close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင် လေယာဉ်ကို တရုတ်တိုက်လေယာဉ် နှောင့်ယှက်ပျံသန်း

နှစ်နိုင်ငံ ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ် တိုက်လေယာဉ် တစ်စီးက ဖိလစ်ပိုင် လေယာဉ်တစ်စီးကို နှောင့်ယှက် ပျံသန်းခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲခဲ့ပါတယ်။

Reuters

နှစ်နိုင်ငံ ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ် တိုက်လေယာဉ် တစ်စီးက ဖိလစ်ပိုင် လေယာဉ်တစ်စီးကို နှောင့်ယှက် ပျံသန်းခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲခဲ့ပါတယ်။

တောင်တရုတ် ပင်လယ်ထဲက တရုတ် ထိန်းချုပ်ထားရာ စကားဘရော့ သန္တာကျွန်းတန်းတွေနားမှာ ဖိလစ်ပိုင်ရဲ့ ကင်းလှည့်လေယာဉ်ကို တရုတ် တိုက်လေယာဉ်က နှောင့်ယှက်ခဲ့တာ ဖြစ်ပါတယ်။ ဩဂုတ် ၁၃ ရက်နေ့က ဖြစ်စဉ်ဟာ နှစ်နိုင်ငံကြား အဲဒီ ရေပြင်မှာ မကြာခဏ ထိပ်တိုက် ငြိကြတဲ့ ကိစ္စတွေမှာ နောက်ဆုံးကြုံလာပြန်တဲ့ တစ်ခုပါ။

အဲဒီမတိုင်ခင် နှစ်ရက်လောက်ကလည်း စကားဘရော့ တဝိုက်မှာ ခုတ်မောင်းနေတဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ရေယာဉ်ကို တရုတ် ရေတပ်သင်္ဘော တစ်စီးနဲ့ ကမ်းခြေစောင့် သင်္ဘောတစ်စီးက နှစ်ဖက်ညှပ် ဖိအားပေးဖို့ ကြိုးစားရင်း အချင်းချင်း တိုက်မိလို့ တရုတ် ကမ်းခြေစောင့် သင်္ဘောမှာ အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ Cessna Caravan အမျိုးအစား လေယာဉ်ပေါ်မှာ Reutersရဲ့ သတင်းထောက် တစ်ဦးလည်း လိုက်ပါခဲ့ပြီး တရုတ် တိုက်လေယာဉ်က မီတာ ၆၀ နားလောက်ထိ ချဉ်းကပ် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်လေယာဉ်ဟာ ဖိလစ်ပိုင် လေယာဉ်ရဲ့ အနောက်ဖက်၊ အောက်ဖက်၊ ဘေးဖက်တွေမှာ ရွှေ့ပြောင်း ပျံသန်းနေခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဂျေးတာရီလာက ဖိလစ်ပိုင် လေယာဉ်ဟာ တည်တည်ငြိမ်ငြိမ် လမ်းကြောင်းမှန်မှန် ပျံသန်းနေခဲ့ပေမယ့် တရုတ် တိုက်လေယာဉ်က ရုတ်တရက် ပေါ်လာပြီး နှောင့်ယှက်ခဲ့တာလို့ ပြောပါတယ်။

ဒါ့အပြင် အောက်ဖက် ရေပြင်မှာ ရှိနေခဲ့တဲ့ တရုတ် ရေတပ် သင်္ဘောနှစ်စီးကလည်း ဖိလစ်ပိုင် လေယာဉ်ကို ရေဒီယိုနဲ့ လှမ်းဆက်သွယ်ပြီး အဲဒီကနေ အမြန်ဆုံး ထွက်သွားဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ မိနစ် ၂၀ ဝန်းကျင်လောက် ကြာမြင့်ခဲ့ပါတယ်။

ဩဂုတ် ၁၃ ရက်နေ့မှာပဲ အမေရိကန် ရေတပ် တိုက်ရေယာဉ် နှစ်စီးဖြစ်တဲ့ USS Cincinnatiနဲ့ USS Higginsတို့ဟာလည်း စကားဘရော့နဲ့ ရေမိုင် ၃၀ လောက် အကွာကနေ ဖြတ်သန်း ခုတ်မောင်းသွားခဲ့ကြတယ်လို့ တာရီလာက ဆိုပါတယ်။ အမေရိကန် ရေတပ်ကတော့ အဲဒီရေယာဉ်တွေဟာ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့အညီ ကင်းလှည့် ခုတ်မောင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စကားဘရော့ သန္တာကျွန်းစုတွေဟာ ဖိလစ်ပိုင် ကမ်းရိုးတန်းနဲ့ ကီလိုမီတာ ၂၀၀ လောက်အကွာ ဖိလစ်ပိုင်ရဲ့ အထူးစီးပွားရေးဇုန် သတ်မှတ် ရေပြင်ထဲမှာ တည်ရှိပြီး ငါးသယံဇာတ အရမ်းပေါများပါတယ်။

တရုတ်ဟာ ၂၀၁၂ ကစလို့ အဲဒီ ကျွန်းတန်းတဝိုက်မှာ ရေတပ်နဲ့ ကမ်းခြေစောင့်တပ် အခြေစိုက်မှုတွေ စတင် ဖြန့်ကျက်လာခဲ့ပါတယ်။ ဩဂုတ် ၁၃ ရက်နေ့က ကင်းလှည့်ပျံသန်းမှုအတွင်း အဲဒီရေပြင်မှာ တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် ၄ စီးနဲ့ တခြားအရပ်ဖက် သင်္ဘောတချို့ကို တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ပြောကြားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတော်လှန်ရေး၌ ရင်ဆိုင်နေရသည့် အကြီးမားဆုံးအခက်ခဲမှာ လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့သည့် မြန်မာစစ်အာဏာရှင်၏လုပ်ရပ်များနှင့် ကိုယ်ကျိုးစီးပွါးတခုတည်းကြည့်သည့် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။

နိုင်ငံတကာ

ရေပိုင်နက် အငြင်းပွားရာ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ထိန်းချုပ် ရေပြင်ဆီ ဝင်ရောက်လာတဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ကို မောင်းထုတ်နိုင်ခဲ့ကြောင်း တရုတ်က ကြေညာပါတယ်။ ဒါပေမဲ့ ဩဂုတ် ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ တရုတ် ကမ်းခြေစောင့်တပ်ရဲ့ အဲဒီ ကြေညာချက်မှာ အရေးကြီးတဲ့ ဖြစ်စဉ် တစ်ခုကို...

ထိုင်း - ကမ္ဘောဒီးယား

စစ်ရေး ပဋိပက္ခ ကာလအတွင်း ကမ္ဘောဒီးယားနဲ့ ထိုင်းတို့အတွက် စစ်သုံးဒရုန်းတွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ဂျပန်နဲ့ တရုတ်တို့က အသီးသီး ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

၇ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ သွားရောက်မယ်လို့ သိရပါတယ်။