close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထောက်ခံမှုများသည့်ဒေသများတွင်လည်း စစ်မှုထမ်းရန် ဖမ်းဆီးနေ

စစ်တပ်ထောက်ခံမှုအားကောင်းသည့် ဒေသများဖြစ်သော်လည်း အာဏာရှင်ဆန့်ကျင်သည့် လူငယ်များ၊ အဖွဲ့အစည်းအများအပြားလည်းရှိပြီး စစ်ကောင်စီအား တော်လှန် တိုက်ခိုက်နေပါသည်။

(ယခုလဆန်းပိုင်းအတွင်းက မိတ္ထီလာမြို့အဝင်တွင် စစ်ဆေးနေသော စစ်အုပ်စုဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-ပသစ)
(ယခုလဆန်းပိုင်းအတွင်းက မိတ္ထီလာမြို့အဝင်တွင် စစ်ဆေးနေသော စစ်အုပ်စုဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-ပသစ)

အင်ကြင်း/People’s Spring

စစ်တပ်ထောက်ခံမှုအားကောင်းသည်ဆိုသော အလယ်ပိုင်းဒေသများဖြစ်သည့် မိတ္ထီလာ၊ကျောက်ဆည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များတွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ် အများအပြားအား လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၀ ရက်)က မိတ္ထီလာ၊ကျောက်ဆည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များတွင် စစ်ကောင်စီတပ်က လူငယ်အများအပြားအား လိုက်လံဖမ်းဆီးနေပြီး မလှိုင်မြို့နယ်မှ လူငယ် ၃၀ကျော်၊ ဝမ်းတွင်းမြို့နယ်မှ လူငယ် ၄၀ ကျော် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့သိရသလောက် မြို့ပေါ်တွေမှာဆွဲတာပါ၊ ညဘက်အိမ်ပေါ်အထိ တက်ဆွဲတာရှိသလို ညဦးပိုင်းအပြင်ထွက်တဲ့လူငယ်တွေကို ဆွဲတာပါ။”ဟု Guardians Of Mahlaing အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Voice Of Wundwin အဖွဲ့ဝင်တစ်ဦးကလည်း ” အကြီးအကျယ်ပေါ်တာဆွဲနေတာ”ဟု ပြောသည်။

မိတ္ထီလာနှင့် ကျောက်ဆည်မြို့များတွင်လည်း ဖမ်းဆီးခံရသည့်လူငယ်အရေအတွ​က် မသိရသေးသော်လည်း စစ်တပ်၏ ဖမ်းဆီးမှုများကြောင့် မြို့ပေါ်တွင် လူသွား၊ လူလာနည်းပါး သွားသည်ဟု မြို့ခံများက ပြောသည်။

” မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းမှာရှိတဲ့ လူငယ်၊ လူလတ်ပိုင်းအများစု ကိုယ့်အိမ်မှာကိုယ် မအိပ်ရဲကြတဲ့အခြေအနေလို့ သိရပါတယ်။တလျှောက် လုံး စစ်တပ်ထောက်ခံခဲ့တဲ့ မိသားစုဝင်လူငယ်တွေပါ ပြေးနေကြရတဲ့အခြေအနေလို့ သိရပါတယ်။”ဟု Guardians Of Mahlaing အဖွဲ့က ပြောသည်။

အဆိုပါဒေသများသည် စစ်တပ်ထောက်ခံမှုအားကောင်းခဲ့သည့်ဒေသများဖြစ်ပြီး စစ်မှုထမ်းရန်ဖမ်းဆီးမှု မရှိသလောက် နည်းပါးခဲ့သည်။

သို့သော် စစ်တပ်ထောက်ခံမှုအားကောင်းသည့် ဒေသများဖြစ်သော်လည်း အာဏာရှင်ဆန့်ကျင်သည့် လူငယ်များ၊ အဖွဲ့အစည်းအများအပြားလည်းရှိပြီး စစ်ကောင်စီအား တော်လှန် တိုက်ခိုက်နေပါသည်။

စစ်ကောင်စီသည် လွန်ခဲ့သော ၂၀၁၀က ပြဌာန်းခဲ့သည့် စစ်မှုမထမ်းမနေရဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြန်လည်အသက် သွင်းခဲ့သည်။ ထို့နောက် စစ်မှုထမ်းရန် လူငယ် များအား အဓမ္မခေါ်ယူခဲ့ပြီးနောက် အပတ်စဉ်(၁) သင်တန်းကို ဧပြီ ၈ရက်တွင်စတင်ခဲ့ရာ ယခုအခါ အပတ်စဥ်(၇)အား စတင်ရန်ကြိုးပမ်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ၎င်းတို့အာဏာသက်ရောက်နေဆဲဖြစ်သည့် ဒေသများတွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များအား ဆင့်ခေါ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီး၍ စစ်မှုထမ်းခိုင်းခြင်းများ ပြုလုပ်နေပြီး စစ်မှုထမ်းသင်တန်း အပတ်စဥ်(၇)အား စတင်ရန် ကြိုးပမ်းနေသည်။

သတင်း

၎င်းတို့ နှစ်ဦးအား လုံခြုံသောနေရာသို့ ပို့ဆောင်ထားပြီး ဂုဏ်ပြုဆုငွေပေးအပ်သွားမည်ဟု ကြိုးကြာနီတပ်ရင်းက အသိပေးသည်။

သတင်း

တံတားဦးမြို့တွင် စစ်မှုထမ်းအပတ်စဥ်သစ်စတင်တိုင်း လူငယ်အများအပြားအား စစ်ကောင်စီတပ်က ရာချီဖမ်းဆီးခေါ်ဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

တံတားဦးနှင့် စစ်ကိုင်းတံတားထိပ်တွင် နှစ်ရက်အတွင်း လူငယ်တစ်ရာကျော် စစ်မှုထမ်းရန် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

Trending

Facebook