close
Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧက ၂၀ကျော်ဖျက်ဆီးခဲ့ဟု PDF ဇိုလဲန်းပြော

စစ်တပ်အာဏာသိမ်းပြီး ဘိန်းစိုက်ပျိုးမှု သိသာစွာတိုးလာဟုဆို

PPF Zoland နှင့် PDF Zoland တပ်ဖွဲ့ဝင်များ ဘိန်းခင်းများ ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - PDF Zoland

မိုးမိုး/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်း ဧက၂၀ကျော်ကို ဇိုလဲန်းပြည်သူ့ရဲ့တပ်ဖွဲ့ (People’s Police Force-Zoland) နှင့် ဇိုလဲန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-Zoland) တို့ ပူးပေါင်းဖျက်ဆီးခဲ့ကြောင်း PDF ဇိုလဲန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၂နှင့် ၂၃ ရက်တွင် ဘိန်းစိုက်ခင်းများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စီးပွားရေးသမားအချို့နဲ့ ဆက်စပ်ပြီး နေရာဒေသအချို့မှာ စိုက်တဲ့သဘောပါ”ဟု PDF ဇိုလဲန်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တီးတိန်မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု သိသာစွာတိုးလာကြောင်း၊ ဒေသတွင်း၌ ဘိန်းစိုက်ခင်းများ ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

“သတိပေးစာအရင်ပေးတယ် လိုက်နာမှုရှိရင် ပိုကောင်းတာပေါ့။ မလိုက်နာဘူးဆိုရင် ဖျက်စီးလိုက်ရုံပါ။”ဟု PDF ဇိုလဲန်း တာဝန်ရှိသူက ပြောသည်။

PDF ဇိုလဲန်းတပ်ဖွဲ့သည် ချင်းညီနောင် အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ချင်းညီနောင်နှင့် မဟာမိတ် အာရက္ခတပ်တော်(AA)တို့ ပူးပေါင်းပြီး ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲ၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲများဆင်နွှဲခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခလရ(၂၆၈)တပ်ဖွဲ့ဝင်များနှင့် ရဲများက ဖုန်းဆိုင်ကို ဖောက်ထွင်းပြီး လိုချင်သည်များ ယူဆောင်ဟု ရှင်းပြ

သတင်း

ချင်းပြည်နယ် တီးတိန်မြို့ အခြေစိုက် စစ်ကောင်စီတပ်သား တစ်ဦး စက်သေနတ်ငယ် ၂ လက် ယူဆောင်လာပြီးအလင်းဝင်လာကြောင်းPDF ဇိုလဲန်းက အသိပေးထားသည်။

သတင်း

စစ်ကောင်စီအနေဖြင့် စစ်ရှောင်ပြည်သူများကို ဖမ်းဆီးပြီး PDF ဇိုလဲန်းတပ်ဖွဲ့ဝင်ကို ဖမ်းဆီးရမိသည်ဟု ဝါဒဖြန့်ခြင်းလည်း ရှိနိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

သတင်း

TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။