close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာမယ့် အမေရိကန် ရွေးကောက်ပွဲမှာ ဟားရစ်ဟာ ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ရေပန်းအစားဆုံး မဟုတ်တော့

၂၀၂၈ ခုနှစ် အမေရိကန် ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ဟားရစ်ဟာ ရေပန်းအစားဆုံး မဟုတ်တော့ဘူးလို့ စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

AP

၂၀၂၈ ခုနှစ် အမေရိကန် ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ဟားရစ်ဟာ ရေပန်းအစားဆုံး မဟုတ်တော့ဘူးလို့ စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်တုန်းက အမေရိကန် ဒုတိယ သမ္မတအဖြစ် တာဝန်ယူခဲ့သူ ဟားရစ်ဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်ကို စိန်ခေါ်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ဟားရစ်က ထရမ့်ကို အရေးနိမ့်တာအပြင် ဒီမိုကရက်တစ် ပါတီတစ်ခုလုံးစာ စွမ်းဆောင်ရည်မှာလည်း ပြိုင်ဘက် ရီပတ်ဘလစ်ကန်တွေရဲ့ နောက်ကောက်ချမှုကို ခံခဲ့ရပါတယ်။

အဲဒီနောက် ပါတီတွင်းမှာ ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးမှုတွေ ရှိနေပြီး လာမယ့် ရွေးကောက်ပွဲ အတွက်လည်း ဆန်းစစ် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ မေလ ၃၀ ရက်နေ့က Atlas Intelရဲ့ စစ်တမ်းတစ်ခုအရ ဒီမိုကရက်တစ် ပါတီကို ထောက်ခံသူတွေ လာမယ့်ရွေးကောက်ပွဲမှာ မြင်ချင်တဲ့ ပါတီကိုယ်စားပြု သမ္မတလောင်းဟာ ဟားရစ် မဟုတ်တော့ဘူးလို့ သိရပါတယ်။

ရေပန်းအစားဆုံး ဦးဆောင်နေသူဟာ အင်ဒီယားနားပြည်နယ်၊ ဆောက်သ်ဘန်း မြို့တော်ဝန်ဟောင်း ပိထ်ဘုထ်တီဂီဖြစ်ပါတယ်။ သူဟာ ဘိုင်ဒန် အစိုးရ လက်ထက်တုန်းက သယ်ယူပို့ဆောင်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တမ်းဖြေဆိုသူ ဒီမိုကရက်တစ် ထောက်ခံသူတွေထဲက ၃၁.၅ ရာခိုင်နှုန်းက ဘုထ်တီဂီကို သမ္မတလောင်း နေရာအတွက် မြင်တွေ့ချင်တယ်လို့ ပြောပါတယ်။ အဲဒီ မတိုင်ခင်က အခုလောက် မကျယ်ပြန့်တဲ့ စစ်တမ်းတချို့မှာ ဟားရစ်ဟာ ရေပန်းအစားဆုံး ဦးဆောင်သူအဖြစ် ရှိနေပေမယ့် Atlas Intelရဲ့ ရလဒ်ကတော့ ကွဲထွက်နေပါတယ်။

အဲဒီစစ်တမ်း ရလဒ်မှာတော့ ဟားရစ်ဟာ တတိယ ရေပန်းအစားဆုံး အဖြစ်သာ ရပ်တည်နေပါတယ်။ ဘုထ်တီဂီရဲ့နောက်မှာ အမေရိကန် အောက်လွှတ်တော်အမတ် အလက်ဇန္ဒရီရာ အော့ကာစီယို ကောတက်ဇ်က ထောက်ခံနှုန်း ၁၉.၄ ရာခိုင်နှုန်း ရထားပြီး ၁၆.၆ ရာခိုင်နှုန်းကသာ ဟားရစ်ကို ရွေးကောက်ပွဲမှာ ပြန်မြင်ချင်တယ်လို့ သဘောထားမှတ်ချက် ပေးခဲ့ကြပါတယ်။ AOCလို့ အတိုကောက် ခေါ်ဝေါ်လေ့ ရှိကြတဲ့ ကောတက်ဇ်ဟာ အသက် ၃၅ နှစ်သာ ရှိသေးတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပြီး ဒီမိုကရက်တစ် ပါတီရဲ့ အနာဂတ်မှာ အများကြီး မျှော်လင့်နိုင်တဲ့ လင်းလက်ကြယ် တစ်ပွင့်လို့ တင်စား ခံထားရသူပါ။

Atlas Intelရဲ့ စာရင်းဟာ လူထုအမြင် စစ်တမ်းမျိုးသာဖြစ်ပြီး ဘုထ်တီဂီ၊ ကောတက်ဇ်နဲ့ ဟားရစ်တို့ ၃ ဦးစလုံးကတော့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ချင်သလား ဆိုတာကို ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဟားရစ်နဲ့ နီးစပ်သူတွေကတော့ သူဟာ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူး၊ ဒါမှမဟုတ် နောက်တစ်ကြိမ် သမ္မတ ရွေးကောက်ပွဲဝင်ခွင့်တွေထဲက တစ်ခုခုကို တိတိကျကျ မရွေးချယ်ရသေးဘူးလို့ ပြောပါတယ်။

Atlas Intelဟာ မေလ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း အမေရိကန်ရဲ့ ဒီမိုကရက်တစ်ပါတီ အားပေးသူ ၃၄၆၉ ဦးရဲ့ အမြင်စစ်တမ်းတွေကို ကောက်ယူခဲ့တာဖြစ်ပြီး ရလဒ်ပိုင်း ခန့်မှန်းခြေ အမှားအယွင်းဟာ ၂.၂ ရာခိုင်နှုန်းလောက် ရှိနိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

ကိုးကား: Mass Live

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တတိယ သမ္မတ သက်တမ်းအတွက် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားနေတယ်ဆိုတာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပြီးတော့ လက်ရှိ အစိုးရရဲ့ ဒုတိယ သမ္မတလည်းဖြစ်တဲ့ သူက အာဏာလွှဲပြောင်းရေး ကိစ္စတွေ ချောမွေ့စေဖို့ ထရမ့်ကို ကူညီသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

သူသာ သမ္မတ ဖြစ်လာခဲ့ရင် ဂါဇာစစ်ပွဲ အဆုံးသတ်နိုင်အောင် ကြိုးစားပေးမယ်လို့ အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ လက်ရှိသမ္မတ၊ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်း နှစ်ဦးတို့ဟာ 9/11 အကြမ်းဖက်မှု ဖြစ်ရပ်ဆိုးကြီးအတွက် ရှားရှားပါးပါး အခြေအနေအဖြစ် အတူရှိခဲ့ကြပါတယ်။

Facebook