close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်နဲ့ထရမ့် ဖုန်းမပြောခင် တစ်ရက်အလိုမှာ ရုရှားက ယူကရိန်းကို ဒရုန်းတွေ အလုံးအရင်းနဲ့ တိုက်ခိုက်

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ကြား ဖုန်းဆက် စကားမပြောခင်မှာ ရုရှားဟာ ယူကရိန်းကို စစ်ကာလတလျှောက် ပမာဏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကြီးတစ်ခု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Reuters

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ကြား ဖုန်းဆက် စကားမပြောခင်မှာ ရုရှားဟာ ယူကရိန်းကို စစ်ကာလတလျှောက် ပမာဏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကြီးတစ်ခု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

မေလ ၁၈ ရက်နေ့ တိုက်ခိုက်မှုဟာ မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းနိုင်ငံ အနှံ့က ဧရိယာတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ကိယက်ဗ်မှာတော့ အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် မေလ ၁၉ ရက်နေ့မှာ အမေရိကန် သမ္မတ ထရမ့်နဲ့ ရုရှား သမ္မတ ပူတင်တို့ ဖုန်းဆက် ဆွေးနွေးဖို့ စီစဉ်ထားပေမယ့် အဲဒီမတိုင်ခင် ၁ ရက်မှာ ရုရှားက အခုလို ဒရုန်းတွေ အုံနဲ့ကျင်းနဲ့ အသုံးပြု တိုက်ခိုက်ခဲ့တာလို့ ယူကရိန်းက စွပ်စွဲပါတယ်။ ထရမ့်ရဲ့ အစိုးရဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိဖို့ အပူတပြင်း တောင်းဆိုထားပြီး နှစ်ဖက်ကြား စေ့စပ် ညှိနှိုင်းပေးနေပါတယ်။

ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တူရကီမှာ တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရခဲ့ပေမယ့် တစ်ဖက်စီကနေ သုံ့ပန်း ၁၀၀၀ စီ ပြန်လွှတ်ပေးဖို့ကိုတော့ ညှိနှိုင်း လက်ခံခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း လေတပ်ရဲ့ အဆိုအရ မေလ ၁၈ ရက်နေ့မှာ ရုရှားဟာ ဒရုန်းစုစုပေါင်း ၂၇၃ စီးကို အသုံးပြုပြီး ကိယက်ဗ်မြို့တော်နဲ့ အနီးတဝိုက်ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဒရုန်းတွေထဲက ၈၈ စီးကို ပစ်ချနိုင်ခဲ့ပြီး ၁၂၈ စီးကလည်း ထိခိုက်ပျက်စီးမှုတွေ မဖြစ်ပေါ်စေဘဲ လိုရာမရောက် ဖြစ်ခဲ့ကြတယ်လို့ ယူကရိန်းက ဆိုပါတယ်။

အခုတစ်ကြိမ် မတိုင်ခင်က ယူကရိန်းကို ဒရုန်းတွေ အများဆုံး အသုံးပြုပြီး ရုရှားက တိုက်ခိုက်ခဲ့တာဟာ ကျူးကျော်စစ် ၃ နှစ်ပြည့် မတိုင်ခင် ၁ ရက်အလို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖြစ်ပါတယ်။

ထရမ့်က သူဟာ ပူတင်နဲ့ရော၊ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ပါ သီးခြားဆီ ဖုန်းဆက် စကားပြောဖို့ စီစဉ်ထားကြောင်း အတည်ပြု ပြောကြားထားပါတယ်။ လတ်တလောမှာတော့ အမေရိကန်ဟာ ကနဦးအဆင့် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ် ရပ်စဲရေး အကောင်အထည် ဖော်နိုင်ဖို့ အရှိန်မြှင့် တွန်းအားပေးနေကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ဗာတီကန်ဟာ ဖြစ်နိုင်ခြေ နေရာတစ်ခုလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ရုရှား ကိုယ်စားလှယ် အဖွဲ့တွေ တူရကီ နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြရမှာ စစ်ရပ်စဲရေး သဘောတူညီမှုမျိုး မရခဲ့သေးပေမယ့် စစ်သုံ့ပန်း အများအပြားကို အပြန်အလှန် လဲလှယ်ကြဖို့ လက်ခံခဲ့ကြပါတယ်။

နိုင်ငံတကာ

ယူကရိန်း လေတပ်က ဆုံးရှုံးခဲ့ရတဲ့ F-16 တိုက်လေယာဉ် ၃ စီးထိ ရှိလာကြောင်း စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အလည်အပတ် ခရီးစဉ်ကြောင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ အထင်ကရ ရှိတ်ခ်ဇာယက်ဒ် မဟာဗလီကြီးကို ယာယီ ပိတ်ပေးခဲ့ပါတယ်။