close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ကို တိုက်ခိုက်သူတိုင်းကို ကမ္ဘာဆုံးတဲ့ထိ လိုက်ချေမှုန်းမယ်လို့ 9/11 နှစ်ပတ်လည် မိန့်ခွန်းမှာ ထရမ့်ပြော

အမေရိကန်ကို ရန်လို တိုက်ခိုက်တဲ့သူ မှန်သမျှကို ကမ္ဘာဆုံးတဲ့ထိ လိုက်လံ ချေမှုန်းသွားမှာ ဖြစ်တယ်လို့ 9/11 နှစ်ပတ်လည် မိန့်ခွန်းမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - UPI

အမေရိကန်ကို ရန်လို တိုက်ခိုက်တဲ့သူ မှန်သမျှကို ကမ္ဘာဆုံးတဲ့ထိ လိုက်လံ ချေမှုန်းသွားမှာ ဖြစ်တယ်လို့ 9/11 နှစ်ပတ်လည် မိန့်ခွန်းမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ အကြမ်းဖက်သမားတွေက ခရီးသည်တင် လေယာဉ်တွေကို အပိုင်စီးပြီး နယူးယောက်မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေး စင်တာ အမြွှာမျှော်စင်၊ ဗာဂျီးနီးယားမှာရှိတဲ့ ပင်တဂွန် စစ်ဌာနချုပ် အပါအဝင် နေရာတချို့ကို ဝင်တိုက်စေခဲ့တာကြောင့် လူ ၃၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ပုလဲဆိပ်ကမ်း ဗုံးကြဲခံရမှုနောက်ပိုင်း အမေရိကန်မြေမှာ အသေအပျောက် အများပြားဆုံး တိုက်ခိုက်ခံရမှု ဖြစ်လာခဲ့ပါတယ်။

တိုက်ခိုက်ခံရမှု အပြီးမှာ အမေရိကန်ရဲ့ စစ်သူရဲတွေဟာ ကျဆုံးခဲ့သူတွေအတွက် လက်စားချေခဲ့ပြီး တစ်ကမ္ဘာလုံးက အမေရိကန်ရဲ့ ရန်သူတော်တွေဆီ ယုံမှားစရာ လုံးဝ မရှိတဲ့ သတင်းစကား တစ်ခုကို ပေးပို့ခဲ့ကြောင်း၊ အဲဒါကတော့ အမေရိကန်ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် အမေရိကန်က သူတို့ကို မတွေ့တွေ့တဲ့ထိ အမဲလိုက်ပြီး အညှာအတာမရှိ ချေမှုန်းပစ်မယ် ဆိုတာဖြစ်ကြောင်း၊ အဆုံးမှာတော့ အမေရိကန်ကပဲ ခြွင်းချက်မရှိ အနိုင်ရမယ် ကျိန်းသေပြီးဖြစ်ကြောင်း ထရမ့်က ပင်တဂွန် စစ်ဌာနချုပ်မှာ စက်တင်ဘာ ၁၁ ရက်နေ့က မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီ အောက်မေ့ဖွယ် အခမ်းအနားကို သူဟာ သမ္မတကတော် မယ်လာနီယာ ထရမ့်နဲ့အတူ တက်ရောက်ခဲ့တာပါ။

အမေရိကန်မှာ ဆိုးရွားပြီး မမေ့နိုင်စရာ မနက်ခင်း တစ်ခုကို လွန်ခဲ့တဲ့ ၂၄ နှစ်တုန်းက ကြုံတွေ့ခဲ့ကြောင်း၊ အဲဒီနေ့မှာ ကျောင်းတွေက ကလေးငယ်တွေရဲ့ ရယ်မောသံတွေ ဆိတ်သုဉ်းသွားပြီး ရှုပ်ထွေးနေတဲ့ လမ်းတွေပေါ်မှာ ယာဉ်အသွားအလာတွေ ရပ်တန့်ကုန်ခဲ့ကြောင်း၊ အပြစ်မဲ့ အသက်ပေါင်း ၂၉၇၇ ခု ရုတ်တရက် ဆုံးရှုံးသွားပြီး သူတို့ရဲ့ မိသားစုတွေနဲ့ တစ်ကမ္ဘာလုံးဟာ ဖြေမဆည်နိုင်အောင် ထိခိုက် ကြေကွဲခဲ့ရကြောင်း၊ ဒီနေ့မှာတော့ သူနဲ့ သမ္မတကတော်တို့ဟာ အဲဒီ ကြေကွဲမှုတွေနဲ့ တစ်သားတည်းအတူ ခံစားမိတယ် ဆိုတာကို အလေးအနက် ပြောပြချင်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က ကာကွယ်ရေး ဝန်ကြီးဌာနကို စစ်ဝန်ကြီးဌာနလို့ နာမည်ပြောင်းတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် အကြောင်းကိုလည်း မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။ ပင်တဂွန်ဟာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဌာနချုပ်လည်း ဖြစ်ပါတယ်။ ထရမ့်က ဝန်ကြီးဌာနကို နာမည်ပြောင်းဖို့ အမိန့်ကို လက်မှတ် ရေးထိုး ထုတ်ပြန်ထားပေမယ့် လွှတ်တော်ဆီက အတည်ပြုချက်တော့ မရသေးပါဘူး။

9/11 အကြမ်းဖက် တိုက်ခိုက်မှုလို ဖြစ်ရပ်မျိုးကြောင့်လည်း သူဟာ ကာကွယ်ရေး ဝန်ကြီးဌာနကို စစ်ဝန်ကြီးဌာနလို့ နာမည်ပြောင်းစေခဲ့တာ ဖြစ်ကြောင်း၊ ဒါဟာ ကွဲပြားမှုတွေ ရှိလာစေမှာ ဖြစ်ကြောင်း၊ စစ်ဝန်ကြီးဌာနဆိုတဲ့ နာမည်ကို အရင်က အသုံးပြုခဲ့ပြီး အဲဒီကာလတွေမှာ အမေရိကန်ဟာ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်တွေကို အနိုင်ရခဲ့ကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနဆိုပြီး နာမည်မပြောင်းခင်အထိ အမေရိကန်ဟာ စစ်ပွဲမှန်သမျှကို အောင်မြင်ခဲ့ကြောင်း၊ ဒီအခြေအနေမျိုးကို အားလုံးကလည်း လိုလားကြမှာ ဖြစ်ကြောင်း၊ အမေရိကန်နဲ့ စစ်ဖြစ်လာရင် ရန်သူအားလုံးဟာ အမြဲတမ်း ရှုံးနိမ့်နေပြီး အမေရိကန်က ထာဝရ အနိုင်ရနေရမှာဖြစ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ထရမ့်ရဲ့ မိန့်ခွန်း မတိုင်ခင်မှာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က စစ်ဝန်ကြီးအဖြစ် ရည်ညွှန်း မိတ်ဆက်စေပြီး အဖွင့် အမှာစကား ပြောရာမှာ 9/11 တိုက်ခိုက်မှုကို အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်သမားတွေ ကျူးလွန်ခဲ့တာလို့ ထည့်သွင်း ရှုတ်ချသွားခဲ့ပါတယ်။

အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့က စီမံခဲ့တဲ့ 9/11 တိုက်ခိုက်မှုကြောင့် နယူးယောက်မှာ လူ ၂၇၅၃ ဦး၊ ပင်တဂွန်မှာ ၁၈၄ ဦး သေဆုံးခဲ့ပြီး ပင်ဆယ်လ်ဗေးနီးယားမှာ ပျက်ကျခဲ့တဲ့ ခရီးစဉ်အမှတ် ၉၃ လေယာဉ်ပေါ်မှာ လူ ၄၀ အသက်ဆုံးရှုံးခဲ့ပါတယ်။

အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ဟာ နယူးယောက်မှာ ကျင်းပတဲ့ 9/11 အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ဖို့ ရည်ရွယ်ထားပေမယ့် အစီအစဉ် ပြောင်းခဲ့ပြီး ဟောပြောပွဲ တစ်ခုမှာ ပစ်ခတ် လုပ်ကြံခံရပြီး သမ္မတ ထရမ့်ရဲ့ မဟာမိတ် တစ်ဦးဖြစ်သူ ချာလီကာ့ခ်ရဲ့ မိသားစုကို အားပေး နှစ်သိမ့်ဖို့ ယူတားပြည်နယ်ကို ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: UPI

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မဟာမိတ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးကို လုပ်ကြံခဲ့တဲ့ သေနတ်သမားလို့ ယူဆရသူရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံက Hyundai ကားစက်ရုံထဲမှာ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ နိုင်ငံသားတွေကို လက်ထိတ်မခတ်ဘဲ ပြန်လည် ခေါ်ဆောင်ခွင့်ပြုဖို့ တောင်ကိုရီးယား အစိုးရက ညှိနှိုင်းနေပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ ကွန်ဆာဗေးတစ်ဝါဒီ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်ဟာ လူအများရှေ့မှောက် အခမ်းအနား တစ်ခုမှာ လုပ်ကြံပစ်ခတ် ခံရပြီး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ကလေးတွေအပေါ် လိင်အမြတ်ထုတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖရီ အပ်စတိန်းရဲ့ မွေးနေ့ပွဲ အထိမ်းအမှတ် စာအုပ်ထဲမှာ တွေ့ရတဲ့ စာသားနဲ့ လက်မှတ်တွေက သူရေးထားတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။