စက်တင်ဘာ-၅၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာဒီကနေ့ (စက်တင်ဘာ ၅)မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း အသီးသီးဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ဖက်စစ်ရွေးကောက်သပိတ်မှောက်တော်လှန်ရေးကိုရဲရဲလျှောက်”၊ “အရေးတော်ပုံမုချအောင်ရမည်” စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
ရွှေဘိုမြို့နယ်မှာလည်းသပိတ်အင်အားစုတွေက ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည်ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားကိုင်ဆောင်ပြီး လူထုဆန္ဒကို ထုတ်ဖော်ခဲ့ကြပါတယ်။

Public Service Announcement
အလားတူယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ စစ်အုပ်စုက ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားသောနိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချက်ချင်းလွှတ်ဖို့ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။
