close
Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်မြို့ လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ သုံးဦးရှိလာ

ဒဏ်ရာရသူများအနက် အသက် (၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဒီဇင်ဘာ ၂ ရက်နံနက်က ထပ်မံသေဆုံးသွားခြင်းဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

(ဒီဇင်ဘာ ၁ရက်က တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်၍ ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - APM)
(ဒီဇင်ဘာ ၁ရက်က တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်၍ ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - APM)

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအနက် ကလေးငယ်တစ်ဦး ထပ်မံသေဆုံး၍ စုစုပေါင်းသေဆုံးသူ သုံးဦးရှိလာသည်။

တောင်ကုတ်မြို့နှင့် (၆)မိုင်ခန့်အကွာရှိ ခရိုင် ကျေးရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၁ရက်ည ၉နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်နှစ်ဦးသေဆုံးပြီး ၁၉ဦး ဒဏ်ရာရသွားခဲ့သည့်အနက်မှ တစ်ဦးထပ်မံသေဆုံးခြင်းဖြစ်သည်။

ဒဏ်ရာရသူများအနက် အသက် (၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဒီဇင်ဘာ ၂ ရက်နံနက်က ထပ်မံသေဆုံးသွားခြင်းဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ကလေးနဲ့ သူ့မိသားစုကမြို့ပေါ်ကနေ လာရှောင် နေကြတာဗျ။ ဒဏ်ရာကဝမ်းဗိုက်မှာရတာ။ ပြင်းထန်တော့ ကုဖို့ခက်သွားတာ”ဟု ခရိုင်ရွာဒေသခံတစ်ဦးက ပြောသည်။

ခရိုင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၇၀)ခန့်အမျိုးသမီးတစ်ဦး၊ အသက်(၁၇)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၁၂)နှစ်အရွယ်ကလေးငယ်တို့ သေဆုံးထားသည်။ထို့အပြင် ကလေးငယ်အချို့အပါအဝင် ၁၈ဦးမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

တောင်ကုတ်မြို့နယ်မှ စစ်ကောင်စီစခန်း ၁၀ခုကို တိုက်ခိုက်သိမ်းယူပြီးနောက် မြို့ကိုထိန်းချုပ် ထားသည်ဟု အာရက္ခတပ်တော်( AA)က နိုဝင်ဘာ ၂၉ ရက် သတင်းထုတ်ပြန်ထားသည်။

လက်ကျန်စခန်းသုံးခုဖြစ်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) တပ်မဌာနချုပ်နှင့် ခမရ (၃၄၆)နှင့် ခမရ (၅၄၄)တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများသည် မြို့ပေါ်တိုက်ပွဲများအတွင်း AAက မြို့ခံများကို ဘေးလွတ်ရာသို့ ပို့ဆောင်ထားသူများဖြစ်သည်။ မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ်ကလည်း AAက တောင်ကုတ်မြို့ကို လေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၅၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်အချို့နှင့် ရခိုင်အခြေစိုက်သတင်းဌာနများက ဖော်ပြထားသည်။

စကခ (၅)တပ်မဌာနချုပ်နှင့် ခမရ (၃၄၆)နှင့် ခမရ (၅၄၄)တပ်ရင်း စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ပုသိမ်နှင့် မကွေးလေဆိပ်မှတက်သည့် လေ‌ယာဉ်များဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဆီဆုံကုန်းရွာခံ အမျိုးသမီးအချို့နှင့် ကလေးငယ်များအပါအဝင် ဒေသခံကိုးဦး လက်နက်ကြီးဆများထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ရှင်းပြသည်။

သတင်း

ရယ်ဗဇုန်စခန်းသိမ်းတိုက်ပွဲတွင် ခလရ (၂၂၂) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သော်ဇင်လတ်အပါအဝင် စစ်တပ်အရာရှိ ၂ဦး၊ ရဲအရာရှိ ၁ဦး စုစုပေါင်း ၁၁ဦး သေဆုံးကာ ၁၉ဦးကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သတင်း

နိုဝင်ဘာ ၂၂ရက်ကလည်း KNLAပူးပေါင်းတပ် သိမ်းရထားသည့် စစ်ကောင်စီ၏ မထောစစ်စခန်းအား နယ်မြေရှင်းလင်းစဉ် ၈၁ မမ လက်နက်ကြီး တစ်လက်ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

သတင်း

နိုဝင်ဘာ၂၇ ရက်ကလည်း AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ဒေသခံ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

Facebook