သတင်း စေတုတ္တရာမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန်ကူညီသည့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး အသတ်ခံရ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် ကူညီနေသည့် မြို့နယ်အဆင့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရကြောင်း စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံမှ သတင်းရရှိသည်။ ludunwayooအောက်တိုဘာ 3, 2024
သတင်း စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေး တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဒီကနေ့ (အောက်တိုဘာ ၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 2, 2024
သတင်း စစ်ကောင်စီက သန်းခေါင်စာရင်းခြိမ်းခြောက်ကောက်ယူနေဟု ရန်ကုန်မြို့ပြည်သူများပြော စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် ရန်ကုန်မြို့အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ခြိမ်းခြောက်ကောက်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။ ludunwayooအောက်တိုဘာ 2, 2024
သတင်း စစ်ကောင်စီသန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က လူမျိုးရေး ၊ ဘာသာရေးလှုံ့ဆော်သည့်စကားများပြောဟု ပြည်သူအချို့ပြော စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် လူမျိုးရေးနှင့်ဘာသာရေးလှုံ့ဆော်သည့် မေးခွန်းအချို့ ဖိအားပေးမေးမြန်း ပြောဆိုမှုများ ပြုလုပ်နေကြောင်း သန်းခေါင်စာရင်းကောက်ခံရသည့် ပြည်သူအချို့ကပြောသည်။ ludunwayooအောက်တိုဘာ 2, 2024
သတင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ဆရာတော်၊သံဃာတော်များ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် သံဃသမဂ္ဂ(မန္တလေး)က သတိပေး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ဆရာတော်၊သံဃာတော်များ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် သံဃသမဂ္ဂ(မန္တလေး)က ယနေ့(အောက်တိုဘာ ၂ရက်)တွင် သတိပေးသည်။ ludunwayooအောက်တိုဘာ 2, 2024
သတင်း သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု NUCC နှင့် NUG ပူးတွဲကြေညာ အကြမ်းဖက်စစ်အုပ်စု ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု NUCC နှင့် NUGတို့က ပူးတွဲ ကြေညာသည်။ ludunwayooအောက်တိုဘာ 1, 2024
သတင်း သန်းခေါင်စာရင်းကောက်ရန် အစည်းအဝေးလုပ်နေသည့် ကြည့်မြင်တိုင် ရပ်ကွက်ရုံးနှစ်ရုံးတွင် ပေါက်ကွဲမှုဖြစ်၊ ၁ ဦးသေပြီး ၉ ဦးဒဏ်ရာရဟုဆို ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးတွင် သန်းခေါင်စာရင်း ကောက်ယူရန် အစည်းအဝေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အဆိုပါ အစည်းအဝေးပြုလုပ်နေသူ ကိုးဦးဒဏ်ရာရရှိကာ တစ်ဦးသေဆုံးကြောင်း ဒေသခံများကပြောသည်။ ludunwayooစက်တင်ဘာ 30, 2024
သတင်း စစ်ကောင်စီ၏သန်းခေါင်စာရင်းနှင့် ရွေးကောက်ပွဲသပိတ်မှောက်ရန် သရက်ချောင်းတွင် လှုံ့ဆော်မှုပြုလုပ် တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများဆန့်ကျင်ကြရန် လှုံ့ဆော်သည့် လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ (စက်တင်ဘာ ၃၀)နံနက်က ပြုလုပ်ခဲ့သည်။ ludunwayooစက်တင်ဘာ 30, 2024
သတင်း သန်းခေါင်စာရင်းကောက်ယူရန် ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား အိမ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ ရေဘေးသင့်ဒေသများတွင် သန်းခေါင်စာရင်းကောက်နိုင်ရေးအတွက် ကယ်ဆယ်ရေးစခန်းများရှိပြည်သူများအား အိမ်ပြန်ရန် စစ်ကောင်စီကဖိအားပေးနေကြောင်း သတင်းရရှိသည်။ ludunwayooစက်တင်ဘာ 30, 2024
သတင်း ကရင်နီပြည်တွင်သန်းခေါင်စာရင်းကောက်ခြင်းနှင့်ရွေးကောက်ပွဲလုပ်ငန်းစဥ်တွင်ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ဒီးမော့ဆိုPDFထုတ်ပြန် ကရင်နီပြည်နယ်အတွင်းသန်းခေါင်စာရင်းကောက်ယူခြင်း၊ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း နှင့် ရွေး ကောက်ပွဲဖြစ်မြောက်ရေးတွင်ပါဝင်သူများကို ပြင်း ပြင်းထန်ထန်အရေးယူမည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို ကထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 29, 2024