close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့လယ်ရှိ အိမ်ထောင်စု ၂ဝခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က အင်အားအများအပြားသုံး၍ နှင်ထုတ်

စစ်ကောင်စီတပ်က အဆိုပါလမ်းပိုင်းအား နေ့လယ်ပိုင်းအထိ ပိတ်ထားဆဲဖြစ်ပြီး ပြည်သူများထိတ်လန့်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

(အာဏာသိမ်းကာလအစောပိုင်းက ​မန္တလေးမြို့ပေါ်တွင် ပြည်သူများအားဖမ်းဆီးရန်ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(အာဏာသိမ်းကာလအစောပိုင်းက ​မန္တလေးမြို့ပေါ်တွင် ပြည်သူများအားဖမ်းဆီးရန်ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

အင်ကြင်း/People’s Spring

မန္တလေးမြို့လယ်နေ အိမ်ထောင်စု ၂ဝ ခန့်ကို ကျူးကျော်ဟုဆိုကာ စစ်ကောင်စီက အင်အားအများအပြားသုံး၍ နှင်ထုတ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၉ ရက်) နံနက် ၁၀ နာရီခွဲခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၈၅ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ ဝင်းတစ်ခုအတွင်းသို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် အချုပ်ကားပါယူဆောင်လာကာ လမ်းပိတ်ထားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ထို့နောက် အဆိုပါလမ်းကြားရှိ ဝင်းတစ်ခုအတွင်းမှ အိမ်ထောင်စုပေါင်း ၂၀ ခန့်အား ကျူးကျော်နေထိုင်သည်ဟု စွပ်စွဲပြီး အင်အားအများအပြားဖြင့် လာရောက်ကာ နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“အရင်တုန်းကတော့ ဓမ္မာရုံမြေ။ အခုကျတော့ အစိုးရပိုင်၊ ပြည်သူပိုင်ဆိုပြီးတော့ သိမ်းပြီးတော့ ဘူဒိုဇာနဲ့ထိုးတာ။ အဲမြေမှာနေတာက မိသားစု နှစ်ဆယ်လောက်တော့ရှိတယ်။ အဲမှာ ကွန်ဒိုဆောက်မယ်ကြားတယ်။”ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖယ်ရှားခံရသည့် နေအိမ်ခြေအရေအတွက်ကိုမူ မသိရသေးပေ။

စစ်ကောင်စီတပ်က အဆိုပါလမ်းပိုင်းအား နေ့လယ်ပိုင်းအထိ ပိတ်ထားဆဲဖြစ်ပြီး ပြည်သူများထိတ်လန့်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နှစ်အတွင်းကလည်း ပုသိမ်ကြီးနှင့်ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ နေအိမ်အများအပြားအား အင်အားသုံး၍ ဖယ်ရှားခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တွင်းငယ်ကျေးရွာတဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

သေဆုံးသူ၏ရုပ်အလောင်းအား နောက်တရက်နံနက်တွင် လူမှုကူညီရေးအသင်းကားဖြင့် သွားရောက်ယူပြီး သင်္ဂြိုလ်ခဲ့ရကြောင်း ခင်ဦးမြို့ခံအချို့က ပြောသည်။

သတင်း

နိုဝင်ဘာ ၁၁ ရက်က စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၇ ဦးခန့် သေဆုံးခဲ့ရကြောင်း ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက ပြောသည်။

သတင်း

နိုဝင်ဘာ ၁၁ ရက်ညကလည်း စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာ၊ ကူရွာနှင့် ခြေဆေးကျေးရွာတို့ကိုပါ လေကြောင်းမှ ဗုံးသီးအလုံးရေ ၇၀ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း ​ဒေသခံများက ပြောသည်။

Trending

Facebook