close
Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း မင်းတပ်မြို့အနီးတစ်နေရာကို လေကြောင်း ဗုံးကြဲခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံက အသိပေးသည်။

(ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်က မင်းတပ်မြို့တနေရာကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - Hkl-Mindat)
(ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်က မင်းတပ်မြို့တနေရာကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - Hkl-Mindat)

ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့အနီး ပြည်သူများနေထိုင်ရာ ကျေးရွာအချို့ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၆ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။

နိုဝင်ဘာ ၆ရက် နံနက်စော ၂နာရီ ၁၁ မိနစ်မှစ၍ မင်းတပ်မြို့ တိုက်နယ်(၃)တစ်နေရာကို စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး အသုံးပြုပြီး နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ထို့ပြင် ရော့ကစ်များ၊ ပွိုင့်ဖိုက်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံက အသိပေးသည်။

Public Service Announcement

Public Service Announcement

” အိမ်တွေ ဘုရားကျောင်းတွေ ပျက်တယ်။ လူက (လူထိခိုက်မှုရှိမရှိ ) မသိရသေးဘူး။ ပြည်သူတွေ နေတဲ့ရွာ ။တိုက်ပွဲမရှိဘူး။ မင်းတပ်မြို့နဲ့တော့ အရမ်းနီးကပ်တဲ့ရွာ”ဟု မင်းတပ်ဒေသခံက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၇လုံး၊ ဘုရားရှစ်ခိုးကျောင်း၂ကျောင်းထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း မင်းတပ်မြို့အနီးတစ်နေရာကို လေကြောင်း ဗုံးကြဲခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံက အသိပေးသည်။

စစ်ကောင်စီအနေဖြင့် မင်းတပ်မြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်း၊ မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထုနေအိမ်များကို မီးရှို့ခြင်း၊ မင်းတပ်အခြေစိုက် ခလရ(၂၇၄) တပ်ရင်းကို လေကြောင်းမှ ရိက္ခာခဲယမ်းဖြည့်တင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)၏ ထုတ်ပြန်ချက်အရ အောက်တိုဘာအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်ကို ဗုံးသီး ၇၇ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၃၀ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

NUGနှင့် မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့များ ယခုနှစ် ဇန်နဝါရီ ၃၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံရေးသဘောတူညီချက်၌ ဘုံနိုင်ငံရေးဦးတည်ချက် ၆ချက်ရှိကြောင်း ပဒိုတာဒိုမူးက အသိပေးထားသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး စာရင်းအတိအကျအား မသိရသေးဟု ကော့သောင်း(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

တိုက်ပွဲအတွင်း ရန်သူ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးနိုင်သည်ဟု PRA-Magwayက ယနေ့(နိုဝင်ဘာ ၆ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်းမကျေးရွာရှိ နေအိမ် ၆ လုံးခန့်လည်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Facebook