close
Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာ – တောင်သာလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ် ပစ်ခတ်မှု ရဲနှစ်ဦးသေဆုံး

စစ်ဆင်ရေးကို မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)၏ တစိတ်တပိုင်းအဖြစ် ဖေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(တောင်သာ ပကဖအဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - တောင်သာ ပကဖ)
(တောင်သာ ပကဖအဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - တောင်သာ ပကဖ)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာ – တောင်သာလမ်းပိုင်းရှိ စစ်ကောင်စီ​၏ စစ်ဆေးရေးဂိတ်အား ပစ်ခတ်ရာ ရဲ နှစ်ဦး သေဆုံးကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယနေ့ (အောက်တိုဘာ ၃၁ရက်) နံနက် ၈ နာရီ မိနစ် ၂၀ခန့်က တောင်သာမြို့နယ်၊ မိတ္ထီလာ – တောင်သာလမ်းပိုင်းရှိ ရုံးစည်ကြီးနယ်မြေရဲစခန်းမှ ရဲများ၏ စစ်ဆေးရေးဂိတ်အား ပစ်ခတ်ခဲ့ခြင်းဟု တောင်သာပကဖ တာဝန်ရှိသူက ပြောသည်။

“ဂိတ်မှာ​က ၁၅ ယောက်လောက်ရှိတယ်။ ပြောက်ကျားဆိုတော့ အချိန်က ငါးမိနစ်လောက်ပဲ ကြာတယ်။ပြန်မပစ်နိုင်ကြဘူး။ဒီဘက်ကလည်း စခန်းနဲ့နီးတော့ အမြန်ပြန်ဆုတ်ရတယ်။”ဟု တောင်သာပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်အုပ်စု၏ ပြန်လည်ပစ်ခတ်မှုကြောင့် အနီးရှိ မောင်မြင့်ဆိုသူ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ သို့သော် မောင်မြင့်မှာ စစ်ကောင်စီသတင်းပေးဟု တောင်သာပကဖက ဆိုသည်။

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)၏ တစိတ်တပိုင်းအဖြစ် ဖေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်ကလည်း အဆိုပါရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိသည့်အပြင် လက်နက်တိုက်နှင့် အချုပ်ခန်းပျက်စီးခဲ့သေးသည်။

ယခုရက်ပိုင်းအတွင်း မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)၏ တစိတ်တပိုင်းအဖြစ်အောက်တိုဘာ ၂၉ ရက်က ဆီမီးခုံမြို့ပေါ်ရှိ စစ်သားများအား မိုင်းဆွဲခြင်း၊ နွားထိုးကြီးမြို့နယ် ပြင်စည်ရဲစခန်းအား ဒရုန်းဖြင့်ဗုံးချခြင်းများဖြင့် တိုက်ခိုက်ခဲ့သေးသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း မြင်းခြံ၊နွားထိုးကြီးနှင့် တောင်သာမြို့နယ်ရှိ စစ်ကောင်စီစခန်းများ အများအပြားတိုက်ခိုက်ခံခဲ့ရသည်။ စစ်အုပ်စုကလည်း ကျေးရွာအများအပြားအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

အောက်တိုဘာ ၂၈ရက် ညကလည်း နွားထိုးကြီးမြို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နွားထိုးကြီးမြို့တောင်ဘက် ထနောင်းပင်လဲ့ကျေးရွာအနီးရှိ လူနေတဲတစ်လုံးပေါ်ကျကာ လင်မယား နှစ်ဦးလုံးသေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

Facebook