လူအေး/People’s Spring
ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။
မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ အင်အား ၃၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းက ဘုတလင်မြို့နယ်အတွင်းစစ်ကြောင်းထိုး၍ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်နေစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဟု PDF အချို့ကပြောသည်။

Public Service Announcement
” တိုက်ပွဲအလွန်ပြင်းထန်နေချိန်မှာ BGA(Butalin Generation Army ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ၆၀ မမ ဗုံးသီးနဲ့ လှမ်းထုတာ။ နေရာမှာတင် တစ်ယောက်သေပြီး ဒဏ်ရာရတာတွေများတယ်။ ဒဏ်ရာပြင်းတဲ့အထဲက တစ်ယောက် ခြေထောက်ဖြတ်လိုက်ရတယ်” ဟု PDF တဦးကပြောသည်။
ဘုတလင်မြို့နယ် ကျောက်အိုးရွာအနီးတွင်အောက်တိုဘာလ၁၀ရက် နေ့လယ်ပိုင်းကတိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်ကို နေအိမ်တစ်အိမ်ပေါ်တင်၍ မီးရှို့သွားရာ ဒေသခံပြည်သူများ၏အိမ်သုံးလုံးပျက်စီးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်းပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် မြို့နယ်အတွင်း ဆက်လက်စီးနင်းတိုက်ခိုက်နေပြီး အောင်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ဘုတလင်မြို့ ဗန္ဓုလကွက်သစ်ရပ်ကွက်နှင့် မြောက်ပြင်ရပ်ကို စီးနင်း၍ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူရှစ်ဦးကိုသတ်ဖြတ်သွားကြောင်း ဒသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ထိုနောက်စစ်ကောင်စီစစ်ကြောင်းသည်အောက်တိုဘာ ၁၂ ရက် ညက မြောက်ကျည်ရပ်ကွက်၍ ညအိပ်ပြီး ဘေးပတ်ဝန်းကျင် ကျေးရွာ နှင့်ရပ်ကွက်များကိုဆက်လက်စစ်ကြောင်းထိုးနေကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။
ဘုတလင်မြိုနယ် ၊ကြည်တော်ရွာအနီးတွင်စက်တင်ဘာလ ၃၀ ရက်နေ့က အင်အား ၁၀၀ ဦးခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပျက်သွားခဲ့သည်။ စစ်သုံ့
ပန်း နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရပြီးနောက် စစ်ကောင်စီက မုံရွာမြို့ရှိ နမခမှ အင်အား ၃၀၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းဖြင့် ဘုတလင်မြို့နယ်သို့ စစ်ကြောင်းထိုး၍ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်အကြမ်းဖက်နေခြင်းဖြစ်သည်။
ထို့အပြင်စစ်ကောင်စီကဘုတလင်မြို့နယ်ကို လေကြောင်းမှလည်း ယခုရက်ပိုင်းမကြာခဏတိုက်ခိုက်နေသည်။ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်နေသော စစ်ကြောင်းကို PDFများက ပြောက်ကျားနည်းဖြင့်တန်ပြန်တိုက်ခိုက်လာခြင်းဖြစ်သည်။
