close
Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်၊ ကလေးငယ်များအပါအဝင် အရပ်သား ငါးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

စစ်ကောင်စီသည် အောက်တိုဘာ ၇ရက်ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကိုလေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၁၂ဦးသေဆုံးခဲ့သည်။

(တောင်ကုတ်မြို့နယ်၊ ကင်းထောင်ကျေးရွာကိုအောက်တိုဘာ ၄ရက်က လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(တောင်ကုတ်မြို့နယ်၊ ကင်းထောင်ကျေးရွာကိုအောက်တိုဘာ ၄ရက်က လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်း ထပ်မံတိုက်ခိုက်ရာ (၁၀)နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံ ငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်။

တောင်ကုတ်မြို့နယ် မောင်းကျေးရွာကို အောက်တိုဘာ ၃၀ ရက် နေ့လည်ပိုင်းတွင် ပုသိမ် လေတပ်မှတက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဟု ရခိုင်စစ်‌ရေးသတင်းမြစ်က ပြောသည်။

” အိမ်တွေပေါ် ဗုံးကြဲတာ။ အရပ်သားတွေချည်း ထိတာ။လက်နက်ကြီးတွေလည်း ဆက်တိုက် ပစ် နေတယ်”ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် အောက်တိုဘာ ၇ရက်ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကိုလေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၁၂ဦးသေဆုံးခဲ့သည်။

အောက်တိုဘာ ၄ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ကင်းထောင်ကျေးရွာကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ခုနစ်ဦးသေဆုံးခဲ့ရသေးသည်။

တောင်ကုတ်မြို့နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅)လက်အောက်ခံတပ်ရင်းများဖြစ်သော ခမရ (၃၄၆)နှင့် ခမရ (၅၄၄) တပ်စခန်းများ နှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆို့ထားပြီး အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး တိုက်ခိုက်နေကြောင်း AAကအောက်တိုဘာ ၇ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် အမ်းမြို့၌လည်း တိုက်ပွဲပြင်းထန်နေပြီး အမ်းမြို့ လေယာဉ်ကွင်းရပ်ကွက်နှင့် ရပ်ကွက်(၄)ကို အောက်တိုဘာ၂၉ရက် နေ့လည်နှင့် ညနေတွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁၀ဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့သည်။

တိုက်ပွဲများတွင်အရေးနိမ့်နေသော စစ်ကောင်စီတပ်သည် ရှုံးမဲမဲပြီး အရပ်သားပြည်သူလူထုကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းခြင်းကို ဆက်တိုက်ကျူးလွန်နေကြောင်း AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ် လေတပ်စခန်းများမှ စစ်ရေးလှုပ်ရှားမှုများရှိနေ၍ ရှမ်းမြောက်ရှိ ဒေသခံ ပြည်သူများလည်း လေကြောင်းရန် အထူးသတိပြုရန် ကချင်စစ်ရးသတင်းရင်းမြစ်က တိုက်တွန်းသည်။

သတင်း

MNDAAက လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လကုန်မှစ၍ စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အောက်တိုဘာလကုန်ပိုင်းအထိ ၂လတာအတွင်း အရပ်သား ထိခိုက်သေဆုံး အခြေအနေကို ဖော်ပြထားခြင်းဖြစ်သည်။

သတင်း

မြင်းခြံမြို့နယ် ရုံဒိုးရွာနှင့်ရွာသစ်ကျေးရွာအနီး နှစ်နေရာကို ယနေ့(အောက်တိုဘာ ၃၀ရက်) ညနေပိုင်း၌ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

AAသည် စစ်‌ကောင်စီတပ် ထွက်ပေါက်များအားလုံး ပိတ်ထားပြီး အမ်းမြို့မှ မကွေးတိုင်း မင်းဘူးမြို့သို့သွားသော အမ်း-ပဒါန်းလမ်းကိုလည်း အပြည့်အဝထိန်းချုပ်ထားသည်ဟု သတင်းရရှိသည်။