close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ ဖိအားပေးမှုတွေကို အညံ့မခံဘူးလို့ ရွေးကောက်ပွဲ အနိုင်ရ ကနေဒါ ဝန်ကြီးချုပ်ပြော

ရွေးကောက်ပွဲမှာ ပြန်လည် အနိုင်ရခဲ့တဲ့နောက် ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးက သူ့ရဲ့ နိုင်ငံဟာ အမေရိကန်ရဲ့ ဖိအားပေးမှုတွေအတွက် ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ကြောင်း ကြုံးဝါးလိုက်ပါတယ်။

March 9, 2025, Ottawa, On, Canada: MARK CARNEY, leader of the Liberal Party of Canada, speaks after being announced the winner at the Liberal Leadership Event in Ottawa. Carney vowed Sunday to “keep our tariffs on until the Americans show us respect” in a message to U.S. President Donald Trump. Carney is expected to formally replace Trudeau as prime minister next week. (Credit Image: © Justin Tang/The Canadian Press via ZUMA Press)

ရွေးကောက်ပွဲမှာ ပြန်လည် အနိုင်ရခဲ့တဲ့နောက် ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးက သူ့ရဲ့ နိုင်ငံဟာ အမေရိကန်ရဲ့ ဖိအားပေးမှုတွေအတွက် ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ကြောင်း ကြုံးဝါးလိုက်ပါတယ်။

ကနေဒါ ဖက်ဒရယ် ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ကြေညာခဲ့ပြီးတဲ့နောက် ကာနေးက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကနေဒါအပေါ် ဖိအားပေးမှု၊ လှောင်ပြောင်မှုတွေနဲ့ ပတ်သက်ပြီး အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ဟာ ကနေဒါအပေါ် ကုန်သွယ်အခွန်အခတွေ တိုးမြှင့် စည်းကြပ်တာ၊ ကနေဒါဆိုတာ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်သင့်တယ်လို့ မလေးမစား ပြောဆိုတာတွေ လုပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဂျက်စတင် ထရူဒူ နုတ်ထွက်ချိန်မှာ ရာထူးဆက်ခံခဲ့သူ ကာနေးနဲ့ သူ့ရဲ့ လစ်ဘရယ် ပါတီဟာ အခုနှစ် ရွေးကောက်ပွဲအတွက် လူကြိုက် နည်းခဲ့ပေမယ့် ထရမ့်နဲ့ ပတ်သက်ပြီး မာမာထန်ထန် တုံ့ပြန် ရပ်တည်မှုတွေက မဲဆန္ဒရှင်တွေရဲ့ အမြင်ကို ပြောင်းလဲပစ်လာနိုင်ခဲ့ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်လည်း ကာနေးရဲ့ လစ်ဘရယ် ပါတီဟာ မဲအများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သောင်ပြိုကမ်းပြို ရလဒ်တစ်ခုနဲ့ အနိုင်ရတာမျိုး မဟုတ်တာကြောင့် ပါတီငယ် တစ်ခုခုနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့တော့ လိုအပ်မှာပါ။

လတွေအတော်များများကြာအောင် သူဆက်တိုက် သတိပေးထားခဲ့သလိုပဲ အမေရိကန်ဟာ ကနေဒါရဲ့ မြေ၊ ကနေဒါရဲ့ ရေ၊ ကနေဒါရဲ့ သယံဇာတတွေနဲ့ ကနေဒါ နိုင်ငံကို လိုချင်နေကြောင်း၊ သမ္မတ ထရမ့်ဟာ ကနေဒါကို သွေးခွဲဖို့ ကြိုးစားနေပြီး ဒါမှသာ ကနေဒါက အမေရိကန်ကို ထိန်းချုပ်လာနိုင်မှာ ဖြစ်ကြောင်းလည်း ကာနေးက ပြောပါတယ်။ အခုရွေးကောက်ပွဲ ရလဒ်ကတော့ ကနေဒါရဲ့ ခိုင်မာတဲ့ သွေးစည်းမှုကို ပြသလိုက်တဲ့ သတင်းစကား တစ်ခုလို့ သူက ညွှန်းဆိုခဲ့ပါတယ်။

နောက်ပြီး ရွေးကောက်ပွဲအကြို ကာလတွေမှာ အခြေအနေ ဆိုးနေခဲ့ရာကနေ အပြောင်းအလဲတွေ ဖန်တီးပြခဲ့တဲ့ သူ့ပါတီရဲ့ အနေအထားကိုလည်း ပြောင်မြောက်တဲ့ စွမ်းဆောင်မှု တစ်ခုလို့ ကာနေးက ချီးကျူးခဲ့ပါတယ်။

ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ သူအကြိမ်ကြိမ် မီးမောင်းထိုးပြခဲ့တဲ့ ကနေဒါနဲ့ အမေရိကန်ကြား ဆက်ဆံရေး အပြောင်းအလဲ ကိစ္စကိုလည်း ကာနေးက ရွေးကောက်ပွဲ အနိုင်ရအပြီးမှာ ထပ်လောင်း သတိပေး ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ သစ္စာဖောက်မှုကို အရမ်း တုန်လှုပ် အံ့ဩခဲ့ရကြောင်း၊ ဒါပေမဲ့ ကနေဒါဟာ ဒီလို သင်ခန်းစာတွေကို ဘယ်တော့မှ မမေ့သင့်ကြောင်း၊ ကနေဒါက ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာဖြစ်ကြောင်း၊ ပြီးတော့ ကနေဒါ နိုင်ငံသား အချင်းချင်း ပိုမို ရိုင်းပင်းဖို့ လိုအပ်ကြောင်းလည်း ကာနေးက ဆိုပါတယ်။

လစ်ဘရယ် ပါတီက ရွေးကောက်ပွဲ လေးကြိမ်ဆက် အနိုင်ရရှိပြီးတဲ့နောက် ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် ပီယေး ပွိုင်လီယက်ဗ်က ပါတီရဲ့ အရေးနိမ့်မှုကို အတည်ပြု ကြေညာခဲ့ပါတယ်။ သူ့ရဲ့ ပါတီဟာ အမေရိကန်မှာ ထရမ့် သမ္မတ ပြန်ဖြစ်မလာခင်ထိ လူထုအမြင် စစ်တမ်းတွေမှာ လစ်ဘရယ် ပါတီအပေါ် အတော်ကြီး ပြတ်ပြတ်သားသား ဦးဆောင်နေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆိုးသထက်ဆိုးတဲ့ အခြေအနေ တစ်ခုအနေနဲ့ ပွိုင်လီယက်ဗ် ကိုယ်တိုင်ပါ လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး ထိန်းသိမ်းထားခဲ့တဲ့ ကာလန်တန် မဲဆန္ဒနယ် အထက်လွှတ်တော် အမတ်နေရာကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ သူဟာ အခုရွေးကောက်ပွဲမှာ လစ်ဘရယ်ပါတီ ကိုယ်စားပြု ပြိုင်ဘက် ဘရိုင် ဖန်ဂျွိုင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

ကာနေးဟာ သူ့ရဲ့ မဲဆွယ်ကာလ တလျှောက်လုံးမှာ ထရမ့်ကို ဆန့်ကျင်တဲ့ သဘောထားတွေကို အဓိက မူဝါဒ တစ်ခုအဖြစ် ကျင့်သုံးခဲ့ပါတယ်။ ပွိုင်လီယက်ဗ်ကတော့ သူနဲ့ တခြားသော ပါတီတွေဟာလည်း ကနေဒါရဲ့ အကျိုးစီးပွား၊ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ အတွက်တော့ ကာနေးရဲ့ အစိုးရနဲ့ ပူးပေါင်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

သမ္မတ ထရမ့်ရဲ့ သွင်းကုန်အခွန် စည်းကြပ်မှုနဲ့ တခြား လက်လွတ်စပယ် လုပ်ရပ်တွေကို တုံ့ပြန်တဲ့ နေရာမှာ ကနေဒါ နိုင်ငံရေးသမား အားလုံးဟာ ကနေဒါနိုင်ငံရဲ့ အကျိုးစီးပွားကိုပဲ ဦးစားပေးရမှာ ဖြစ်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟိုသီတွေရဲ့ တိုက်ခိုက်မှုကို တိမ်းရှောင်ချိန်မှာ အမေရိကန် လေယာဉ်တင် သင်္ဘောပေါ်က တိုက်လေယာဉ်တစ်စီး ပင်လယ်ထဲ ပြုတ်ကျပြီး ဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ဖြစ်ပေါ်နေတဲ့ လက်ရှိ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှုရှိရှိ ဖြေရှင်းကြဖို့ အိန္ဒိယနဲ့ ပါကစ္စတန် အစိုးရတွေကို ဆက်သွယ် တိုက်တွန်းထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

သတင်း

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပရောက်မြန်မာများက အာဏာရှင်ဆန့်ကျင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (ဧပြီ ၂၇) အသီးသီး ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတကာ

ယူကရိန်း သမ္မတနဲ့ လူချင်းတွေ့ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ပွဲရပ်ဆိုင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ အမှန်တကယ် ဆန္ဒရှိရဲ့လား ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

Facebook