close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့အဝင် တိုးဂိတ်ရောက်ရှိလာ​သော စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ

အထိနာသွားသော စစ်ကောင်စီတပ်က လက်နက်ကြီး ၆၀မမ နှစ်လုံးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခက်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

(တိုးဂိတ်အတွင်းဝင်လာသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်အပြီး တွေ့ရစဥ်။ဓာတ်ပုံ - File)
(တိုးဂိတ်အတွင်းဝင်လာသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်အပြီး တွေ့ရစဥ်။ဓာတ်ပုံ - File)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် တိုးဂိတ်သို့ ရောက်ရှိလာသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း BRAVE HEART ARMY.BHA၏ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၃ ရက် နံနက် ၉နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်ရှိ မြပုလဲဆီဆိုင်ရှေ့စစ်ဆေးရေးဂိတ်မှ လမ်းကင်းယူရန်ထွက်လာသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား မုံရွာနှင့် ချောင်းဦးမြို့နယ်ကြားရှိ တိုးဂိတ်အရောက်တွင် M18 မိုင်း သုံးလုံးဖြင့် နှစ်​​နေရာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း BRAVE HEART ARMY.BHA၏ တာဝန်ရှိသူက ပြောသည်။

“တိုးဂိတ်ထဲအရောက်မှာ တိုက်ခိုက်တာပါ။ တစ်ပွိုင့်ကို နှစ်ကောင်နဲ့ လေးကောင်ထိခိုက်ဒဏ်ရာရတာပါ။ နှစ်ကောင်ရောက်တဲ့အချိန်မှာ တစ်ပွိုင့်ခွဲလိုက်၊ နောက်ထပ်နှစ်ကောင်ရောက်တဲ့အချိန်မှာ တစ်ပွိုင့်ခွဲလိုက် လုပ်ခဲ့တာပါ။”ဟု BHA၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် စစ်ဗိုလ်တစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရပြီး ဒေသခံများ၏ ကားများအား ချောဆွဲ၍ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ တင်ဆောင်သွားကြောင်း BHAက ဆိုသည်။

အထိနာသွားသော စစ်ကောင်စီတပ်က လက်နက်ကြီး ၆၀မမ နှစ်လုံးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခက်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

အဆိုပါ တိုးဂိတ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် အထိုင်ချ၍ ငွေကောက်ခဲ့ဖူးသော်လည်း တော်လှန်ရေးတပ်များက မကြာခဏတိုက်ခိုက်နေ၍ အထိုင်ချခြင်းမရှိတော့သည်မှာ နှစ်ချီ​ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို BRAVE HEART ARMY.BHA၊ MYAUNG REVOLUTION ARMY.MRA၊ CHINDWIN FIGHTER GROUP.CFG စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၃၁ ရက်ကလည်း မုံရွာ – မန္တလေးလမ်းပေါ်တွင် လမ်းပိုင်းလုံခြုံရေး ယူရန်လာသော မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းအား BHA အဖွဲ့နှင့်မဟာမိတ်များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ အထိနာသွားသော စစ်ကောင်စီတပ်က အနီးရှိ ပရစ်ကုန်း(တောင်)ရွာကို မီးရှို့​ဖျက်ဆီးရာ ကျေးရွာနေ CDMဆရာနှင့် ရပ်ကျေး ပကဖတာဝန်ခံတို့အား သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီအနေဖြင့်လည်း အရပ်သားများနေထိုင်ရာကို သိလျက် ဗုံးကြဲနေခြင်းဖြစ်ပြီး နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ဆက်တိုက် ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ကြောင်း ဦးဇော်ဆန်က ပြောသည်။

သတင်း

ရွာသာကြီးကျေးရွာသည် စစ်ကောင်စီတပ်က တပ်စွဲထားခြင်းဖြစ်၍ သေခံပြည်သူအများစုမှာ နေထိုင်ခြင်းမရှိတော့ဘဲ တိမ်းရှောင်နေရသည်။

သတင်း

အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး မြို့အထွက်လမ်းများလည်း ပိတ်နေပြီဖြစ်သည်။

သတင်း

အထိနာသည့် စစ်ကောင်စီတပ်သည် ဆင်ရိုးခင်ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု သိရသည်။