close
Connect with us

Hi, what are you looking for?

သတင်း

ရုပ်သံထွက်ပေါ်နေသော ပအိုဝ်းတပ်ရဲဘော်များအား စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ပစ်သတ်ခဲ့ဟု စစ်သုံ့ပန်းဝန်ခံ

စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ် PNOတို့ ပစ် သတ်ခဲ့သည့် ရုပ်သံတွင်ပါဝင်သော PNLA ရဲဘော် ငါးဦး။ ဓာတ်ပုံ - PNLA

ဇွန် ၁၊၂၀၂၅။ထားမြတ်၊ရဲခေါင်/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တိုက်ပွဲအတွင်း အဖမ်းခံခဲ့ရသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ရဲဘော် ၅ဦးအား စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ် PNOတို့က ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ရုပ်သံမှတ်တမ်းကို စစ်ကောင်စီစစ်သုံ့ပန်းထံမှ ပြန်လည်ရရှိခဲ့ပြီး အဆိုပါ စစ်သုံ့ပန်းကလည်း ဟုတ်မှန်ကြောင်းထွက်ဆိုခဲ့သည်ဟု PNLAပြောရေးဆိုခွင့်ရှိသူခွန်ရိန်းယံကပြောသည်။

ယခုနှစ် ဇန်နဝါရီ ၁၂ရက်တွင် ဆီဆိုင်မြို့နယ် ထီစုံကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PNLAတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ PNLA ရဲဘော် ၅ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း PNLAက ယခင်ကတည်းက ထုတ်ပြန်ထားပြီး ဖြစ်သည်။

PNLA ရဲဘော်များအား ပစ်ခတ်သတ်ဖြတ်သည့် ရုပ်သံကို တော်လှန်ရေးတပ်များက ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည့် စစ်ကောင်စီ သုံ့ပန်းထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းသုံ့ပန်းကလည်း ဖြစ်စဉ်များကိုထွက်ဆိုခဲ့ဟု ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

” စစ်သုံ့ပန်းဆီက သူတို့ဖုန်းထဲမှာ ပြန်ရပြီးတော့ သူတို့ကိုပြန်စစ်ဆေးတာပေါ့။ သူတို့က ၅ယောက်ကို တပြိုင်နက်တည်းသတ်တာတော့ မဟုတ်ဘူး။ တယောက်ကို တခြားနေရာမှာ သတ်တယ်။ ပြီးတော့ လေးယောက်ကို အဲဒီဗီဒီယိုထဲမှာပါတဲ့အတိုင်းပဲ သူတို့ ပစ်သတ်ခဲ့တယ်။ပြီးတော့မှသူတို့ အလောင်းတွေစီထားတဲ့ပုံစံပေါ့”ဟု ခွန်ရိန်းယံက ပြောသည်။

စစ်သုံ့ပန်း၏ ထွက်ဆိုချက်အရ PNLA ရဲဘော်များကို ပစ်ခတ်သတ်ဖြတ်ရာတွင် စစ်ကောင်စီတပ်သားများသာမက PNO ပြည်သူ့စစ်များလည်း ပါဝင်ပစ်ခတ်သတ်ဖြတ်ခဲ့ဟု ခွန်ရိန်းယံက ရှင်းပြသည်။

PNO ပြည်သူ့စစ်က ဖမ်းဆီးထား​သော PNLA ရဲ​ဘော် ၄ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့​သော သက်​သေရုပ်သံမှတ်တမ်းကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/78438တွင်ကြည့်ရှုနိုင်ပါသည်။

စစ်ပွဲအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများကို သတ်ဖြတ်သည့် လုပ်ရပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ခွန်ရိန်းယံက ပြောသည်။

ပအိုဝ်းလူမျိုးအချင်းချင်းဖြစ်သော်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က စစ်အာဏာရှင်အလိုကျ ပအိုဝ်းလူမျိုးကို ပြန်လည်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု PNLAက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာလ ၁၄ ရက်တွင်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ကျေးရွာအလည်ပြန်သည့် PNLA ရဲဘော် ၅ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးသည်။

” ကျနော်တို့အနေနဲ့ကတော့ စစ်သုံ့ပမ်းတွေ ဖမ်းမိတာတွေရှိတယ်။ PNO ပြည်သူ့စစ် အဖွဲ့ဝင်တွေ ဗိုလ်မှူး အဆင့်ထိ ဖမ်းမိတာရှိတယ်။ ဒါပေမဲ့ ဒီလိုမျိုး ညှင်းပမ်းနှိပ်စက်တာမျိုးသတ်ဖြတ်တာမျိုး တယောက်မှ မလုပ်ခဲ့ဘူး။ စစ်သုံ့ပမ်း ဥပဒေနဲ့အညီပဲ ထိန်းသိမ်းထားတယ်”ဟု ခွန်ရိန်းယံကပြောသည်။

PNLA အနေဖြင့် ဖမ်းမိစစ်သုံ့ပန်းများအနက် ပအိုဝ်းစာပေယဉ်ကျေးမှုနှင့် ပအိုဝ်းရဟန်းသံဃာများ၏ မေတ္တာရပ်ခံချက်အရ လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့သူများ ရှိသကဲ့သို့ထိန်းသိမ်းထားသူများကို ဆေးကုသခွင့် အသက်ရှင်သန်ခွင့်ပေးခဲ့ဟု ပြောပြသည်။

လက်ရှိ တော်လှန်ရေးသည် စနစ်ပြောင်းတော်လှန်ရေးဖြစ်၍ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ဖျက်နိုင်ရေး ဆင်နွှဲနေသည့် တော်လှန်ရေးဖြစ်ကြောင်း၎င်းက ဆိုသည်။ PNLA အနေဖြင့် PNO ပြည်သူ့စစ်များကို ဦးစွာ တိုက်ခိုက်ခြင်းမရှိသေးကြောင်း၊ ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှု မဖြစ်ရေး PNO ပြည်သူ့စစ်ခန်းများကို တိုက်ခိုက်ခြင်း ဖမ်းဆီးသတ်ဖြတ်ခြင်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်ဖြင့် နေထိုင်လျက်ရှိသည်ဟု ခွန်ရိန်းယံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံနှင့် ညောင်ရွှေမြို့နယ်အစပ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံတပ်ဖြစ်သော PNOပြည်သူ့စစ်တို့အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦး၊တပ်မှူးတစ်ဦးအပါအဝင် ငါးဦးထက်မနည်းသေဆုံးပြီးနောက် ဆုတ်ခွာထွက်ပြေးသွားကြောင်း ဖယ်ခုံ PSP ဒရုန်းတပ်ဖွဲ့(၁၀၀၆)က ယနေ့(မေလ ၁၉ရက်) ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ် တို့၏ ထိုးစစ်ခုခံတိုက်ပွဲအတွင်း သေနတ်(၄)လက်အပါအဝင် တိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်း သိမ်းဆည်းရရှိကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ်(၁)က ယနေ့(မေလ ၁၆ ရက်) ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း ရုရှားနိုင်ငံမှ သင်တန်းဆရာများဖြင့် သင်ကြားထားသည်ဆိုသည့် PNO/PNA ပြည်သူ့စစ်၏ အထူးကွန်မန်ဒိုတပ်သားများ ရှေ့တန်းတွင် သေဆုံးနေကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)တာဝန်ရှိသူအချို့က လူထုနွေဦးသို့ပြောသည်။

Facebook