ဧပြီ-၂၇၊၂၀၂၅။ သုည/People’s Spring
အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပရောက်မြန်မာများက အာဏာရှင်ဆန့်ကျင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (ဧပြီ ၂၇) အသီးသီး ပြုလုပ်ခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee-Northern California က ဦးဆောင်၍ “ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လုပ်ဆောင်ခဲ့သည်။
အဆိုပါဆန္ဒပြပွဲကို နွေဦးတော်လှန်ရေးအင်အားစုများ၊ ထောက်ပို့ပြည်သူများနှင့် ကျောင်းသားလူငယ်များ စုပေါင်းပါဝင်ခဲ့ကြပြီး “Free Burma” ၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” စသည့် စာသားများကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ကိုလည်း ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

Public Service Announcement
အလားတူ တောင်ကိုရီယားနိုင်ငံ အူဆန်မြို့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကိုရီးယား-မြန်မာ အဖွဲ့က ဦးဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြပွဲတွင် တော်လှန်ရေးတက်ကြွလှုပ်ရှားသူဒယ်ဂူးဘုန်းဘုန်းက မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်ပြုတ်ကျသည်အထိ စိတ်ဓာတ်ကြံ့ခိုင်စွာ လှုပ်ရှားမှုမျိုးစုံဖြင့် ဆက်လက်ပါဝင်ဆင်နွှဲရန် ပြည်တွင်း၊ပြည်ပရှိ ပြည်သူများကို အသိပေးတိုက်တွန်းခဲ့သည်။
ဓာတ်ပုံ – Free Burma Action Committee-Northern California
