close
Connect with us

Hi, what are you looking for?

သတင်း

မင်းဘူးမြို့နယ်တွင် အရပ်သားဟန်ဆောင်သွားလာသည့် စစ်ကောင်စီတပ်သားများ၏ယာဥ် တိုက်ခိုက်ခံရပြီး လေးဦးသေဆုံး

စစ်ကောင်စီတပ်သားများ၏ ယာဥ်သည် မင်းဘူးမြို့နယ်မှ ထွက်လာခြင်းဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ​၏ ယာဉ်တန်း။ ဓာတ်ပုံ - အီးပီအေ)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ​၏ ယာဉ်တန်း။ ဓာတ်ပုံ - အီးပီအေ)

စောနွေဦး/People’s Spring

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း မုံရွာ – ပုသိမ်လမ်းပိုင်း၌ အရပ်ဝတ်များဖြင့် အရပ်သားဟန်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဥ်အား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူသွားသည့် စစ်ကောင်စီတပ်သားများ၏ယာဥ်အား ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ ပျက်စီးသွားသည့်ယာဥ်များအား ကရိန်းဖြင့်ဆွဲယူရန် စစ်ကောင်စီတပ်သား ခုနစ်ဦးက အရပ်ဝတ်ဖြင့် သွားလာခြင်းဟု အဆိုပါတပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

” သူတို့က အင်အား ခုနစ်ယောက်နဲ့ အမ်းဘက်မှာ ပျက်စီးသွားတဲ့ ကားကိုဆွဲဖို့ ကရိန်းကားအဖြူနဲ့သွားတာကို သတင်းရလို့ ကြိုပြီးတိုက်ခိုက်လိုက်တာပါ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ကောင်စီတပ်သားများ၏ ယာဥ်သည် မင်းဘူးမြို့နယ်မှ ထွက်လာခြင်းဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တော်လှန်ရေးတပ်များက မင်းဘူးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများ၊ရဲများနှင့် အဝေးရာမှ နေထိုင်ကြရန်နှင့် ၎င်းတို့အနီးအနားသွားခြင်းမပြုရန်လည်း မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာသွားသော စစ်ကောင်စီတပ်က လက်နက်ကြီး ၆၀မမ နှစ်လုံးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခက်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

သတင်း

စစ်ကောင်စီအနေဖြင့်လည်း အရပ်သားများနေထိုင်ရာကို သိလျက် ဗုံးကြဲနေခြင်းဖြစ်ပြီး နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ဆက်တိုက် ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ကြောင်း ဦးဇော်ဆန်က ပြောသည်။

သတင်း

ရွာသာကြီးကျေးရွာသည် စစ်ကောင်စီတပ်က တပ်စွဲထားခြင်းဖြစ်၍ သေခံပြည်သူအများစုမှာ နေထိုင်ခြင်းမရှိတော့ဘဲ တိမ်းရှောင်နေရသည်။

သတင်း

အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး မြို့အထွက်လမ်းများလည်း ပိတ်နေပြီဖြစ်သည်။

Facebook