close
Connect with us

Hi, what are you looking for?

သတင်း

ရေဦးနှင့် တန့်ဆည်တွင် စစ်တပ်မီးရှို့ဖျက်ဆီးရာ ၂ရက်အတွင်း ကျေးရွာ ၉ရွာမှ နေအိမ် ၁၇၀ကျော်ပြာကျ၊ ပြည်သူ ၂ဦးလည်း သတ်ဖြတ်ခံရ

ဆီဆုံကျေးရွာမှ ပြည်သူတစ်ဦးအား သတ်ဖြတ်ခဲ့ပြီး ကားလမ်းဘေးရှိ စျေးဆိုင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့​ရာ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ကိုထူးခန့်ဇော်က ပြောသည်။

(မီးရှို့ခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်။ဓာတ်ပုံ-People's Defense Comrade)
(မီးရှို့ခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်။ဓာတ်ပုံ-People's Defense Comrade)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးနှင့် တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၂ရက်အတွင်း ကျေးရွာ ၉ရွာမှ နေအိမ် ၁၇၀ကျော်ပြာကျပြီး ဒေသခံပြည်သူ ၂ဦး သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၆ရက်ကစ၍ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အင်အား ၁၈၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဦးမြို့နယ်မြောက်ဘက်ခြမ်းရှိ ကျေးရွာ ၇ရွာနှင့် တန့်ဆည်နယ်အရှေ့ခြမ်းရှိ ကျေးရွာ၂ရွာ၊ စုစုပေါင်း ကျေးရွာ ၉ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၇၃ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comradeအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား) က ပြောသည်။

ထို့အပြင် ဆီဆုံကျေးရွာမှ ပြည်သူတစ်ဦးအား သတ်ဖြတ်ခဲ့ပြီး ကားလမ်းဘေးရှိ စျေးဆိုင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့​ရာ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ကိုထူးခန့်ဇော်က ပြောသည်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲမရှိပါဘူး။ဒရုန်းနဲ့ ဝဲပြီးတော့မှ သက်သက်ချသွားတာ။ထိခိုက်ဒဏ်ရာရရှိတာ ၇ ယောက်၊ ၈ ယောက်လောက်ရှိတယ်။ သာမန်ပြည်သူတွေပါ”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းမှာ ကာဘိုးဆည်ဘက်မှ ထွက်လာသော စစ်ကြောင်းဖြစ်ပြီး ယခုအခါပြန်ဆုတ်သွားကြောင်း သိရသည်။

အလားတူ ရေဦးမြို့နှင့် နယ်မြေချင်းထိဆက်နေသည့် ကန့်ဘလူမြို့နယ်တွင်လည်း ယမန်နေ့ (နိုဝင်ဘာ ၁၈ရက်) နံနက်ပိုင်းက ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း၌ ခရီးသည်တင်ယာဉ်အားစစ်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ယာဥ်ပေါ်ပါ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ခရီးသည် သုံးဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပထမတစ်ကြိမ် လေကြောင်းပစ်ခတ်ခံရပြီးနောက် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့၍ လူထိခိုက်မှုမရှိခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီစစ်ကြောင်းသည် စုစုပေါင်း ဒေသခံပြည်သူ ၉၂ ဦးအား ကန့်ဘလူမြို့ရှိ (၆၀၀၆) တင့်ကားတပ်သို့ ခေါ်ဆောင်သွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

သတင်း

အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး မြို့အထွက်လမ်းများလည်း ပိတ်နေပြီဖြစ်သည်။

သတင်း

ကျေးရွာများအတွင်း ဒရုန်းဖြင့် ဗုံးသီး ကြဲချခဲ့ရာ အိုင်ပေါင်းချောင်ကျေးရွာမှ အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Trending

Facebook