-People’s Spring
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၄ အမေရီကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်တော့မှာမဟုတ်ဘူးလို့ သူရဲ့ဖေစ်ဘွခ်စာမျက်နှာကတစ်ဆင့်ကြညာလိုက်ပါတယ်။
ဒီမိုကရက် ပါတီဝင်တွေကြားမှာတောင် ဘိုင်ဒန်ရဲ့ အသက်အရွယ်၊ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ ဘိုင်ဒန်နုတ်ထွက်ပြီး ဒုတိယ သမ္မတ ကာမာလာ ဟားရစ်ကို အစားထိုး ယှဉ်ပြိုင်ဖို့ တောင်းဆိုသူတွေ ပိုများလာနေပါတယ်။ ဒါပေမဲ့လည်း ဘိုင်ဒန်ကတော့ အဲဒီ စိုးရိမ်မှုတွေကို တလျှောက်လုံးခေါင်းမာမာနဲ့ ငြင်းဆိုပြီး သူ့ရဲ့ ဆုံးဖြတ် ရွေးချယ်မှုက အရမ်းရှင်းလင်းကြောင်း၊ အားလုံး တစ်သား

Public Service Announcement
တည်း အတူ စုစည်းနေမယ်ဆိုရင် ရွေးကောက်ပွဲမှာ မနိုင်စရာ အကြောင်းမရှိကြောင်း အစောပိုင်းကတုံ့ပြန်ခဲ့တာပါ။ဒါပေမယ် အမေရီကန်သမ္မတရဲ့ ဇူလိုင် ၂၁ ရက်နေ့မှာအမေရီကန်ပြည်သူတွေကို ရည်ညွန်းရေးထားတဲ့စာမှာ ရွေးကောက်ပွဲဝင်မပြိုင်တော့ဘူးလို့ ကြေညာလိုက်တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သမ္မတဟောင်း ဘာရတ်အိုဘားမားနဲ့ လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီ ပလော့စီတို့လို အထင်ကရ ဒီမိုကရက် ပါတီဝင်တွေကပါ လူထုအမြင် စစ်တမ်းတွေအရ အသက် ၈၂ နှစ်အရွယ်ဘိုင်ဒန်ဟာ ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက် ဒေါ်နယ်လ်ထရမ့်ကို နိုင်ခြေ လုံးဝမရှိကြောင်း သတိပေးခဲ့ကြတယ်လို့ ပါတီတွင်း သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။ ဒါကြောင့် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ထရန့်နိုင်ဖို့ အပြတ်အသတ်ရေးပန်းစားနေချိန်မှာ ဘိုင်ဒန်ဟာ အခုလို ရွေးကောက်ပွဲဝင်မပြိုင်တော့ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အမေရီကန်လက်ရှိသမ္မတကနောက်သက်တမ်းအတွက် ရွေးကောက်ပွဲဝင်မပြိုင်တာဟာ အမေရီကန်သမိုင်းမှာ ဆယ်စုနှစ်များစွာအတွင်းပထမဆုံးအကြိမ်ဖြစ်တယ်လို့ CNN ကဖော်ပြပါတယ်။ ဘိုင်ဒန် ရွေးကောက်ပွဲ မပြိုင်တော့တာကြောင့် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း အဖြစ် နိုဝင်ဘာရွေးကောက်ပွဲကို ဘယ်သူ့ကို အစားထိုးယှဥ်ပြိုင်စေမလဲဆိုတာတော့ မသိရသေးပါဘူး။
ဘိုင်ဒန်ရဲ့စာထဲမှာ ဒုတိယသမ္မတ ကာမာလာ ဟားရစ်ရဲ့စွမ်းဆောင်မှုတွေကို ချီးကျူးထားပါတယ်။ ဘိုင်ဒန်အစား ကာမာလာ ဟားရစ် ရွေးကောင်ပွဲဝင်ပြိုင်ရင် အနိုင်ယူဖို့ ပိုတောင်လွယ်မယ်လို့ ထရန့်က CNN ကိုပြောပါတယ်။
