီးရှို့

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး စာရင်းအတိအကျအား မသိရသေးဟု ကော့သောင်း(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

(ဂေါရင်ချောင်း(ဒေသအခေါ်)ဘေးဥယျာဥ်ခြံမြေများမှ ပြည်သူနေအိမ်အချို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - ပေးပို့)

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် မလိဝမ် ဒေသသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁ ရက်နံနက် ၉ နာရီခန့်က မလိဝမ်ကျေးရွာအနီး ဂေါရင်ချောင်းအတွင်းသို့ဝင်ရောက်လာသော အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ပျံလွှားတပ်ဖွဲ့ (Lpdf)မှ မိုင်းခုနစ်လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး စာရင်းအတိအကျအား မသိရသေးဟု ကော့သောင်း(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁ ရက်နံနက် ၁၁ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍အထိနာခဲ့သော စစ်ကောင်စီတပ်သားများသည် ဂေါရင်ချောင်းဘေး ပြည်သူပိုင်ဥယာဉ်ခြံများရှိ နေအိမ်ငါးလုံးကို မီးရှို့ဖျက်စီးခဲ့သည်ဟု စုံစမ်းသိရသည်။

ထို့နောက် ကော့သောင်းမြို့ဘက်မှ လှေကြီးတစ်စီးဖြင့် စစ်ကောင်စီတပ်သားအင်အား ၁၀၀ ခန့်တင်ဆောင်ကာ မလိဝမ်ရွာအနီး တိုက်ဖြူသို့ တပ်ကူရောက်လာပြီး ယင်းလှေဖြင့် မိုင်းဆွဲခံရမှုမှ ထိခိုက်သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများကို ပြန်လည်တင်ဆောင်သွား​ခဲ့သည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် အောက်တိုဘာ ၂၈ ရက်ကစပြီး မလိဝမ်ဒေသသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်တွင် ၂၂ မိုင်နှင့် ၁၉ မိုင်ကျေးရွာများမှ ပြည်သူ ၂၀ ဦးကျော်ကို ဓား စာခံဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။

“အဖမ်းခံရသူတွေကို ခုထိပြန်လွှတ်ပေးတယ်လို့ မကြားမိသေးဘူးဗျ။ စကစ စစ်ကြောင်းက အဲဒီဘက် ဆက်ရှိနေတုန်းပဲ”ဟု ကော့သောင်း(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အင်အားထပ်မံဖြည့်တင်းထားသော စစ်ကောင်စီတပ်သည် နိုဝင်ဘာ၂ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဂေါရင်ချောင်းအတွင်းထပ်မံဝင်ရောက်ကာ ချောင်းဘေးဝဲယာဥယျာဥ်ခြံများရှိ ပြည်သူ့နေအိမ်များကို ဒုတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ရာ ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပေ။

ယခုရက်ပိုင်းတွင် ကော့သောင်းခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်လျှက်ရှိရာ ခမောက်ကြီးမြို့ အမှတ်(၃)ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ကော့သောင်း(ပကဖ)မှ ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

အဆိုပါ စစ်ရေးတိုက်ခိုက်မှုကို နိုဝင်ဘာလ ၄ ရက်နေ့ညနေ ၅ နာရီခွဲခန့်တွင် ခမောက်ကြီးမြို့နယ် အမှတ် (၃)ရပ်ကွက် (ဒေသအခေါ် ) ဖောင်ဆိပ် အုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဌေးအား ၎င်း၏နေအိမ်သို့ သွားရောက်ပစ် ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကော့သောင်း(ပကဖ)မှ အသိပေးသည်။

အဆိုပါ အုပ်ကြီးဒေါ်ဝင်းဌေးသည် စစ်ကောင်စီနှင့်မပူးပေါင်းရန် အကြိမ်ကြိမ်သတိပေးနေသည့်ကြားမှ စစ်တပ်နှင့်ပေါင်းကာ ပြည်သူကိုအမျိုးမျိုးဒုက္ခပေးနေခြင်းကြောင့် ပစ်ခတ်အရေးအယူခဲ့ခြင်းဟု ကော့သောင်း(ပကဖ)မှ ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် တွင်းမကျေးရွာမှ ကင်းပတ်ထွက်လာသော ပျူစောထီးများ တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကြောင်းသတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း မင်းတပ်မြို့အနီးတစ်နေရာကို လေကြောင်း ဗုံးကြဲခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံက အသိပေးသည်။

သတင်း

တိုက်ပွဲအတွင်း ရန်သူ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးနိုင်သည်ဟု PRA-Magwayက ယနေ့(နိုဝင်ဘာ ၆ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်သားများ၏ ယာဥ်သည် မင်းဘူးမြို့နယ်မှ ထွက်လာခြင်းဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

Facebook