close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ ကျောင်းရှေ့လူအုပ်ကိုကားနဲ့ဝင်တိုက်လို့ ကလေးတွေအပါအဝင် လူတချို့ဒဏ်ရာရ

တရုတ်နိုင်ငံမှာ ကားတစ်စီးက ကျောင်းရှေ့မှာ ရှိနေတဲ့ လူအုပ်ထဲ ဝင်တိုက်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူတချို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တရုတ်မှာ ကျောင်းရှေ့လူအုပ်ကိုကားနဲ့ဝင်တိုက်လို့ ကလေးတွေအပါအဝင် လူတချို့ဒဏ်ရာရ
တရုတ်မှာ ကျောင်းရှေ့လူအုပ်ကိုကားနဲ့ဝင်တိုက်လို့ ကလေးတွေအပါအဝင် လူတချို့ဒဏ်ရာရ

-People’s Spring

သတင်းလွတ်လပ်ခွင့် တင်းကျပ်တဲ့ တရုတ်မှာတော့ အာဏာပိုင်တွေက အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ဘဲ ဒဏ်ရာရသူတွေ ရှိခဲ့တယ် ဆိုတာကိုပဲ အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရဲတွေက ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတာ မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ဟူနန်ပြည်နယ်ထဲက ချန်ဒီမြို့မှာ နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တာပါ။ အဖြူရောင် SUVကို မောင်းနှင်လာတဲ့ ယာဉ်မောင်းကို ကျောင်းသားမိဘတွေနဲ့ လမ်းသွားလမ်းလာတွေက ဝိုင်းဖမ်းပြီး ရဲလက်ကို အပ်ခဲ့ပါတယ်။ ဒီလုပ်ရပ်မျိုး ဘာကြောင့် ကျူးလွန်သလဲ ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။

ဒါဟာ တရုတ်နိုင်ငံမှာ သီတင်းပတ် တစ်ခုစာ ကာလအတွင်း လူအုပ်ကို ပစ်မှတ်ထားပြီး ရမ်းကားတိုက်ခိုက်တဲ့ တတိယမြောက် မှုခင်းလည်း ဖြစ်လာပါတယ်။ မကြာသေးခင်ကလည်း တရုတ်မှာ အားကစားရုံ တစ်ခုရှေ့ စုပေါင်း လေ့ကျင့်ခန်း လုပ်နေတဲ့ လူအုပ်ထဲ ကားနဲ့ဝင်တိုက်လို့ ၃၆ ဦး သေဆုံးပြီး ကောလိပ်တစ်ခုရှေ့မှာ ဓားကိုင်ရမ်းကား တိုက်ခိုက်တဲ့ ဖြစ်စဉ်ကြောင့်လည်း ၈ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီအခြေအနေတွေ အပြီးမှာတော့ တရုတ်မှာ လူထုရဲ့ လုံခြုံရေး အစီအမံတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။

ချန်ဒီမြို့ထဲက ဖြစ်စဉ်မှာတော့ ကားကဝင်တိုက်ချိန် ကျောင်းသားမိဘတချို့ လေထဲကို အရှိန်နဲ့ မြောက်တက်သွားခဲ့တာ တွေ့ရကြောင်း မျက်မြင်တချို့က ပြောပါတယ်။ ကျောင်းမှာ လုံခြုံရေး ဝန်ထမ်းတွေ ခန့်ထားပေမယ့် အသက် ၇၀ ကျော် ၈၀ ဝန်းကျင် အရွယ်တွေ ဖြစ်တာကြောင့် ထိထိရောက်ရောက် ဘာမှ မတုံ့ပြန်နိုင်ခဲ့ကြောင်း ကျောင်းသားမိဘ တစ်ယောက်က ဆိုပါတယ်။

လူမှုကွန်ရက်ပေါ် ရောက်လာတဲ့ ဗီဒီယို ဖြတ်ပိုင်းတချို့မှာတော့ ကလေးတွေ လမ်းပေါ် လဲနေတာ၊ တချို့လည်း ကျောပိုးအိတ်တွေလွယ်ပြီး ထွက်ပြေးနေတာတွေကို တွေ့ခဲ့ရပါတယ်။ နောက်ထပ် ဗီဒီယို တစ်ခုမှာတော့ ဒေါသထွက်နေတဲ့ အမျိုးသား တစ်ဦးက ကားထဲမှာ ယာဉ်မောင်း ရှိနေတဲ့ အချိန်မှာပဲ ကားကို နှင်းကော်တဲ့ ဂေါ်ပြားနဲ့ ရိုက်နှက်နေတာကို မြင်ရပါတယ်။ ကားထဲကနေ ယာဉ်မောင်း ထွက်လာချိန်မှာ သူ့ကို လူတွေက တုတ်တွေနဲ့ ဝိုင်းရိုက်ခဲ့ကြပါတယ်။

တရုတ်မှာ အရပ်သားတွေ သေနတ်ကိုင်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပေမယ့် ဓားကိုင်ပြီး လူအများကို တိုက်ခိုက်တဲ့ မှုခင်းမျိုးတွေကတော့ နောက်ပိုင်းနှစ်တွေမှာ မြင့်တက်လာနေခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

UWSAသည် ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ထောင်ချီကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ဖူးသည်။

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားခဲ့ပြီး အဆောင်တစ်ချို့ထိမှန်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

သတင်း

တရုတ်လုံခြုံရေးအဖွဲ့ဝင်အချို့ပါဝင်သော အဆိုပါအဖွဲ့ဖွဲ့စည်းကြောင်း လက်မှတ်ထိုးပွဲကို နေပြည်တော်တွင် ပြုလုပ်သွားခြင်းဟု နေပြည်တော်သတင်းရင်းမြစ်ကပြောသည်။

သတင်း

ဖုန်တာရွှင်သည် ပြီးခဲ့သည့်အောက်တိုဘာလက တရုတ်နိုင်ငံသို့သွားရောက်ခဲ့စဉ် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပြန်ခွင့်မရတော့ဘဲ ထိန်းသိမ်းခံရခြင်းဟုMNDAAတရုတ် ရွှေလီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူ အချို့က ပြောသည်။

Facebook