close
Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ် လေကြောင်းတိုက်ခိုက်မှု တစ်ဦးထပ်မံ သေဆုံး၊ စုစုပေါင်း သေဆုံးသူ ၄ဦးရှိလာ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ် ကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် တစ်ဦးထပ်မံ သေဆုံးပြီး ယ​နေ့နံနက်ပိုင်းအထိ ကလေးနှစ်ဦးအပါအဝင် သေဆုံးသူ လေးဦးအထိရှိလာကြောင်း ဒေသခံများက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်အချို့အား တွေ့ရစဥ်။ဓါတ်ပုံ-ရွှေညာမြေ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ် ကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် တစ်ဦးထပ်မံ သေဆုံးပြီး ယ​နေ့နံနက်ပိုင်းအထိ ကလေးနှစ်ဦးအပါအဝင် သေဆုံးသူ လေးဦးအထိရှိလာကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၁ရက် ည ၉နာရီခန့်က နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ်ကျေးရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ရာ အသက် (၂၅)နှစ်အရွယ် မနွယ်နီထွန်း၊ အသက် (၁၅)နှစ်အရွယ် မောင်အီတိုးနောင်နှင့် အသက်(၄) နှစ်အရွယ် မမိုးပြည့်တို့ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကလေး သုံးဦးအပါအဝင် ပြည်သူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာရသူ ၉ ဦးအနက် ယနေ့နံနက်တွင် တစ်ဦးထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၄ ဦးအထိရှိလာကြောင်း နွားထိုးကြီးမြို့နယ်မြေအခြေအနေရေးသားနေသော ရွှေညာမြေစာမျက်နှာ၏ သတင်းတာဝန်ခံက ပြောသည်။

“သေဆုံးထိခိုက်သူတွေက ဆွေမျိုးတော်စပ်သူတွေပါမယ်။ အတိအကျတော့မသိရဘူး။”ဟု ၎င်းက ပြောသည်။

ထို့အပြင် နှစ်ထပ်တိုက်တစ်လုံးအပါအဝင် နေအိမ် ၂လုံးလည်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ရက်ကပင် မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော် သုံးပါးနှင့် ကလေးသူငယ်များအပါအဝင် ပြည်သူ ၁၂ဦးသေဆုံးခဲ့ရပြီး ၃၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များရှိ စစ်ကောင်စီတပ်စွဲရာနေရာအများအပြား တိုက်ခိုက်ခံရပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားပါ ပြိုလဲခဲ့သည်။ စစ်ကောင်စီကလည်း ကျေးရွာအများအပြားအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူထိခိုက်သေဆုံးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင် ကျေးရွာကို စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်း၌ လေကြောင်း တိုက်ခိုက်ခဲ့ရာအရပ်သား တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က အသိပေးထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း၌ စစ်ကောင်စီက လေကြောင်းမှ ထပ်မံ တိုက်ခိုက်နေ၍ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

သတင်း

နောင်ချိုမြို့ အင်းဖိုရွာ လေကြောင်းတိုက်ခိုက်မှု ပြည်သူ တစ်ဦးသေဆုံး

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ငပုရင်းရွာနှင့် စည်ပါကျေးရွာကြားကို စစ်ကောင်စီက ယနေ့‌(အောက်တိုဘာ ၁၂ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ၁၁ကြိမ်တိုက်ခိုက်ခဲ့ပြီး လတ်တလောရရှိထားသောသတင်းများအရ လူထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

Facebook