close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ဆိုင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီဒုဗိုလ်မှူးကြီးတစ်ဦး သေဆုံး

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ Lucky Man ဟိုတယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဦး‌ဆောင်ထွက်ပြေးလွတ်မြောက်သွားသည့် ဒုတိယဗိုလ်မှူးကြီးသက်ပိုင်ထွန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDFပူးပေါင်းတပ်က ဥတုချောင်းဘေးတစ်နေရာတွင် ပစ်ခတ်ရှင်းလင်းလိုက်သည်။

ဒုတိယဗိုလ်မှူးကြီးသက်ပိုင်ထွန်း

လူအေး/People’s Spring

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ Lucky Man ဟိုတယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဦး‌ဆောင်ထွက်ပြေးလွတ်မြောက်သွားသည့် ဒုတိယဗိုလ်မှူးကြီးသက်ပိုင်ထွန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDFပူးပေါင်းတပ်က ဥတုချောင်းဘေးတစ်နေရာတွင် ပစ်ခတ်ရှင်းလင်းလိုက်သည်။

Lucky Manဟိုတယ်ကို အောက်တိုဘာ၈ရက်တွင် KIA နှင့် PDFပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူစဉ် ဒုတိယဗိုလ်မှူးကြီးသက်ပိုင်ထွန်းသည် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒီကောင်နဲ့ တပည့်တပန်းတွေပြေးတာ တောက်လျှောက်လိုက်ပြီး သမတာ။အမှန်တကယ်ကအရှင်ရချင်တာ။ လက်နက်မချလို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားတာ” ဟု KIAနှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။

ဒုတိယဗိုလ်မှူးကြီးသက်ပိုင်ထွန်းကို ယနေ့(အောက်တိုဘာ ၁၀ရက်) နံနက်စောပိုင်းကဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ခြင်းဟု သိရသည်။

ဒုတိယဗိုလ်မှူးကြီးသက်ပိုင်ထွန်းသည် စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ တူတော်စပ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ယင်းအချက်ကို အတည်မပြုနိုင်သေးပေ။

သိမ်းရသောခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ

၎င်းသည် ဖားကန့်ဒေသ၌ အရပ်သားများအားပစ်ခတ်ဖမ်းဆီးခြင်း၊ တော်လှန်ရေးအင်အားစုများအား အကြမ်းဖက်ဖမ်းဆီးခြင်း၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ ပြုလုပ်ခဲ့သူဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDFပူးပေါင်းတပ်သည် Lucky Man ဟိုတယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြေမုန်းပြီးနောက် ယူမာကျေးရွာ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေသည်။

ဆိုင်းတောင်ရွာအတွင်းမှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို အပြီးသတ်တိုက်ခိုက်မည်ဖြစ်၍ ဒေသခံများအ‌နေဖြင့် လုံခြုံရေးအခြေအနေအရ ဘေးလွတ် ရာသို့ ယာယီထွက်ခွာပေးထားရန် KIAကသတိပေးထားကြောင်းဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ဖမ်းမိဟုစစ်ရေးသတင်းရင်းမြစ်ပြော

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

ဖားကန့်မြို့နယ်မှဆိုင်းတောင်ရွာမှ စစ်​ဘေး​ရှောင်​နေရာမှ ပြန်​ရောက်လာ​​သောပြည်သူများကို စစ်ပွဲဧရိယာအတွင်းဖြစ်​နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ယာယီထွက်ခွာပေးရန် KIA ကအသိပေးထားကြောင်း သတင်းရရှိသည်။

သတင်း

ဖားကန့်မြို့ လုံးခင်းရဲစခန်းမှ ရဲ ၆ ဦးကိုလက်နက်ခဲယမ်းအချို့နှင့်အတူ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDFက ဖမ်းဆီးလိုက်သည်။

Facebook