close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲနိုင်ခဲ့ရင် ဂါဇာစစ်ပွဲ ရပ်ဆိုင်းရေး အစွမ်းကုန် ကြိုးစားပေးမယ်လို့ ဟားရစ် မဲဆွယ်

သူသာ သမ္မတ ဖြစ်လာခဲ့ရင် ဂါဇာစစ်ပွဲ အဆုံးသတ်နိုင်အောင် ကြိုးစားပေးမယ်လို့ အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲနိုင်ခဲ့ရင် ဂါဇာစစ်ပွဲ ရပ်ဆိုင်းရေး အစွမ်းကုန် ကြိုးစားပေးမယ်လို့ ဟားရစ် မဲဆွယ်
ရွေးကောက်ပွဲနိုင်ခဲ့ရင် ဂါဇာစစ်ပွဲ ရပ်ဆိုင်းရေး အစွမ်းကုန် ကြိုးစားပေးမယ်လို့ ဟားရစ် မဲဆွယ်

-People’s Spring

နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲအကြို နောက်ဆုံး နာရီပိုင်းတွေမှာ ဟားရစ်ဟာ အာရပ်နွယ်ဖွား အမေရိကန်တွေကို မဲဆွယ်တဲ့ အားထုတ်မှု တစ်ခုအဖြစ် အခုလို ကတိပေးခဲ့တာပါ။ အသက် ၆၀ အရွယ် ဟားရစ်ဟာ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

သူနဲ့ ပြိုင်ဘက် ဒေါ်နယ်လ်ထရမ့်တို့ကြား ထောက်ခံမဲတွေ ရရှိနိုင်ရေး အပြိုင်အဆိုင် ကြိုးစားနေရာ ပြည်နယ်တစ်ခုဖြစ်တဲ့ မစ်ချီဂန်မှာ နိုဝင်ဘာ ၃ ရက်နေ့က မဲဆွယ်ခဲ့ချိန်မှာ ဟားရစ်က အခုလို ကတိပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်တို့ကြား အစပြုခဲ့တဲ့ ဂါဇာစစ်ပွဲဟာ အခုထိ မပြီးဆုံးသေးဘဲ ပါလက်စတိုင်း ၄၃၀၀၀ ကျော် အသက်ဆုံးရှုံးထားရသလို ဂါဇာ ကမ်းမြှောင်ဒေသရဲ့ လူဦးရေ ၂.၃ သန်းစလုံး တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတဲ့ အခြေအနေတွေ ကြုံတွေ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ်မှာတော့ အခြေအနေတွေက ပိုဆိုးလာပြီး အရှေ့အလယ်ပိုင်းက စစ်ရေး ပဋိပက္ခဟာ လက်ဘနွန်ကို ကူးစက်လာခဲ့သလို အစ္စရေးနဲ့ အီရန်ကြားမှာလည်း အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

သူသာ သမ္မတ ဖြစ်လာခဲ့မယ် ဆိုရင် ရှိသမျှ အခွင့်အာဏာ အားလုံးကို အသုံးချပြီး ဂါဇာစစ်ပွဲ ရပ်ဆိုင်းရေး၊ အစ္စရေး ဓားစာခံတွေကို မိသားစုဝင်တွေဆီ ပြန်လည် ခေါ်ဆောင်နိုင်ရေး၊ ဂါဇာ ပြည်သူတွေရဲ့ နာကျင်မှုတွေကို အဆုံးသတ်စေရေး၊ အစ္စရေးအတွက် လုံခြုံမှုကို အပြည့်အဝ အာမခံနိုင်ရေး၊ ပါလက်စတိုင်း ပြည်သူတွေအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်ခွင့်၊ လုံခြုံမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တွေ လွတ်လပ်စွာ ပိုင်ဆိုင်ရေးတွေကို အကောင်အထည် ဖော်ပေးသွားမယ်လို့ ဟားရစ်က ပြောကြားခဲ့ပါတယ်။

သူမဲဆွယ်ခဲ့တဲ့ မစ်ချီဂန် ပြည်နယ်၊ အရှေ့လန်ဆင်မြို့မှာ အာရပ်အမေရိကန် ၂ သိန်းကျော် နေထိုင်ပါတယ်။ ဒါပေမဲ့ ဟားရစ်က ဂါဇာစစ်ပွဲ ရပ်ဆိုင်းရေးအတွက် သူက အသေးစိတ် ဘယ်လိုတွေ စီမံထားသလဲ ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။ တစ်ဖက်မှာတော့ အမေရိကန်က အစ္စရေးကို လက်နက်တွေ ဆက်တိုက် ထောက်ပံ့နေလို့ စစ်ပွဲက ပိုကြာညောင်းနေတာဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

ဟားရစ်နဲ့ ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြု ပြိုင်ဘက် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်တို့ဟာ ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံး နာရီပိုင်းတွေအတွင်း မဲဆွယ်မှုတွေကို အစွမ်းကုန် အရှိန်မြှင့် ကြိုးစားနေပါတယ်။

မဲရုံတွေ စမဖွင့်ခင်မှာ အမေရိကန် ပြည်သူ ၇၈ သန်းကျော်ဟာ ကြိုတင်မဲတွေ ပေးထားကြပြီး အဲဒီရလဒ်မှာတော့ ဒီမိုကရက်တွေက ရီပတ်ဘလစ်ကန်တွေထက် မဲအရေအတွက် ၇ သိန်းလောက် သာလွန်နေတယ်လို့ ဖလော်ရီဒါ တက္ကသိုလ် ရွေးကောက်ပွဲ လေ့လာရေးဌာနရဲ့ အစီရင်ခံချက်အရ သိရပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ အမေရိကန်ရဲ့ အဆိုးရွားဆုံး ရန်ဘက်နိုင်ငံ ဖြစ်တယ်လို့ အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကြို ကာလတွေနဲ့ ဆက်စပ်ပြီး လူတွေ စိတ်အဝင်စားဆုံး ခေါင်းစဉ် တစ်ခုကတော့ အဓိကပြိုင်ဘက် သမ္မတလောင်း နှစ်ဦးရဲ့ စကားစစ်ထိုးမှု အစီအစဉ် ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ လက်ရှိသမ္မတ၊ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်း နှစ်ဦးတို့ဟာ 9/11 အကြမ်းဖက်မှု ဖြစ်ရပ်ဆိုးကြီးအတွက် ရှားရှားပါးပါး အခြေအနေအဖြစ် အတူရှိခဲ့ကြပါတယ်။

နိုင်ငံတကာ

ကာမာလာ ဟားရစ်ဟာ အမေရိကန်အတွက် အရမ်းမိုက်တဲ့ သမ္မတမျိုး ဖြစ်လာလိမ့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ထောက်ခံ ပြောကြားသွားပါတယ်။