close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေတပ်စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ရုရှားစစ်လေယာဉ် ၄၀ လောက်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းဆို

အထူးအောင်မြင်တဲ့ ဒရုန်းစစ်ဆင်ရေး တစ်ခုအတွင်း ရုရှားစစ်လေယာဉ် အမျိုးမျိုး အစီး ၄၀ လောက်ကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

အထူးအောင်မြင်တဲ့ ဒရုန်းစစ်ဆင်ရေး တစ်ခုအတွင်း ရုရှားစစ်လေယာဉ် အမျိုးမျိုး အစီး ၄၀ လောက်ကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

အဲဒီ အချက်အလက်သာ မှန်ကန်ရင် စစ်ပွဲကာလ တလျှောက်လုံးမှာ ရုရှားလေတပ်ကို အထိအနာဆုံး ဖြစ်စေတဲ့ ဒရုန်း စစ်ဆင်ရေးမျိုး ယူကရိန်းက အကောင်အထည် ဖော်နိုင်ခဲ့တဲ့ သဘောပါပဲ။

ယူကရိန်း ထောက်လှမ်းရေးဌာန (SBU)ရဲ့ ထုတ်ပြန်ချက်မှာတော့ ရုရှားနိုင်ငံ အနှံ့က လေတပ်စခန်းတွေကို ပစ်မှတ်ထား ဖြန့်ကျက် တိုက်ခိုက်ခဲ့ပြီး ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ယူကရိန်းစစ်တပ်နဲ့ နီးစပ်သူတွေက အဲဒီ စစ်ဆင်ရေးကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုယ်တိုင် ကြီးမှူး ကွပ်ကဲခဲ့တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ယူကရိန်းနဲ့ မိုင်ပေါင်း ထောင်ချီ ဝေးကွာရာ အာကာ့စ်ခ် ဒေသထဲက ဘီလာယာ လေတပ်စခန်းမှာ ဒရုန်းတွေနဲ့ တိုက်ခိုက် ခံထားရတာကို တွေ့ရပါတယ်။ ဒါတင် မကသေးဘဲ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းက မားမန့်စ်ခ်မြို့မှာရှိတဲ့ အိုလန်ညာ လေတပ်စခန်းမှာလည်း ဇွန်လ ၁ ရက်နေ့က ယူကရိန်း ဒရုန်းတွေ တိုက်ခိုက်တာ ခံရကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှု အခြေအနေကို တိတိကျကျ မသိရသေးပေမယ့် ရုရှား ဆုံးရှုံးလိုက်ရတဲ့ထဲမှာ နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တဲ့ TU-95နဲ့ TU-22M3 ဗုံးကြဲလေယာဉ်တွေ၊ A-50 လေကြောင်းရန် ကာကွယ်ရေး လေယာဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာတော့ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုဟာ ပင့်ကူအိမ်လို ယှက်သန်းပြီး အလုပ်လုပ်တဲ့ စနစ်မျိုးလို့ လူပြောများနေပြီး ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး အရာရှိ အန်ဒရီ ယာမက်ခ်ကလည်း ပင့်ကူအိမ်ပုံ emojiလေး တစ်ခုကို လူမှုကွန်ရက် မီဒီယာတွေဖြစ်တဲ့ Telegramနဲ့ Xတို့မှာ တင်ထားခဲ့ပါတယ်။

ယူကရိန်းဟာ ဝေးကွာတဲ့ ပစ်မှတ်တွေထိ ဒရုန်းတွေနဲ့ ဘယ်လိုဘယ်ပုံ တိုက်ခိုက်ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဆိုက်ဘေးရီးယားမှာရှိတဲ့ အားကာ့စ်ခ် ဒေသ အုပ်ချုပ်ရေးမှူး အီဂေါ် ကော့ဘ်ဇက်ဗ်က အဲဒီဒရုန်းတွေဟာ ထရပ်ကား တစ်စီးဆီကနေ စတင်ပျံတက်လာခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒရုန်းတွေ စတင် ထွက်ပေါ်လာတဲ့ နေရာကို ရှင်းလင်းလိုက်ပြီ ဖြစ်သလို ထိခိုက်သေကြေမှု မရှိခဲ့ဘူးလို့လည်း သူက Telegramမှာ ရေးသားထားခဲ့ပါတယ်။

ရုရှားက ယူကရိန်း နိုင်ငံအနှံ့ကို ဒရုန်း ၄၂၇ စီး၊ ဒုံးကျည် ၇ စင်း အသုံးပြု တိုက်ခိုက်ခဲ့ပြီး နောက်တစ်ညမှာပဲ ယူကရိန်းက ပင့်ကူအိမ် ဒရုန်းစစ်ဆင်ရေးကို အကောင်အထည်ဖော်ပြီး ရုရှား လေယာဉ်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံမှာ ရထားပေါ်ကို ခုံးကျော်တံတား ပြိုကျလို့ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ငြိမ်းချမ်းရေး အဆိုပြုချက် မူကြမ်းတစ်ခုကို ယူကရိန်းဆီ ပေးအပ်သွားမယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရဟတ်ယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း ရုရှား စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ တိုက်ခိုက်မှုတွေကို အမေရိကန် အစိုးရက ရှုတ်ချခြင်း မရှိလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပိုပြီး အတင့်ရဲလာနေတယ်လို့ ယူကရိန်း သမ္မတက စွပ်စွဲ ပြောကြားသွားပါတယ်။

Facebook