close
Connect with us

Hi, what are you looking for?

သတင်း

ကား​လောကထိပ်တန်းလုပ်ငန်းရှင်ကိုကြည်သာဟန် အဖမ်းခံရခြင်းမှာ အာဏာသိမ်း​ခေါင်း​ဆောင်သား နှင့်အငြင်းပွား၍ဟုသတင်းထွက်​ပေါ်

ကိုကြည်သာဟန်ကို နိုဝင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်၌ စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဟု မော်တော်ယာဥ် ဝယ်ရောင်းအသင်း ဝင်အချို့က ​ပြောသည်။

ကား​လောကထိပ်တန်းလုပ်ငန်းရှင်ကိုကြည်သာဟန် အဖမ်းခံရခြင်းမှာ အာဏာသိမ်း​ခေါင်း​ဆောင်သား နှင့်အငြင်းပွား၍ဟုသတင်းထွက်​ပေါ်
ကား​လောကထိပ်တန်းလုပ်ငန်းရှင်ကိုကြည်သာဟန် အဖမ်းခံရခြင်းမှာ အာဏာသိမ်း​ခေါင်း​ဆောင်သား နှင့်အငြင်းပွား၍ဟုသတင်းထွက်​ပေါ်

ရဲခေါင်/People’s Spring

အာဏာသိမ်းခေါင်းဆောင်၏သား အောင်ပြည့်စုံ နှင့် အငြင်းပွားသဖြင့် ကားလောကတွင်ထိန်းတန်းလူငယ်လုပ်ငန်းရှင် ကိုကြည်သာဟန် ကို စစ်ကောင်စီက ဖမ်းဆီးထား​ကြောင်း သတင်းများထွက်ပေါ်နေသည်။

ကိုကြည်သာဟန်ကို နိုဝင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်၌ စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဟု မော်တော်ယာဥ် ဝယ်ရောင်းအသင်း ဝင်အချို့က ​ပြောသည်။

“EV(လျှပ်စစ်ကား) ကိစ္စနဲ့ ငြိတာလို့ လောလောဆယ် သိရတယ်။EV ကား တွေ အာမခံ ကုမ္ပဏီတွေမှာ ထား မယ့်ကိစ္စတွေနဲ့ ပတ်သက်လို့ ကြားတယ်”ဟု မော်တော်ယာဥ် အသင်း အဖွဲ့ဝင်တစ်ဦးကလူထု​နွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အထူးတင်သွင်းခွင့်ပေးသည့် လျှပ်စစ် ကား EV မူဝါဒထွက်ပေါ်လာပြီးနောက် ကိုကြည်သာဟန်သည် Amazing Auto ကုမ္ပဏီလီမိတက် ကို တည်ထောင်ခဲ့ Dayun EV နှင့် တိုယိုတာ EV ကားများတင်သွင်း​ရောင်းချနေခြင်းဖြစ်သည်။

ထို့အပြင် KL Seven Car အရောင်းစင်တာ နှင့် Great Big Boss ကားအရောင်းစင်တာတို့မှာလည်း ကိုကြည်သာဟန်၏ လုပ်ငန်းခွဲ များအဖြစ် မော်တော်ယာဥ် လောကတွင်လူသိများသည်။

ကိုကြည်သာဟန် ဖမ်းဆီးခံရမှုတွင် ဒရိုက်တာအဖွဲ့ဝင် များကိုမှ ငွေရေးကြေးရေးအရှုပ်အရှင်းများနှင့် ပတ်သက်၍ ပေးရန်ကျန်ရှိခြင်း လုံးဝမရှိဘဲ ဘဏ် ချေးငွေကိစ္စများနှင့်လည်း တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရခြင်းမျိုး လုံးဝ မရှိကြောင်း Amazing Auto ကုမ္ပဏီက နိုဝင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့အပြင် Amazing Auto ကုမ္ပဏီသည်တရားဝင်ဖွဲ့စည်းထားသော Company တစ်ခုဖြစ်ပြီး EV လုပ် ငန်းများကိုလည်း လုပ်ငန်းစဉ်နှင့်အညီ လုပ် ဆောင်နေသော တရားဝင်ကုမ္ပဏီတစ်ခုဖြစ်သည်ဟု အသိပေးထားသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်အချို့ကမူ ကိုကြည်သာဟန်သည် PDFများကို ထောက်ပို့မှုဖြင့် ဖမ်းဆီးခြင်းဖြစ်​​ကြောင်း သတင်းအမှားလွှင့်၍ ၎င်း၏ ပိုင်ဆိုင်မှုများအားလုံးသိမ်းဆည်းရန်ဝါဒဖြန့်​နေကြသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားနှင့်သမီးဖြစ်သော အောင်ပြည့်စုံ သည် BYD EV နှင့် ခင်သီရိသက်မွန်သည် MG EV ကို အများဆုံးတင်သွင်းခွင့်ရထားသူများဖြစ်သည်။နိူင်ငံတွင် လျှပ်စစ်မီးပြတ် ၊စက်သုံးဆီ ​​ဈေးကြီးပြီးဝယ်ရခက်​သောအ​ခြေအ​နေတွင် အာဏာသိမ်း​ခေါင်း​​ဆောင်၏ သားသမီးများမှာ အမြတ်အစွန်းရရန်​သေချာ​သော EV ကားသွင့်ခွင့် ၊ဆိုလာတင်သွင်း​ရောင်းချခွင့် စ​သော အခွင့်အလမ်း​ကောင်း​သောလုပ်ငန်းများကို အထူးအခွင့်အ​ရေးရလုပ်ကိုင်ခွင့်ရ​နေခြင်းဖြစ်သည်။

စစ်​ကောင်စီက ​ရွှေလုပ်ငန်းရှင် ၊​​ငွေ​ကြေး​ရောင်းဝယ်သူ ၊စက်သုံးဆီတင်သွင်း​ရောင်းချသူ၊ဆန်ပြည်ပတင်ပို့​ရောင်းချသူ၊စားအုန်းဆီတင်သွင်း​ရောင်းချသူ စသဖြင့်လုပ်ငန်းရှင်များကို အ​ကြောင်းမျိုးစုံပြဖမ်းဆီး​ထောင်ချ​နေသည်။ထိုအပြင်လုပ်ငန်းရှင်များကို ဖမ်းဆီးပြီး​ငွေပမာဏများစွာ​တောင်းရမ်း​ငွေညှစ်ခြင်းမျိုး လည်းပြုလုပ်​နေ​ကြောင်းလုပ်ငန်းရှင်အချို့က ​ပြောသည်။

ဆက်စပ်သတင်းများ

Facebook