close
Connect with us

Hi, what are you looking for?

သတင်း

ဒေါနတောင်တန်း အရှေ့ခြမ်းက တာလယ်ဗျုဟာ ကို KNU ဝန်းရံပိတ်ဆို့တိုက်ခိုက်

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။

မေ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။

ဘားအံခရိုင် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ တပ်မဟာ (၇) စစ်ရေးလှုပ်ရာန​ယ်မြေထဲက တာလယ်ကျေးရွာအနီးမှာရှိတဲ့ ဗျုဟာစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တို့က မေလ ၉ ရက်က စတင်တိုက်ခိုက်နေတာပါ။

ထိုင်းနယ်စပ်အနီးက တခေါဘီခွီးစခန်းကို သိမ်းယူလိုက်တဲ့ နေ့မှာပဲ ညပိုင်းမှာ တာလယ်ဗျုဟာစခန်းကို KNU က တပါတည်း တိုက်ခိုက်တာလည်းဖြစ်ပါတယ်။ တာလယ်ဗျုဟာစခန်းဟာအဲဒီ ဒေသတွင်းမှာ အကြီး ဆုံးစခန်းလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စခန်းကို KNU က ဝန်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ဘက်ကလည်းနေ့စဉ်နီးပါး လေကြောင်းကနေ ပစ်ကူပေးပြီး တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေကြောင့် တာလယ်ကျေးရွာ ဒေသခံရွာသူ၊ရွာသားတွေ ရွာလုံးကျွတ် နီးပါး ထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

လှိုင်းဘွဲ့မြို့နယ်​၊ဒေါနတောင်တန်းအရှေ့ဘက် က ထိုင်းနယ်စပ် တလျောက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNU က တိုက်ခိုက်သိမ်းယူနေတာဖြစ်ပြီး အခုနှစ်အတွင်းမှာ ပူးလူးတူ၊ ခလယ့်ဒေး၊ မော်ဖားသူ၊ တခေါဘီခီးစခန်းတွေကို သိမ်းယူထားပြီးဖြစ်ပါတယ်။

အဲဒီဒေသမှာ တာလယ်ဗျုဟာစခန်းအပါအဝင် မော်ဖိုးခီ့(မော်ဖိုးကေ)၊ မယ်လ နဲ့ နော်တရာတောင်စခန်းတို့ ကျန်ရှိနေပါတယ်။

ဒါပေမယ့် လက်ကျန်တပ်စခန်းတွေဆီ စစ်ကောင်စီတပ်က မြေပြင်စစ်ကူ မလွှတ်နိုင်တော့ဘဲ လေကြောင်းပစ်ကူကိုသာပေးနိုင်တော့တဲ့အခြေအနေဖြစ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အသိပေးပါတယ်။

ထိုင်းနယ်စပ်အနီးက တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်တာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်(မူးမြို့နယ်)တွင် ရန်ကုန်တွင်YBS ယာဥ်​မောင်း​နေရာမှစစ်သားသစ်အဖြစ်စု​ဆောင်းခံရ​သောစစ်သား တဦးလက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်း ရှိပြည်သူလူထုများ၏ လုံခြုံရေးအတွက် နယ်မြေရှိ စစ်ကောင်စီတပ်အားလုံးကို မောင်းထုတ်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၄)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များအား တွန်းလှန်တိုက်ထုတ်နိုင်ရေး ရည်ရွယ်သည့် တနင်္သာရီကမ်ပိန်း ငွေပုံငွေရှာဖွေမှုကို KNU တပ်မဟာ(၄) ခေါင်းဆောင်များ၏ ခွင့်ပြုကူညီမှုဖြင့် စတင်ပြုလုပ်နေကြောင်း ကမ်ပိန်းအောင်မြင်ရေး ဆောင်ရွက်နေသူများက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက်(၆၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

Facebook