ဖေဖော်ဝါရီ-၃၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ရခိုင်ပြည်နယ် နဲ့ မကွေးတိုင်း အစပ်မှာ ဒီနေ့ (ဇန်နဝါရီလ၃ရက်)ည ၁၀ နာရီဝန်းကျင်ကအင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားပါတယ်။
အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ဖော်ပြချက်မှာတော့ မြန်မာနိုင်ငံအလယ်ပိုင်း ရေနံချောင်းမြို့ရဲ့ အနောက်ဘက် ၅၉ မိုင်ခန့်အကွာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် ရခိုင်ပြည်နယ်ထဲကို ကိုဗဟိုပြုပြီး မဂ္ဂနီကျု ၅ .၉ အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားတာလို့ထုတ်ပါတယ်။
ထိုင်း မ်ိုးဇလဌာန(TMD)ကတော့ မြေငလျင်ဟာမြေအောက်အနက် ၁၀ ကီလိုမီတာ(၆မ်ိုင်ခန့်)ကိုဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ ထုတ်ပြန်ထားပါတယ်။ USGS ကတော့ မြေအောက်အနက် ၆၂ကီလိုမီတာခန့်မှာ လှုပ်ရှားသွားတာလို့ထုတ်ပြန်ထားပါတယ်။

Public Service Announcement
“ ကျတော်တို့က ငလျင်ဗဟိုချက်နဲ့ မိုင်၅၀ကျော်ဝေးတယ်။ဒါပေမဲ့ လှုပ်တာကြမ်းတယ်” လို့ မကွေးတိုင်းမင်းဘူးမြို့ကဒေသခံတစ်ဦးကပြောပါတယ်။
ရခိုင်ပြည်နယ်ကမြို့နယ်အများအပြားမှာ ငလျင်လှုပ်ရှားမှုကိုသိသိသာသာခံစားလိုက်ရပြီးဒေသခံတွေဟာ နေအိမ်ပြင်ပတွေမှာထွက်ပြီးနေခဲ့ရတယ်လို့ ဒေသအခြေစိုက်သတင်းဌာနတွေက ရေးသားထားကြပါတယ်။
“ ရခိုင်မှာ ငလျင်က ၂ကြိမ်လှုပ်သွားတယ်။ ပထမအကြိမ်10:04နာရီမှာ လှုပ်တာက အတော်အသင့်ပြင်းတယ်။ ဒုတိယ 10:22နာရီ ထပ်လှုပ်တယ်။ ပထမအခေါက်လောက် မပြင်းဘူး။ လက်လှမ်းမှီသလောက် မြို့နယ်တွေကို စုံစမ်းကြည့်တော့ အပျက်အစီးသတင်းတော့ မကြားမိပါ။ ဘေးကင်းတယ်လို့ ယူဆရပါတယ်” လို့ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ ရခိုင်စာရေးဆရာဝေဟင်အောင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်အပြင် မကွေးတိုင်း ၊မန္တလေးတိုင်းကဒေသအများအပြားမှာပါ ငလျင်လှုပ်တာကိုသိရှိခံစားလိုက်ရပါတယ် ။
ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက် ထိခိုက်မှုရှိမရှိအခြေအနေကိုမသိရသေးပါဘူး။
ရေနံချောင်းမြို့၏အနောက်ဘက် ၉၅ ကီလိုမီတာအကွာ၊ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ်၊ မြေအောက်အနက် ၆၁.၇ ကီလိုမီတာခန့်ကိုဗဟိုပြုပြီးတော့ ရစ်ခ်တာစကေး ၅.၉အဆင့်နဲ့အင်အားအတော်အသင့်ရှိတဲ့မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ NUG ကလည်းထုတ်ပြန်ပါတယ် ။
အာဏာသိမ်း စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မိုးဇလ ဌာန က ဒီနေ့ ညပိုင်း ၁၀ နာရီ ၄ မိနစ်ခန့်မှာ စစ်တွေမြို့ မြေငလျင် စခန်း ရဲ့ အရှေ့ ၊အရှေ့မြောက်ဘက်၇၃ မိုင်ခန့် အကွာမကွေးတိုင်း ၊စေတုတ္တရာမြို့ရဲ့ အနောက် ၊အနောက်မြောက်ဘက် ၂၀ မိုင်ခန့်အကွာမှာ အင်အား ရစ်(ခ်) တာစကေး ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးပါဘူး ။ငလျင်ရဲ့နောက်ဆက်တွဲအခြေအနေတွေကိုဆက်လက်ဖော်ပြပေးသွားပါတယ်။

















































