close
Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမြို့မှာ ကျပ်သိန်း ၂၀၀ ကျော်နဲ့ လက်ဝတ်ရတနာ​တွေဓါးပြတိုက်ပြီး ကာရာအို​ကေမှာ​ပျော်ပါး​နေတဲ့လူငယ်သုံးဦး အဖမ်းခံရ

ပဲခူးမြို့၊ ဥဿာမြို့သစ်မှာရှိတဲ့ နေအိမ်တအိမ်ကို လူငယ်သုံးဦးက ဝင်ရောက်ဓားပြတိုက်ပြီး ကျပ်သိန်း ၂၀၀ ကျော်နဲ့ လက်ဝတ်ရတနာတွေ ယူဆောင်သွားပြီး ကာရာအို​ကေမှာ​ပျော်ပါး​နေစဥ်​နေ့တွင်းချင်းပြန်အဖမ်းခံလိုက်ရပါတယ်။

ဓားပြတိုက်ရာမှာပါဝင်တဲ့ လမင်း(ခ)ကိုငယ်နဲ့ အဖော်နှစ်ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူဖမ်းဆီးထားစဥ်။ဓါတ်ပုံ-စစ်​​ကောင်စီ

စက်တင်ဘာ – ၉၊ ၂၀၂၅။

ပဲခူးမြို့၊ ဥဿာမြို့သစ်မှာရှိတဲ့ နေအိမ်တအိမ်ကို လူငယ်သုံးဦးက ဝင်ရောက်ဓားပြတိုက်ပြီး ကျပ်သိန်း ၂၀၀ ကျော်နဲ့ လက်ဝတ်ရတနာတွေ ယူဆောင်သွားပြီး ကာရာအို​ကေမှာ​ပျော်ပါး​နေစဥ်​နေ့တွင်းချင်းပြန်အဖမ်းခံလိုက်ရပါတယ်။

စက်တင်ဘာ ၈ ရက်ည ၇ နာရီ ၄၀ ခန့်က ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး (၇)၊ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာရှိတဲ့ ‘ပွင့်’ကွမ်းယာပစ္စည်းနဲ့ အအေးမျိုးစုံအရောင်ဆိုင်ကိုအဲဒီဆိုင်ကအလုပ်သမားဟောင်းတဦးဖြစ်တဲ့ လမင်း(ခ)ကိုငယ်နဲ့ အဖော်နှစ်ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

“ဆိုင်ထဲဝင် ဓားပြတိုက်တဲ့ ဝန်ထမ်းဟောင်းကောင်လေးက ၁၉ နှစ်ပဲရှိသေးတယ်။ အလုပ်ထွက်သွားတာမှ မကြာသေးဘူး။ ကျန်တဲ့နှစ်ယောက်ကလည်း ၂၂၊ ၂၃ လေးတွေ”လို့ ဓာပြ တိုက်ရာမှာပါဝင်သူတွေရဲ့ အခြေအနေကို ​ပဲခူးမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ရဲ့အလုပ်သမားဟောင်း လမင်း(ခ)ကိုငယ်ကောင်နဲ့အတူ ဇင်ကို(ခ)ကိုဇင် ၂၃ နှစ်၊ နိုင်မင်းထွန်း ၂၂ နှစ်တို့သုံးဦးဟာ ပွင့်ကွမ်းပစ္စည်းဆိုင်နှင့်တွဲလျှက်ရှိနေအိမ်အတွင်းဝင်ရောက်ကာဆိုင်ရှင် ဒေါ်တင်မာချိုရဲ့ သားနှစ်ဦးအား လည်ပင်းကိုဓားနှင့်ထောက် ခြိမ်းခြောက်ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို ဆိုင်ရှင်ရဲ့သားနှစ်ယောက်ကို ဓားထောက်၊ လက်ကိုတိတ်နှင့်ပတ် အကြပ်ကိုင်ပြီး နေအိမ်ဘီရိုအတွင်းမှ ကျပ်သိန်း ၂၃၀၊ ၃ ကျပ်သားရွှေဆွဲကြိုးတကုံးနဲ့ အခြားလက်ဝတ်ရတာများအပါအဝင် ဖုန်းနှစ်လုံးကို ယူဆောင်ထွက် ပြေးသွားခဲ့တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်တဲ့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

“ရွှေတွေငွေတွေသာ ဓားပြတိုက်လုယူသွားတာ။ ဒီကောင်တွေဦးနှောက်မရှိဘူး။ အဲဒီငွေထုပ်ကြီးယူပြီး KTV ဆိုင်မှာ သောက်စားပျော်ပါးနေလို့ ညတွင်းချင်း ဖမ်းမိသွားတယ်”လို့ အဲဒီပဲခူးမြို့ခံက ဆက်ပြောပါတယ်။

ပွင့်ကွမ်းပစ္စည်းဆိုင်ရဲ့အလုပ်သမားဟောင်းလမင်း(ခ)ကိုငယ်နဲ့ အပေါင်းအပါနှစ်ဦးကို ပဲခူးမြို့မှာရှိတဲ့ Five Star KTV ဆိုင်ထဲမှာ သက်သေခံပစ္စည်းတွေနဲ့အတူ စစ်​ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့တွေက ဖမ်းဆီးခဲ့တာလို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် (၃၇)ရပ်ကွက်မှာ အသက်(၃၀)ခန့်အရွယ် အမျိုးသားတဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအဖွဲ့ဝင်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့တွင်စစ်ရေးတင်းမာနေစဉ်ယနေ့(စက်တင်ဘာ ၉ရက်)နေ့လယ်ပိုင်းက မှော်ဝမ်းရပ်ကွက်ရှိ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

သတင်း

ဘန်ကောက် မြို့တော်မှာရှိတဲ့ တရားမဝင် ကာရာအိုကေ ဘားတစ်ခုကို ဝင်ရောက် စစ်ဆေးခဲ့တဲ့နောက် မူးယစ်ဆေး သုံးထားတဲ့ မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

သတင်း

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းနဲ့ တောင်ငူလမ်းထောင့်မှာတည်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုကို စစ်ကောင်စီကဖယ်ရှားရှင်းလင်းလိုက်ပြီလို့ ပဲခူးမြို့ခံတွေကပြောပါတယ်။

Facebook