close
Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းရဲစခန်းနှင့် ထွေအုပ်ရုံး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ဝမ်းတွင်းမြို့မရဲစခန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၁၃ရက်) ညနေ ၄ နာရီခန့်က ဝမ်းတွင်းမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား လက်နက်ကြီး ၄လုံးပစ်ခတ်တိုက်ခိုက်ရာ ထွေအုပ်ရုံးဘက်သို့တစ်လုံး၊ ရဲစခန်းဘက်သို့ ၃လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“အထိအခိုက်မသိရသေးဘူး။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် စစ်ဆင်ရေးရဲဘော်များ ပြန်လည် ဆုတ်ခွာစဉ် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပြည်သူများနေထိုင်ရာရပ်ကွက်များသို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ညနေက တိုက်ခိုက်မှုအပြီး ဝမ်းတွင်းကူညီရေးကားတချို့ မိတ္ထီလာဆေးရုံဘက်ရောက်ရှိလာကြောင်းVOWမှသတင်းရရှိထားပါတယ်။”ဟု Voice Of Wundwin က ဆိုသည်။

တိုက်စစ်အရှိန်မြင့်တင်နေ၍ ဝမ်းတွင်းမြို့နယ်ရှိပြည်သူများ သတိပြုသွားလာကြရန် Wundwin Township Revolution Force အဖွဲ့က သတိပေးသည်။

ထို့အပြင် ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်က သန်းခေါင်စာရင်းကောက်ယူနေပြီး ပြည်သူများအနေဖြင့် ပူးပေါင်းခြင်းမပြုရန် WTRF အဖွဲ့က ထပ်မံ တိုက်တွန်းထားသည်။

WTRFအဖွဲ့သည် ပြီးခဲ့သည့်ဧပြီအတွင်းကလည်း ဝမ်းတွင်းမြို့နယ်မှ ရဲမှူးဝင်းကျော်သူ အပါအဝင် ရဲ ၄ ဦးလိုက်ပါလာသော ကားတစ်စီးအား မိုင်းဆွဲ တိုက်ခိုက်ရာ မြို့နယ်မှူးအပါအဝင် ၄ဦးလုံး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ယမန်နေ့ (ဇန်နဝါရီ၂၁ရက်)နံနက် ၁၁ နာရီခန့်က မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

သတင်း

(၄၀)မမတစ်လုံးသည် ရုံးအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦး ထိခိုက်ဒဏ်ရာရှိသည်ဟု MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

ယနေ့ညနေ သုံးနာရီခွဲခန့်က သိရှိရသော သတင်းများအရ ကောလင်းမြို့ပေါ်မှ စစ်ကောင်စီ နေရာများအနီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လေကြောင်းမှတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

သတင်း

သြဂုတ် ၁၃ရက် ညနေ ၅နာရီခွဲခန့်က မုံရွာမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဗုံးသီး နှစ်လုံး၊ တိုင်းရဲတပ်ဖွဲ့ရုံးအတွင်းသို့ ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။