close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်ချင်းပစ်ဒုံးကျည် (ICBM)နဲ့ ရုရှား တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစွပ်စွဲ၊ စစ်ပွဲမှာ ပထမဆုံးအကြိမ် ICBM အသုံးပြုမှုဖြစ်လာ

ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားဟာ ပထမဆုံး အကြိမ်အဖြစ် မဟာဗျူဟာ တိုက်ချင်းပစ် ဒုံးကျည် (ICBM) တစ်စင်းကို အသုံးပြုခဲ့ကြောင်း ယူကရိန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

တိုက်ချင်းပစ်ဒုံးကျည် (ICBM)နဲ့ ရုရှား တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစွပ်စွဲ၊ စစ်ပွဲမှာ ပထမဆုံးအကြိမ် ICBM အသုံးပြုမှုဖြစ်လာ

နိုဝင်ဘာ ၂၁ ရက်နေ့၊ ယူကရိန်းရဲ့ ပြောဆိုမှုသာ အမှန်ဆိုရင် ဒါဟာ လက်တွေ့ တိုက်ခိုက်တဲ့ စစ်ပွဲမှာ ICBM တစ်စင်းကို ပထမဆုံးအကြိမ် ထုတ်သုံးမှု ဖြစ်လိမ့်မယ်လို့ စစ်ရေး သုတေသီတွေက ပြောပါတယ်။

ICBMတွေဟာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်ပြီး ကီလိုမီတာ ထောင်နဲ့ချီ ကွာဝေးတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ မဟာဗျူဟာမြောက် ဖျက်အားပြင်း လက်နက်တွေ ဖြစ်ပါတယ်။ ICBMတွေ ပိုင်ဆိုင်တဲ့ နိုင်ငံတွေဟာ စမ်းသပ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ကြပေမယ့် စစ်ပွဲတွေမှာ ဘယ်တုန်းကမှ ထုတ်မသုံးခဲ့ပါဘူး။

နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး ကဏ္ဍကို တာဝန်ယူထားတဲ့ ယူကရိန်း လေတပ်က ရုရှားဟာ ICBM တစ်စင်းကို စစ်ပွဲမှာ ပထမဆုံးအကြိမ် ထုတ်သုံးခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ ကီလိုမီတာ ရာနဲ့ချီ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေကို ရုရှားပိုင်နက်ထဲမှာ အသုံးပြု တိုက်ခိုက်ခွင့် ပေးခဲ့တဲ့နောက် ရုရှားဖက်က လွန်လွန်ကျွံကျွံ တုံ့ပြန်လာတဲ့ အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။

ယူကရိန်း လေတပ်က ရုရှားဟာ ဘယ်လို အခြေအနေမှာ ဘယ်လို ထိပ်ဖူးတပ်ထားတဲ့ ICBMနဲ့ ပစ်ခတ်ခဲ့သလဲ ဆိုတာကို တိတိကျကျ မပြောပါဘူး။ ဒါပေမဲ့ ရုရှားဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်ပြီး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အခြေအနေတော့ မတွေ့ရပါဘူး။ ရုရှားဖက်ကလည်း ယူကရိန်း လေတပ်ရဲ့ ထုတ်ပြန်ချက်ကို လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ်ကို အဲဒီကိစ္စအတွက် သတင်းထောက်တွေက မေးမြန်းကြတဲ့အခါ သူက ရုရှား စစ်တပ်ဆီ ဆက်သွယ်ပါလို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သတင်းဌာန ယူကရိန်စကာ ပရက်ဗ်ဒါကတော့ လေတပ်ရဲ့ အမည်မဖော်တဲ့ အရာရှိ တစ်ဦးကို ကိုးကားပြီး ရုရှားပစ်လွှတ်ခဲ့တဲ့ ICBMဟာ RS-26 Rubezhတစ်စင်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒါဟာ လောင်စာတောင့် နည်းပညာကို အသုံးပြု တည်ဆောက်ထားပြီး ကီလိုမီတာ ၅၈၀၀ လောက်ထိ ခရီးပေါက်နိုင်တဲ့ ICBM အမျိုးအစား ဖြစ်ပါတယ်။

ရုရှားဟာ RS-26ကို ၂၀၁၂ ခုနှစ်မှာ အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။ အဲဒီ ဒုံးကျည်ဟာ ၁၂ မီတာ ရှည်ပြီး ၃၆ တန် လေးတယ်လို့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေးစင်တာ (CSIS)က ဆိုပါတယ်။ အဲဒီ ဒုံးကျည်ဟာ ကီလိုဂရမ် ၈၀၀ ထိ လေးလံတဲ့ ထိပ်ဖူးတွေကို သယ်ဆောင်နိုင်ပါတယ်။

ယူကရိန်း လေတပ်က ရုရှားရဲ့ ICBMဟာ ဘယ်နေရာကို ပစ်မှတ်ထားခဲ့သလဲ ဆိုတာကိုရော၊ ထိခိုက်ပျက်စီးမှု ဘယ်လောက် ရှိသလဲ ဆိုတာကိုပါ ထုတ်မပြောသေးပါဘူး။ ဒါပေမဲ့ ဒီနီပရို ဒေသ အုပ်ချုပ်ရေးမှူး ဆာဟီလိုင်ဆက်ခ်ကတော့ ရုရှား ICBMဟာ ဒေသတွင်းက စက်မှုဇုန် တစ်ခုကို ထိမှန်ခဲ့ပြီး ဆိုးရွားတဲ့ မီးလောင်မှုတွေ ဖြစ်ပေါ်စေခဲ့သလို လူ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်း လေတပ်က ရုရှားဟာ ICBMနဲ့အတူ အသံထက် ၁၀ ဆ ပိုမြန်တယ်လို့ ရုရှားက ကြွေးကြော်ထားတဲ့ Kinzhal ဟိုက်ပါဆောနစ် ဒုံးကျည်တွေနဲ့ Kh-101 ခရုစ် ဒုံးကျည်တွေကိုပါ ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီထဲက ဒုံးကျည် ၆ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း သီးခြား ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

အဆိုပါစစ်ဆင်ရေးကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် M79 လက်နက်ကြီးဖြင့်၄၀မမ (၃)လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုအပြီး နိုဝင်ဘာလ ၁၈ရက် နေ့လည်ပိုင်းမှစတင်ကာ ထားဝယ်မြစ်တဖက်ကမ်း လောင်းလုံးမြို့နယ်အတွင်းမှ ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးပြီး ပူးပေါင်းသွားသည့် တပ်ကုန်း၊ ချောင်းနားစသည့် ကျေးရွာများသည် ကိုင်လယ်ရဲစခန်းနှင့်ကပ်လျှက်တည်ရှိသည့် ကျေးရွာများဖြစ်သည်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံလုပ် တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုပြီး ယူကရိန်းက ရုရှားပိုင်နက် အတွင်းပိုင်းကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Trending

Facebook