close
Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယတပ်က မြန်မာပိုင်နက်ထဲ ဗုံးထပ်ကြဲ

အိန္ဒိယစစ်တပ်က မြန်မာပိုင်နက် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့နယ်အတွင်း ဝင်ပြီး ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၂၀၂၅ ဇူလိုင် ၁၃ရက်နံနက်)က စစ်ကိုင်းတိုင်း၊နာဂဒေသ၊နန်းယွန်းမြို့နယ်မှကျေးရွာအချို့ကိုအိန္ဒိယစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဖေဖော်ဝါရီ-၃၊၂၀၂၆။ကဖေး/People’s Spring

အိန္ဒိယစစ်တပ်က မြန်မာပိုင်နက် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့နယ်အတွင်း ဝင်ပြီး ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ရက် တနင်္ဂနွေနေ့ နံနက် ၃ နာရီခန့်မှာ ပန်ဆောင်မြို့နယ်၊ ကျဲသရောက်ကျေးရွာက လယ်တဲအချို့ကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

” လယ်တဲတွေကို ဗုံးကြဲတာ။ ဒီမှာက ဘာထူးခြားမှုမှ မရှိဘူးနော်။ ဘယ်အဖွဲ့မှ မရှိဘူး။ တမင် သက်သက်လာကြဲသွားတာ” လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနက်အစောပိုင်း အချိန်ဖြစ်တာကြောင့်နဲ့ လယ်တဲတွေထဲမှာလူမရှိတာရယ်ကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ ကနဦးသိထားပေးမယ့် အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland)တပ်ဖွဲ့တွေ ရှိနေပါတယ်။

NSCN တပ်တွေကို အိန္ဒိယစစ်တပ်က မြန်မာပိုင်နက်ထဲအထိဝင်ပြီး တိုက်ခိုက်လေ့ရှိပါတယ်။နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို ပြီးခဲ့တဲ့၂၀၂၅ အောက်တိုဘာ၂၀ရက် ညမှာ အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အသက် (၈)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ NSCN(K-YA)အဖွဲ့ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ Piyong Konyak (ပီယောင်းကွန်းရက်)ရဲ့ နေအိမ်ကို ဗုံးထိမှန်ခဲ့ပြီး သေဆုံးသူနှစ်ဦးဟာ ဗိုလ်မှူးချုပ်ပီယောင်းကွန်းရက်ရဲ့သားနဲ့ မြေးဖြစ်သူတို့ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေကဖော်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင် ၁၃ရက်ကလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်က ကျေးရွာအချို့ကိုအိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ အရပ်သားနေအိမ်တွေပျက်စီးခဲ့ပါတယ်။အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားဗုံးကြဲတာလို့ India Today သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပန်ဆောင်မြို့ဟာ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ နန်းယွန်းမြို့နယ်အတွင်းမှာ တည်ရှိပြီး အိန္ဒိယ-မြန်မာနယ်စပ် မြို့ ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံ၊ အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ် (Arunachal Pradesh) နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ သမိုင်းဝင်လီဒိုလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။

ဆက်စပ်သတင်းများ