close
Connect with us

Hi, what are you looking for?

သတင်း

မုဒုံနှင့် သံဖြူဇရပ်ရှိ စစ်ကောင်စီတပ်ကို NMSP-ADတပ် တိုက်ခိုက်

NMSP-ADသည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး ယခုနှစ်ဆန်းမှစ၍ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။

(စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သော NMSP-ADတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NMSP-AD)
(စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သော NMSP-ADတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NMSP-AD)

◾️အရာရှိအပါအဝင် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟုဆို

ဟန်နွေ/People’s Spring

မွန်ပြည်နယ် သံဖြူဇရပ်နှင့် မုဒုံမြို့နယ်ရှိ စစ်ကောင်စီတပ်များကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး)-NMSP-AD က တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်က ယနေ့(နိုတင်ဘာ ၂၈ရက်)သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၆ရက်က မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်စခန်းနှင့် နိုဝင်ဘာ ၂၃ရက်တွင် သံဖြူဇရပ် မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ဟု အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ အရာရှိအပါဝင် သေဆုံးသူ ၈ဦးရှိပြီး ၃ဦး ဒဏ်ရာရခဲ့ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့အနေနဲ့ စစ်ရေးဖော်ဆောင်မှုက ဆက်တိုက်ပြုလုပ်နေမှာဖြစ်ပါတယ်။ အဲဒီလောက်ပဲ သတင်းစကားပေးပါမယ်” ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။

စစ်ကောင်စီတပ်များကို ဒရုန်းဖြင့်တိုက်ခိုက်မှုကိုလည်း ဖော်ပြခဲ့ရာ သံဖြူဇရပ်မြို့အဝင် ဖောင်စိန်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိ ၂ဦး အပါအဝင် ၃ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ပြီး မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ် အမတ (၃၁၈)ကို ဒရုန်းဖြင့်တိုက်ခိုက်မှု၌ စစ်ကောင်စီတပ် ၅ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

NMSP-ADသည် ဒေသတွင်း မွန်တော်လှန်ရေးတပ်များအပါအဝင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းပြီးလည်း စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

NMSP-ADသည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး ယခုနှစ်ဆန်းမှစ၍ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တပ်ခွဲမှူးတစ်ဦးနှင့် ရဲဘော်တစ်ဦးဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သရက်ခရိုင် အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်သည်။

သတင်း

မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ခုနစ်လကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒုံးကျည် တိုက်ခိုက်မှုကြောင့် ရုရှားရဲ့ နာမည်ကျော် လေကြောင်း ကာကွယ်ရေး စနစ်တစ်ခု ထိခိုက် ပျက်စီးခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်​ကောင်စီ ဝန်ထမ်းတစ်ဦးက MICC2 တိုက်ခိုက်ခံရမှုကို ၎င်းမသိဘဲ ဇမ္ဗူသီရိမြို့နယ်ရှိ အရာရှိအိမ်ရာထဲ ဒရုန်းဖြင့်တိုက်ခိုက်ခံရ​​ကြောင်း​ပြောသည်။

Trending

Facebook