close
Connect with us

Hi, what are you looking for?

သတင်း

သန်းခေါင်စာရင်းကောက်ယူရာတွင် ဆရာတော်၊သံဃာတော်များ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် သံဃသမဂ္ဂ(မန္တလေး)က သတိပေး

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ဆရာတော်၊သံဃာတော်များ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် သံဃသမဂ္ဂ(မန္တလေး)က ယနေ့(အောက်တိုဘာ ၂ရက်)တွင် သတိပေးသည်။

စစ်​ကောင်စီက သန်းခေါင်စာရင်းကောက်ယူရာတွင် စစ်သားများ၊ရဲများ၊ပျူ​စောထီးများပါ​ခေါ်လာ​ကြောင်း​ဒေသအချို့မှပြည်သူများက​ပြောသည်။ ဓာတ်ပုံ-CJ

အင်ကြင်း/People’s Spring

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ဆရာတော်၊သံဃာတော်များ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် သံဃသမဂ္ဂ(မန္တလေး)က ယနေ့(အောက်တိုဘာ ၂ရက်)တွင် သတိပေးသည်။

အာဏာသိမ်း စစ်ကောင်စီသည် စက်တင်ဘာ ၃၀ရက်ကတည်းက ဘုန်းကြီးကျောင်းအချို့တွင် သံဃာတော်များကို သန်းခေါင်စာရင်း ကောက်ယူနေပြီး မြို့နယ်အလိုက်ကောက်ယူသွားရန် စီစဉ် နေသည်ဟု သံဃသမဂ္ဂ(မန္တလေး)က အသိပေးသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၈ ရက်ကလည်း ဘုန်းတော်ကြီးကျောင်းများ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ နေထိုင်နေသော လူပုဂ္ဂိုလ်များကို စာရင်းကောက်ယူမည်ဖြစ်ကြောင်းနှင့် ထိုသို့စာရင်းကောက်ယူရာတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ကျောင်းထိုင်ဆရာတော်များက ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အစည်း(မဟန)က မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် စာထုတ်ညွှန်ကြားသည်ကို ထပ်မံ တွေ့ရှိရကြောင်း၊အဆိုပါ မဟနအဖွဲ့အစည်း၏ စစ်ကောင်စီအလိုကျအတိုင်း စာထုတ်ညွှန်ကြားချက် အပေါ် သံဃသမဂ္ဂ(မန္တလေး)က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ(မန္တလေး)က ထပ်မံ အသိပေးသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေပြဌာန်းကြေညာပြီးနောက် နိုင်ငံတဝှမ်း အဓမ္မနည်းလမ်းများကို အသုံးပြု၍ ပေါ်တာဆွဲမှုများ၊ စစ်သင်တန်းပေးမှုများ၊ ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်မှုများပြုလုပ်ကာ ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူများ၏ လူသား အရင်းအမြစ်များ ဆုံးရှုံးနစ်နာမှုများစွာရှိကြောင်း သိရှိထားရသည်ဟု သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မဟနအဖွဲ့၏ ထုတ်ပြန်သည့် ညွှန်ကြားချက်ပါ အကြောင်းအရာများအား ဓမ္မကို မြတ်နိုးတန်ဖိုးထားတော်မူကြသော ဆရာတော်၊ သံဃာတော်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချရန် လိုအပ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် အောက်တိုဘာ ၁ ရက်ကစ၍ အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူရန် အောက်ခြေ Non CDM ဝန်ထမ်းများအား ဖိအားပေးထားသည်။ သို့သော် မြေပြင်တွင်မူ Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ပေါ်များ၌ပင် မကောက်ရဲဘဲ နေအိမ်များထံ စာရွက်လိုက်ဝေ၍ ဖြည့်ခိုင်းထားရသည်ဟု သိရသည်။

သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ ကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဉ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း၊ ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များကို လိုအပ်သလို အကာအကွယ်ပေးခြင်း၊ စသည်တို့ကို လုပ်ဆောင်နိုင်ကြောင်း ရန်ကုန်သပိတ် အင်အားစုများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်စစ်အုပ်စု ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု NUCC နှင့် NUGတို့က ပူးတွဲ ကြေညာသည်။

သတင်း

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးတွင် သန်းခေါင်စာရင်း‌ ကောက်ယူရန် အစည်းအဝေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အဆိုပါ အစည်းအဝေးပြုလုပ်နေသူ ကိုးဦးဒဏ်ရာရရှိကာ တစ်ဦးသေဆုံးကြောင်း ဒေသခံများကပြောသည်။

သတင်း

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများဆန့်ကျင်ကြရန် လှုံ့ဆော်သည့် လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ (စက်တင်ဘာ ၃၀)နံနက်က ပြုလုပ်ခဲ့သည်။

သတင်း

ရေဘေးသင့်ဒေသများတွင် သန်းခေါင်စာရင်းကောက်နိုင်ရေးအတွက် ကယ်ဆယ်ရေးစခန်းများရှိပြည်သူများအား အိမ်ပြန်ရန် စစ်ကောင်စီကဖိအားပေးနေကြောင်း သတင်းရရှိသည်။

Facebook