မကွေးတိုင်း၊ ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စွဲရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအယး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၂ နာရီခန့်က ရေစကြိုမြို့ထွေအုပ်ရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း MBTတပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
(၄၀)မမတစ်လုံးသည် ရုံးအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦး ထိခိုက်ဒဏ်ရာရှိသည်ဟု MBT တပ်ဖွဲ့က အသိပေးသည်။
“၅ မိနစ်လောက်ပဲ အပြန်အလှန်ပစ်ခတ်တယ်။ ဒဏ်ရာရသွားတဲ့ သုံးယောက်ကို ရေစကြိုပြည်သူ့စစ်ခေါင်းဆောင်(ပျူစောထီးခေါင်းဆောင်)မောင်မြင့်ရဲ့ဂျစ်ကားနဲ့ ရေစကြိုပြည်သူ့ဆေးရုံကြီးကို ခေါ်သွားတယ်။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။
အဆိုပါထွေအုပ်ရုံးအတွင်းမှ စစ်အုပ်စုကလည်း (၆၀)မမ များဖြင့် ခုနစ်ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

Public Service Announcement
ယင်းတိုက်ခိုက်မှုကို MBTနှင့်YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် နိုဝင်ဘာ၂၄ ရက်နံနက်ပိုင်းမှစတင်ကာရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ပြည်သူအချို့ကို ဖမ်းဆီးထား၍ ကျေးရွာများမှ ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
