close
Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ်တွင် ပျူစောထီးတစ်ဦးက သေနတ်သုံးလက်ယူလာပြီး PDFထံ အလင်းဝင်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ရေးတင်းမာနေစဉ် မြို့ပေါ်၌ တာဝန်ကျနေသည့် ပျူစောထီးတစ်ဦးသည် သေနတ်သုံးလက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံ အလင်းဝင်လာခဲ့သည်။

လက်နက်သုံးလက်ယူလာပြီး အလင်းဝင်လာသော ပျူစောထီးအား တွေ့ရစဉ်။ ဓာတ်ပုံ - Yaw National Revolution Force

လူအေး၊ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ရေးတင်းမာနေစဉ် မြို့ပေါ်၌ တာဝန်ကျနေသည့် ပျူစောထီးတစ်ဦးသည် သေနတ်သုံးလက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံ အလင်းဝင်လာခဲ့သည်။

ထီးလင်းမြို့ ရွှေထီးခန်းမ၌ လုံခြုံရေးတာဝန်ကျနေသော ပျူ‌‌စောထီးတစ်ဦးသည် G-3 သေနတ် နှစ်လက်၊ M-79 တစ်လက်၊ G-3 ကျည်ဘောက် နှစ်ဘောက်၊7.62 ကျည် (၃၈)တောင့် ၊M-79 အသီးငါးလုံး နှင့် icon-5 Rတစ်လုံး ယူဆောင်လာပြီး အောက်တိုဘာ ၂၀ ရက်တွင် ထွက်ပြေးလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သူ ကင်းကျတဲ့ချိန် ကျန်တဲ့ လူတွေရဲ့သေနတ်ကိုပါ ယူခဲ့တာ”ဟု Yaw National Revolution Force တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဂန့်ဂေါခရိုင်အမှတ် (၁၈)တပ်ရင်း(Yaw National Revolution Force)ထံ ဆက်သွယ် အလင်းဝင်လာခဲ့ရာ ၎င်းအား အောက်တိုဘာ ၂၄ရက်တွင် ဆုငွေကျပ်သိန်းတစ်ရာ ချီးမြင့်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စက်တင်ဘာ ၁၁ ရက်ကလည်း ထီးလင်းမြို့မှ စစ် ကောင်စီတပ်သား ထက်လင်းအောင်သည် MA 3 တစ်လက်နှင့် ကျည်များ ယူလာပြီး Yaw National Revolution Forceထံ အလင်းဝင် လာသည်။

မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့အပါအဝင် ဂန့်‌ ဂေါခရိုင်အတွင်းမြို့နယ်များကို စစ်ကောင်စီက အောက်တိုဘာလဆန်းမှစ၍ စစ်ကြောင်းထိုးနေပြီး လေကြောင်းမှလည်း တိုက်ခိုက်နေသည်။

” မြို့တွေနဲ့ ၅မိုင်၆မိုင်ပတ်ချာလည်ကို ပြန်ထိန်းချုပ်မယ်ဆိုပြီး စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေပါတယ်။ ဒီအခြေအနေမှာ သူတို့အမှားကိုသူတို့သိပြီး အလင်းဝင်လာသူတွေလည်းရှိပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၂ရက်က ထီးလင်းမြို့နယ်၊အိုင်းမကျေးကျေးရွာနှင့်ချောင်းပေါက်လမ်းဆုံကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာဒေသခံတစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းနေအိမ်ကို KIA ချိတ်ပိတ်

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာမှ စစ်သားနှင့် ပျူစောထီး ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံးကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီချပေးသောရိက္ခာထုပ်ပါ ဆန်များမှာ စားမရသည့်ပိုးထိုးဆန်များဟု တော်လှန်ရေးတပ်ဖွဲ့ပြော

သတင်း

စစ်ကောင်စီတပ်က မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ညောင်ရွာနှင့် အကြည်ဘန်းကျေးရွာကြား စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။