ဖေဖော်ဝါရီ ၃၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောခြင်းနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၃) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ဒေါင်းရာဇာပင်မ သပိတ်သပိတ်စစ်ကြောင်းက “ တော်လှန်ဒီရေ မြင့်သစ်သို့” စာသားကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

အရာတော်မြို့နယ်မှာလည်း ကျောင်းသားသမဂ္ဂ – ဗကသများအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတွေနဲ့ ဒေသတွင်းရှိလက်နက်ကိုင်တော်လှန်ရေးအင်အားစုတရပ်တို့ ပူးပေါင်းကာ ပြည်သူ့အခြေပြုကျောင်းတခုမှာလေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ဗုံခိုကျင်းတည်ဆောက်ပုံ၊ နေထိုင်ပုံတို့ကို သရုပ်ပြသင်ကြားခဲ့ပြီး လေကြောင်းအန္တရာယ်အသိပညာပေး ပန်းဖလက်အစောင်ရေ (၁၀၀)ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်း က “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြတော်လှန်ပြည်သူတွေက “ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်း နဲ့ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး စစ်အာဏာရှင်ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ကျရှုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။


















































