close
Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာ (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပကဖ တိုက်ခိုက်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများနိုင်ကြောင်း မြောက်ဥက္ကလာပမြို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်ခံရသည့် အုပ်ကြီးရုံးနှင့် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများအား တွေ့ရစဉ်။ ဓာတ်ပုံ - မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

သတိုး/People’s Spring

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများနိုင်ကြောင်း မြောက်ဥက္ကလာပမြို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

ရုံးထဲမှာ လူတွေရှိတယ်။သုံးလုံးပစ်တာ နှစ်လုံးကတော့ ပြင်းတယ်။ တစ်လုံးကတော့ Damage နည်းနည်းနည်းတော့ အသံပျော့တယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါရုံးကို အောက်တိုဘာ ၁၃ ရက် ည ၈နာရီ ၄၅ မိနစ်တွင် ဗုံးသုံးလုံးဖြင့် တစ်ပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သန်ခေါင်စာရင်းကောက်ယူမှုများ မုဒိန်းမှုကျူးလွန်ထားသော သူအားငွေကြေးရရယူပီးပြန်လွှတ်ပေးခြင်း(2)ရပ်ကွက်ပြည်သူများတိုင်ကြားမှုများပြားလာခြင်းကြောင့်ဖောက်ခွဲတိုက်ခိုက်ရခြင်းဖြစ်ပါသည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားရောက်ရှိလာကာ လမ်းများပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း စစ်ဆင်ရေးဆောင်ရွက်သူအားလုံး ဘေးကင်းပြီဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်ခံရသည့် အုပ်ကြီးရုံးနှင့် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများအား တွေ့ရစဉ်။ ဓာတ်ပုံ – မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

မြောက်ဥက္ကလာပမြို့နယ်ပကဖသည် အောက်တိုဘာ ၁၁ ရက်ကလည်း ၎င်းတို့၏ မဟာမိတ်အဖွဲ့နှင့်အတူ (ဋ) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်နိုင်ရန် ပြည်သူများအနေဖြင့် မြို့ပြပြောက်ကျား အဖွဲ့များကို ထောက်ပံ့ပေးရန်အတွက်လည်း ၎င်းကတောင်းဆိုထားသည်။

” UG တွေကိုပစ်မထားကြပါနဲ့။ မြို့ပြမှ အဖမ်းခံရရင် သေမယ်ဆိုတာ သိသိကြီးနဲ့ လုပ်နေကြတာ။ တချို့ကလေးတွေ ဆန်တစ်အိတ်တောင်မရကြဘူး။ အိမ်လခဆို ဝေလာဝေး ။ ကျွန်တော်တို့ဆို ပကဖကရတာလေးနဲ့ ခွဲဝေပေးနေတာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

စစ်ဆင်ရေးကြောင့်စစ်ကောင်စီဘက်မှ ဒဏ်ရာရနိုင်သော်လည်း အတည်မပြုနိင်သေး‌ကြောင်း၊ မြို့နယ်ခမ်းမသို့ ဆေးရုံကားများ လာရောက်ခဲ့သည်ဟု မြေပြင်မှ သတင်းရကြောင်း ယင်းတာဝန်ရှိသူကပြောသည်။

သတင်း

ပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီက ဘုရင့်နောင်တံတား၊အောင်ဇေယျတံတား ၊ပန်းလှိုင်တံတား၊ရွှေပြည်သာတံတား နှင့် ဒဂုံဧရာ အဝေးပြေးဝင်း ထိပ်တို့တွင် ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး လိုင်းကားများကိုပါ ခရီးသည်များကို ဆင်းခိုင်း၍ စစ်ဆေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။