close
Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူတွင် စစ်ကားတိမ်းမှောက်ပြီး စစ်သားတစ်ဦး လက်ကျိုး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ရာ စစ်သားတစ်ဦး လက်ကျိုးသွားကြောင်း ဒေသခံများက ပြောသည်။

(အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ် မတ်လအတွင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိမ်းမှောက်ခဲ့စဥ်။ဓာတ်ပုံ-CJ)
(အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ် မတ်လအတွင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိမ်းမှောက်ခဲ့စဥ်။ဓာတ်ပုံ-CJ)

ဟာနာဆန်/People’s Spring

ယနေ့(နိုဝင်ဘာ ၇ ရက်) နံနက် ၁၁နာရီခွဲခန့်က ဆယ်မိုင်လမ်းဆုံမှ အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံသို့ သွားသော စစ်ကားတစ်စီးသည် အုန်းမှင်ကျေးရွာနှင့် ချထောက်ကျေးရွာကြား၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူက ပြောသည်။

“ချထောက်ဘက်ကနေ လာလို့ရှိရင် အဆင်းတနေရာရှိတယ်။ အဲဒီအဆင်းမှာ သူတို့အရှိန်မထိန်းနိုင်ဘဲ ကားမှောက်တယ်လို့ သိရတယ်။လက်ရှိမှာတော့ တစ်ကောင်လက်ကျိုးတယ်လို့သိရတယ်။”ဟု ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကားပေါ်ပါ အခြားစစ်သားများ ထိခိုက်မှုနှင့် ကားပျက်စီးမှုအခြေအနေ မသိရသေးပေ။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာ ၄ရက်ကလည်း ဧရာဝတီတိုင်းမှ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို စစ်ကူသွားသည့် စစ်ကားတစ်စီး တိမ်းမှောက်ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကား (၃) စီး ပျက်စီးပြီး ယာဥ်တန်းပါ ဗိုလ်ကြီး (၁) ဦးအပါအဝင် သင်တန်းသား (၂၀) ခန့် သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

အဆိုပါ ဆော-ဆိပ်ဖြူလမ်းပိုင်းသည် မြေပြိုကျမှုကြောင့် ပေ (၃၀) ခန့်ပြိုကျပျက်စီးသွားပြီး ယမန်နေ့(အောက်တိုဘာ ၂၃)ညပိုင်းတွင် ထပ်မံပြိုကျခဲ့ရာ ယနေ့ညနေပိုင်းတွင် နောက်ထပ်တစ်ကြိမ် လမ်းပြုပြင်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မိဘုရားချိုင့်ရွာ နေအိမ်များ၊စိုင်ဖြူရွာမှ နေအိမ် ၁၇လုံး၊ တောင်ရွာမကျေးရွာရှိ နေအိမ် လေးလုံး၊ ကံတွင်းရွာရှိ နေအိမ်လေးလုံး ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။