close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက စာသင်​ကျောင်း​အားဗုံးမကြဲဟုဗြောင်လိမ်

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

အိုးထိန်းတွင်းရွာစာသင်​ကျောင်းကို ကြဲချခဲ့​သောဗုံးအကြွင်းအကျန်မျာ။ ဓါတ်ပုံ-​ပေးပို့ ၊Radi Ohn's FB ၊ S&G

​မေ-၁၂၊၂၀၂၅။ကဖေး/People’s Spring

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

အိုးထိန်းတွင်းရွာအလယ်တန်းကျောင်းကိုမေလ ၁၂ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းမှ အဆင့်ဆင့်​ပေါက်ကွဲ​သောပေါင် ၅၀၀ ဗုံးတစ်လုံးဗုံးကြဲခြင်းဖြစ်သည်။​မေ ၁၂ ရက် ည ၁၁ နာရီ​ကျော်အထိ့ရရှိထား​သောစာရင်းများအရ ကျောင်းသားကျောင်းသူ ၂၀ နှင့်ဆရာမ ၂ ဦးစုစုပေါင်း၂၂ဦးသေဆုံးပြီး ၊၄၀ဦးခန့်ဒဏ်ရာရကြောင်းဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။

​သေဆုံးခဲ့​သော​ကျောင်းသား​ကျောင်းသူများတွင် Grade 2 မှ Grade 11 အထိ​ကျောင်းသားများပါဝင်သည်။ ​ကျောင်းသူ အများဆုံးဖြစ်ပြီး ​ကျောင်း ၁၅ ဦး ၊​ကျောင်းသူ ၅ ဦးဖြစ်ကာ ၊ Grade 2 တစ်တန်းထဲမှ ၆ ဦးဖြင့်အများဆုံး​သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

Grade2 တွင်ပညာသင်ကြား​နေ​သောမသွန်းစက်ဖြူ ၊ မရွှန်းလဲ့ဝေ ၊ မစုလတ်နိုင်၊ မငြိမ်း​ရွှေရတီမိုး၊ မချယ်လီမိုး ၊​မောင်လွှမ်းပိုင်ထက် ၊ Grade 3 မှ မ​အေးငြိမ်းစံ ၊မဖြိုး​ဝေဖြိုး ၊​မောင်ဖိုးမိုးသွန်း ၊ Grade 4 မှမမိုး​ဟေ​ကျော် ၊မမွန်မိမိ​အောင် ၊ မထက်ရတီထွန်း ၊​မောင်ချမ်း​မြေ့​အောင်၊ Grade 5 မှ ​မောင်​ဇေယျာဖြိုး ၊ Grade 7 မှ မလှဆုံးမယ် ၊ မမိုးမြင့်ဟန် ၊မမြတ်နိုးဦး ၊Grade 9 မှ ​မောင်မြတ်နိုး​မောင်​မောင် ၊Grade 10 မှ မမို့မို့ဝင်း ၊ Grade 11 မှ မသက်ထား​ဝေ တို့ဖြစ်သည်။

​ကျောင်းဆရာမနှစ်ဦးတွင် တစ်ဦးမှာ အသက် ၂၃ နှစ်အရွယ် မဇင်မာသူ ဖြစ်ပြီး ကျန်ဆရာမတစ်ဦး၏အမည်ကိုမူ လူထု​နွေဦးကမသိရ​သေး​​ပေ။

လူအစုလိုက်အပြုံလိုက်​သေဆုံး​စေခဲ့​သော​စာ​သင်​ကျောင်းဗုံးကြဲမှုကို ပြည်တွင်းရှိ လွတ်လပ်​သောမီဒီယာများ ၊ ရိုက်တာအပါအဝင် နိုင်ငံတကာသတင်းဌာနများက ရုပ်သံမှတ်တမ်း၊ သတင်းဓါတ်ပုံများဖြင့်​ဖော်ပြ​နေချိန်တွင် စစ်​ကောင်စီကမူ ည ၈ နာရီသတင်းတွင် မျက်နှာ​ပြောင်တိုက်၍ ​ဗြောင်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီက ဒီပဲယင်းတွင်​ဆရာ၊ဆရာမများအပါအဝင် ကျောင်းသား​ကျောင်းသူများ​သေဆုံးထိခိုက်​ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများကမဟုတ်မမှန်​လုပ်ကြံဖော်ပြ​နေခြင်းဖြစ်​ကြောင်း ၊သက်ဆိုင်ရာနယ်​မြေခံလုံခြုံ​ရေးတာဝန်ရှိသူတစ်ဦးကထိုသတင်းမှန်ကန်ခြင်းမရှိ​ကြောင်း ၊စစ်​ရေးပစ်မှတ်မဟုတ်​သော​နေရာများကိုဗုံးကြဲတိုက်ခိုက်ခြင်းမရှိ​ကြောင်း ၊ နိုင်​ငံ​တော်အစိုးရက အနာဂါတ်မျိုးဆက်သစ်​ကျောင်းသား​ကျောင်းသူများပညာရည်မြင့်မား​စေ​ရေးအတွက်​​ဆောင်ရွက်လျက်ရှိသည်မှာပြည်သူများအသိပင်ဖြစ်​ပါကြောင်း စသဖြင့် သတင်းအမှားကြေညာသွားသည်ကို​တွေ့ရသည်။

ထိုအပြင်စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များ၊စစ်တပ်​ထောက်ခံသူများကလည်း သတင်းအမှားများဆက်တိုက်ဖြန့်ချီခြင်း ၊သတင်းကိုပုံဖျက်ခြင်း၊သတင်းဌာနများကတင်​သောသတင်း​အောက်တွင် စစ်တပ်ဝါဒဖြန့်အ​ကောင့်များက အုပ်စုလိုက် သတင်းအမှားဖြန့်ခြင်းများကို အရှိန်အဟုန်ဖြင့်ပြုလုပ်​နေသည်ကိုလည်း​တွေ့ရသည်။

ဗုံးကြဲမှု​ကြောင့်​ ​ကျောင်းသားငယ်များသေဆုံးပြီး​မြေပြင်တွင်အ​ထောက်အထားသက်​သေများစွာရှိ​နေသလို ၊စစ်တပ်က ဗုံးကြဲ၍ ဗုံးအကျွင်းအကျန်အစအနများကိုပင်သက်​သောရှိ​နေ​သော်လည်းစစ်​ကောင်စီကမူ ထုံးစံအတိုင်း ​​ဗြောင်လိမ်​နေခြင်းဖြစ်သည်။

“ကလိန်ကကျစ်စစ်တပ်”ဟု စစ်ကိုင်းတိုင်းအတွင်း လွတ်မြောက်နယ်မြေတစ်ခုမှ CDM ဝန်ထမ်းအမျိုးသမီးတစ်ဦးက စစ်တပ်ကသတင်းလိမ်လည်ထုတ်ပြန်ခြင်းအ​ပေါ်မှတ်ချက်ပြုသည်။

စစ်ကောင်စီသည်​မေ ၁၂ရက်​နေ့ တစ်နေ့တည်းမှာပင် ဒီပဲရင်းမြို့နယ်အပြင် ချောင်းဦးမြို့နယ်၊ အင်း​တော်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မ်ိုင်းငေါ့မြို့နယ်ခွဲ စသည့်​ဒေသတို့တွင်လည်း လေကြောင်းမှ ဗုံးကြဲ၍ ​ဒေသခံပြည်သူများ ​သေဆုံးဒဏ်ရာရရှိခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကိုင်းတိုင်း၊ခါမ်းပါတ်မြို့နှင့် မကွေးတိုင်း၊ ကျောက်ထုမြို့ကို စစ်ကောင်စီက ယနေ့(မေလ ၉ရက်) ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ကို ယနေ့(မေလ ၅ရက်)တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

Facebook