close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတသက်တမ်း ရက် ၁၀၀ ပြည့်သွားပြီဖြစ်တဲ့ ထရမ့်

သူ့ရဲ့ ဒုတိယ အကြိမ်မြောက် သမ္မတသက်တမ်း ရက် ၁၀၀ ပြည့် အခမ်းအနားမှာ ဒေါ်နယ်လ်ထရမ့်က ရွေးကောက်ပွဲကြို မဲဆွယ်မှုဆန်ဆန် မိန့်ခွန်းတစ်ခုပြောပြီး အောင်မြင်မှုတွေကို မော်ကြွားသွားသလို ပြိုင်ဘက်တွေကို ထိုးနှက်သွားခဲ့ပါတယ်။

The New York Times

သူ့ရဲ့ ဒုတိယ အကြိမ်မြောက် သမ္မတသက်တမ်း ရက် ၁၀၀ ပြည့် အခမ်းအနားမှာ ဒေါ်နယ်လ်ထရမ့်က ရွေးကောက်ပွဲကြို မဲဆွယ်မှုဆန်ဆန် မိန့်ခွန်းတစ်ခုပြောပြီး အောင်မြင်မှုတွေကို မော်ကြွားသွားသလို ပြိုင်ဘက်တွေကို ထိုးနှက်သွားခဲ့ပါတယ်။

ဧပြီ ၂၉ ရက်နေ့က မစ်ချီဂန် ပြည်နယ်ကို ရောက်နေတဲ့ အမေရိကန် သမ္မတဟာ သူ့ကို ထောက်ခံ အားပေးတဲ့ ဒေသခံ လူထုနဲ့ တွေ့ဆုံရင်း သူ့အစိုးရ လက်ထက်မှာ ခိုင်မာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖန်တီးပြနိုင်ခဲ့ကြောင်း ကြွေးကြော်သွားပါတယ်။ အဲဒီ အပြောင်းအလဲတွေဟာ ရိုးရိုးရှင်းရှင်း ဖြစ်သင့် ဖြစ်ထိုက်တာတွေကို ဖြစ်လာအောင် လုပ်ယူတဲ့ တော်လှန်ရေး တစ်ခုလို့လည်း ထရမ့်က ရည်ညွှန်းခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတဟာ သူ့မတိုင်ခင် သမ္မတ ဖြစ်ခဲ့သူ ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီကိုယ်စားပြု သမ္မတဟောင်း ဂျိုးဘိုင်ဒန် အပါအဝင် နိုင်ငံရေး ပြိုင်ဘက်တွေကိုလည်း မိန့်ခွန်းထဲမှာ လှောင်ပြောင် ထိုးနှက်သွားခဲ့ပါသေးတယ်။

ရွေးကောက်ပွဲကြို ကတိတွေကို အကောင်အထည် ဖော်ရာမှာ ထရမ့်ဟာ အမေရိကန်ဆီ တရားမဝင် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းဝင်ရောက်လာသူ အရေအတွက်ကို ထိထိရောက်ရောက် လျှော့ချနိုင်ခဲ့ပေမယ့် စီးပွားရေး တိုးတက်ဖို့ဆိုတဲ့ နေရာမှာတော့ မရေရာမှုတွေ ကြုံနေရပါတယ်။ သူဟာ ကုန်သွယ်ဖက် နိုင်ငံအားလုံးဆီက တင်ပို့လာတဲ့ ကုန်စည်တွေအပေါ် အခွန်စည်းကြပ်မှုတွေ မြှင့်တင်ပြီး တရုတ်နဲ့လည်း ကုန်သွယ်ရေးစစ်ပွဲဆန်ဆန် အားပြိုင်မှုတွေကို ဖန်တီးခဲ့တာကြောင့် အမေရိကန် စီးပွားရေး အနာဂတ်ဟာ မရေရာမှုတွေနဲ့ လုံးထွေးနေပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ကတော့ သူ့အစိုးရဟာ အခုမှ အစပျိုးရုံ ရှိသေးပြီး တကယ့် အပြောင်းအလဲကြီးတွေကို အလုံးအထည် မမြင်ရသေးဘူးလို့ ဒက်ထရိုက်မြို့၊ ဆင်ခြေဖုံး ရပ်ကွက် တစ်နေရာမှာ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ထရမ့်က ထည့်သွင်း အသိပေးသွားခဲ့ပါတယ်။

နောက်ပြီး သူ့အစိုးရဟာ စတင်တာဝန်ယူပြီး ရက် ၁၀၀ အတွင်း ထောက်ခံနှုန်း သိသိသာသာ လျော့ကျလာတယ်ဆိုတဲ့ လူထုအမြင် စစ်တမ်း ရလဒ်တွေ ဆိုတာတွေကလည်း အတုအယောင်တွေသာ ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။

စစ်တမ်း သုတေသန ဌာနတစ်ခုဖြစ်တဲ့ Gallupရဲ့ အဆိုအရ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အမေရိကန် သမ္မတတွေထဲမှာ ရက်ပေါင်း ၁၀၀ ပြည့်တဲ့အချိန် လူထုထောက်ခံမှု ၅၀ ရာခိုင်နှုန်းအောက် ကျဆင်းနေတာ ထရမ့် တစ်ယောက်ပဲ ရှိတယ်လို့ သိရပါတယ်။ ထရမ့်ရဲ့ လက်ရှိ လူထုထောက်ခံမှု ပမာဏဟာ ၄၄ ရာခိုင်နှုန်းသာ ရှိကြောင်း Gallupက ပြောပါတယ်။

ဒါပေမဲ့ အားသာချက် တစ်ခုအဖြစ် ရီပတ်ဘလစ်ကန် အများစုဟာ ထရမ့်နောက်မှာ ခိုင်ခိုင်မာမာ ထောက်ခံ ရပ်တည်နေကြဆဲဖြစ်ပြီး ပြိုင်ဘက် ဒီမိုကရက်တစ်တွေကိုလည်း လူထု ထောက်ခံမှုက အားမကောင်းဘဲ ဖြစ်နေခြင်းပါ။

ဒီမိုကရက်တစ် အမျိုးသား ကော်မတီ (DNC)ကတော့ ထရမ့်ရဲ့ သမ္မတသက်တမ်း ပထမဆုံး ရက်ပေါင်း ၁၀၀ ဟာ အမေရိကန်အတွက် မဟာ့မဟာ ဧရာမ ကျရှုံးမှုကြီး တစ်ခုလို့ ရည်ညွှန်းခဲ့ပါတယ်။

နေထိုင်စရိတ်တွေ မြင့်တက်လာတာ၊ အသက်ကြီးလာချိန်မှာ အငြိမ်းစားယူဖို့ ခက်ခဲလာတာတွေဟာ ထရမ့်က မွှေထားတာတွေကြောင့်ဖြစ်ပြီး ထရမ့်ယူဆောင်လာမယ့် စီးပွားရေး ကျဆင်းမှုတွေဟာလည်း အမေရိကန်ရဲ့ တံခါးဝရှေ့ ရောက်နေပြီလို့ DNCက ဝေဖန်သွားပါတယ်။

ကိုးကား: BBC
https://www.bbc.com/news/articles/c98gv43pjjno

ဆက်စပ်သတင်းများ

Facebook