close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ပေးရန် စစ်ကိုင်းတိုင်းမှာ တောင်းဆိုဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်တပ်ရဲ့တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးရန် တောင်းဆိုဆန္ဒပြမှုကို ဒီကနေ့ (အောက်တိုဘာ ၂၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်တပ်ရဲ့တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးရန် တောင်းဆိုဆန္ဒပြမှုကို ဒီကနေ့ (အောက်တိုဘာ ၂၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက “Airbus – စစ်ရာဇဝတ်မှုတွေမှာရင်းနှီးမြှုပ်နှံနေတာ အဆုံးသတ်”စတဲ့စာသားတွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ််မှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနဲ့ စစ်ကောင်စီက ရပ်ရွာလူနေအိမ်နဲ့ မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက ပြည်သူတွေအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်နဲ့ မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးရန် တောင်းဆိုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ Airbus: End investment in AVIC ခေါင်းစဥ်နဲ့ လှုပ်ရှားခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းတိုင်းသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီက ယမန်နေ့ညနှင့် ယနေ့ (အောက်တိုဘာ ၂၈ရက်)နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။

သတင်း

ဘုတလင်မြို့အနီး တနေရာကို စစ်ကောင်စီက ယနေ့(​အောက်တိုဘာ ၂၇ ရက်​နေ့)ည ၆နာရီခွဲခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တို့တွင် စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

နိုင်ငံတကာအနေဖြင့် ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက်ကျူးလွန်နေမည် သာဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

Facebook