close
Connect with us

Hi, what are you looking for?

သတင်း

ကုလ သံတမန်စိစစ်ရေးကော်မတီမှာ ဒီမိုကရေစီ ၆ နိုင်ငံပါဝင်

(၈၀)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို စက်တင်ဘာ ၉ ရက် နေ့ခင်းပိုင်း(အမေရိကန်ဒေသစံတော်ချိန်)မှာ ကျင်းပခဲ့ပြီး Credentials Committee (သံတမန်စိစစ်ရေးကော်မတီ)ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

၇၉ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပိတ်ပွဲမှာ အထွေထွေအတွင်းရေးမှူးချုပ် မိန့်ခွန်းပြောကြားစဥ်။ ဓာတ်ပုံ - UN

“ဦးကျော်မိုးထွန်းရဲ့ရာထူးနေရာကို ဖယ်ရှားဖို့ ခုခံမှုတွေ ပိုအားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်” – မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေ

စက်တင်ဘာ-၁၀၊ ၂၀၂၅။ People’s Spring

(၈၀)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို စက်တင်ဘာ ၉ ရက် နေ့ခင်းပိုင်း(အမေရိကန်ဒေသစံတော်ချိန်)မှာ ကျင်းပခဲ့ပြီး Credentials Committee (သံတမန်စိစစ်ရေးကော်မတီ)ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်ကုလသမဂ္ဂအထွေထွေညီလာခံအတွက် Credentials Commmittee ကို နှစ်စဥ်ပါလေ့ရှိတဲ့ အမေရိကန်၊ ရုရှား၊ တရုတ် သုံးနိုင်ငံနဲ့ အန်ဒိုရာ၊ ဘော့ဆွာနာ၊ ဒိုမီနီကန်၊ မလေးရှား၊ ဆီနီဂေါနဲ့ ထရီနီဒက်နဲ့ တိုဘာဂို စတဲ့ ၆ နိုင်ငံနဲ့ဖွဲ့စည်းထားတယ်လို့ အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ သံတမန်စိစစ်ရေးကော်မတီကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံနဲ့ ဖွဲ့စည်းတာပါ။

Public Service Announcement

Public Service Announcement

ဒီနှစ်သံတမန်စိစစ်ရေးကော်မတီမှာ အာဏာရှင် ဒါမှမဟုတ် တစ်ပါတီအာဏာရှင်စနစ်ကြီးစိုးတဲ့ တရုတ်နဲ့ ရုရှားကလွဲလို့ ကျန်တဲ့ အဖွဲ့ဝင် ၆ နိုင်ငံက ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

“ဦးကျော်မိုးထွန်းရဲ့ရာထူးနေရာကို ဖယ်ရှားဖို့ ခုခံမှုတွေ ပိုအားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်”လို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက People’s Spring ကို မှတ်ချက်ပြုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားဖို့အတွက် စစ်ကောင်စီက နှစ်စဥ်ကြိုးစားခဲ့ပေမယ့် သံတမန်စိစစ်ရေးကော်မတီက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက လက်ရှိအချိန်အထိ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် တည်ရှိနေပါတယ်။

မကြာသေးခင်က သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ People’s Spring တို့ သီးသန့်မေးမြန်းခန်းမှာ သံအမတ်ကြီးက လက်ရှိအချိန်အထိ ယတိပြတ်မပြောနိုင်သေးပေမယ့် အရင်နှစ်ကလိုပဲ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်ရရှိမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၇)မှာ "Our Ambassador Our Voice" စာသားဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာဒီကနေ့ (စက်တင်ဘာ ၅)မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း အသီးသီးဆန္ဒပြခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် Al Jazeera သတင်းဌာန ဂျာနယ်လစ်တွေ သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် ဖရန်ဆက်စကာ အယ်လန်ဘန်နိစ်ကို အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့ကြောင်း ကြေညာလိုက်ပါတယ်။

Facebook