close
Connect with us

Hi, what are you looking for?

သတင်း

ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ရန်သွား​သောစစ်ဆရာဝန်ဗိုလ်မှုးတစ်ဦးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး

“လုံခြုံရေး အသိသတိရှိကြပါ စကစ သတင်းအချက်လက်တွေ ပေးပို့ကြပါ” အထက်ပါတာဝန်ရှိသူက ပြည်သူများကို သတင်းစကားပါးသည်။

ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ရန်သွား​သောစစ်ဆရာဝန်ဗိုလ်မှုးတစ်ဦးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး
ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ရန်သွား​သောစစ်ဆရာဝန်ဗိုလ်မှုးတစ်ဦးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး

“ယခုဖမ်းဆီးရမိတဲ့စစ်ကောင်စီဗိုလ်မှူးဟာ စစ်ကောင်စီ အရာရှိကြီးများ နဲ့ ဆွေမျိုးတွေကို ကျန်းမာရေးကြည့်ရှု့စောင့်ရှောက်မှုပေးနေတဲ့သူလည်း ဖြစ်တယ်။လက်ရှိဖြစ်စဉ်အရ စစ်ကောင်စီဟာ စစ်ဘက်ဆိုင်ရာဆရာဝန်တွေကိုလည်း ခြေလျင်သင်တန်းတက်ခိုင်းနေတယ်ဆိုတဲ့အချက်ကို ကနဦးစစ်ဆေးဖော်ထုတ်ချက်များမှာတွေ့မြင်ရတယ်”

-ရန်ကုန်တိုင်းစစ်ဌာနမှ တာဝန်ရှိသူ

သတိုး / People’s Spring

သံတောင်ကြီးရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေးကျောင်း သို့သင်တန်းတက်ရောက်ရန်လာသည့် စစ်ကောင်စီအရာရှိ ဗိုလ်မှုးတစ်ဦးကို ဖရဲသီး၏ သတင်းပေးချက်အရ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ရန်သွား​သောစစ်ဆရာဝန်ဗိုလ်မှုးတစ်ဦးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး
ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ရန်သွား​သောစစ်ဆရာဝန်ဗိုလ်မှုးတစ်ဦးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ က အောက်တိုဘာလ ၃၁ ရက်နေ့တွင်စစ်ကောင်စီ​၏ တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း(သံတောင်ကြီး)သို့ ခြေလျင်တပ်ရင်းမှူးသင်တန်း တက်ရောက်ရန်အတွက် ခရီးထွက်လာသော တဆရ – ၁၂/၁၀၀ (ထားဝယ်)မှ ပါရဂူသမားတော် ဗိုလ်မှူး ထိန်တောက်ဆိုသူကို ၎င်း၏မိသားစုဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းပိုင်းတနေရာ၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီအရာရှိ ဗိုလ်မှူး ထိန်တောက်အနေနဲ့ စစ်ကောင်စီရဲ့ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (သံတောင်ကြီး)ကို သင်တန်းတက်ရောက်ဖို့ သွားရောက်ရမယ့်သတင်းကို အတွင်းဖရဲသီးတွေကနေတဆင့် ကြိုတင်သတင်းပေးပို့ချက်တွေရရှိခဲ့တယ်။ အဲဒီဖရဲသီးသတင်းပေးပို့ချက်အတိုင်း နေ့ရက်၊ အချိန် နဲ့ လမ်းပိုင်းနေရာကို ရှောင်တခင်စစ်ဆေးမှု ပြုလုပ်ပြီး ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးရမိခဲ့တဲ့ နယ်မြေရဲ့လမ်းပိုင်းကိုတော့ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရ လျှို့ဝှက်ထားရပါမယ်။ ” ဟု ၎င်းကပြောသည်။

ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ရန်သွား​သောစစ်ဆရာဝန်ဗိုလ်မှုးတစ်ဦးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး
ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ရန်သွား​သောစစ်ဆရာဝန်ဗိုလ်မှုးတစ်ဦးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး

ဖမ်းဆီးရမိချိန်တွင် စစ်ကောင်စီ ဗိုလ်မှုး နှင့်အတူ ဇနီး နှင့် ကလေးများပါလာသောကြောင့် လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ဂရုတစိုက်ဆောင်ရွက်ခဲ့သည်ဟု အထက်ပါတာဝန်ရှိသူက ဆက်​ပြောသည်။

“ယခုဖမ်းဆီးရမိတဲ့စစ်ကောင်စီဗိုလ်မှူးဟာ စစ်ကောင်စီ အရာရှိကြီးများ နဲ့ ဆွေမျိုးတွေကို ကျန်းမာရေးကြည့်ရှု့စောင့်ရှောက်မှုပေးနေတဲ့သူလည်း ဖြစ်တယ်။လက်ရှိဖြစ်စဉ်အရ စစ်ကောင်စီဟာ စစ်ဘက်ဆိုင်ရာဆရာဝန်တွေကိုလည်း ခြေလျင်သင်တန်းတက်ခိုင်းနေတယ်ဆိုတဲ့အချက်ကို ကနဦးစစ်ဆေးဖော်ထုတ်ချက်များမှာတွေ့မြင်ရတယ်။” ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။

ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ရန်သွား​သောစစ်ဆရာဝန်ဗိုလ်မှုးတစ်ဦးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး
ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ရန်သွား​သောစစ်ဆရာဝန်ဗိုလ်မှုးတစ်ဦးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းပိုင်းတနေရာ၌ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ မှ လက်ရဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသော ဗိုလ်မှူးကို ရန်ကုန်တိုင်းစစ်ဌာနမှ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းထားရှိကာ မိသားစုဝင်များကိုလည်း လူအခွင့်အရေး အပြည့်အဝရရှိစေရန် ဆောင်ရွက်ထားရှိကြောင်း ရန်ကုန်တိုင်းစစ်ဌာနက နိုဝင်ဘာ ၂ ရက် ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

“လုံခြုံရေး အသိသတိရှိကြပါ စကစ သတင်းအချက်လက်တွေ ပေးပို့ကြပါ” အထက်ပါတာဝန်ရှိသူက ပြည်သူများကို သတင်းစကားပါးသည်။

ဆက်စပ်သတင်းများ

သတင်း

လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မအခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ခလရ(၅၄)၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ - အမှတ် ၇)၊ထောက်ပို့နှင့် ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂)တို့ရှိ သည်။

သတင်း

စစ်ကောင်စီရေယာဉ်များ ယင်းမာပင်ဆိပ်ကမ်း၌ ရှိနေစဉ် ပြည်သူပိုင်မော်တော်ရေယာဥ်များအနေဖြင့် ချင်းတွင်းမြစ်အတွင်း မောင်းနှင်သွားလာခြင်းမပြုကြရန် နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF)က သတိပေးထားသည်။

သတင်း

ရွှေဘို - မန္တလေးလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက မိုင်းအကြိမ်ကြိမ်ဆွဲ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ၂၀ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

သတင်း

ပုလောနယ် ပဝတ်ကုန်းနှင့် မင်းထိန်ကျေးရွာကြားတွင် အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မတ်လ ၁၃ရက် နေ့လယ် ၂ နာရီ ၂၀မိနစ်ခန့်က ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

Facebook