close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မန္တလေး-မုံရွာ-ရွှေဘိုလမ်းနဲ့ စစ်ကိုင်းခရိုင်ချင်းဆက်လမ်းဆုံ၊ တင်းတိပ်ဆီဆိုင်ရှေ့မှာ မနေ့က ဖေဖော်ဝါရီ ၂ ရက်က ပြည်သူတွေ ပေါ်တာဆွဲဖမ်းဆီးဖို့ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

(စစ်ကိုင်းမြို့အဝင် ဧရာဝတီမြစ်ကူးတံတားကို တွေ့ရစဉ်။ ဓာတ်ပုံ − MDN)

ဖေဖော်ဝါရီ-၃၊ ၂၀၂၆ ဇေအောင်/People’s Spring

မန္တလေး-မုံရွာ-ရွှေဘိုလမ်းနဲ့ စစ်ကိုင်းခရိုင်ချင်းဆက်လမ်းဆုံ၊ တင်းတိပ်ဆီဆိုင်ရှေ့မှာ မနေ့က ဖေဖော်ဝါရီ ၂ ရက်က ပြည်သူတွေ ပေါ်တာဆွဲဖမ်းဆီးဖို့ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး နေရာတင် ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရသွားတဲ့ စစ်အုပ်စုဝင်တွေဟာ ပတ်ဝန်းကျင်မှာ ပုန်းအောင်းခဲ့ကြတယ်လို့ ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

အဲဒီနောက် စစ်ကိုင်းမြို့ တပ်မ(၃၃)က အိမ်စီးကား ၁၀စီးနဲ့ ရောက်လာပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ခေါ်ဆောင်သွားကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ကျနော်တို့ လက်နက်တော့ မရခဲ့ဘူး” လို့ ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

စစ်ကောင်စီတပ် ထိခိုက်မှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ခံရတဲ့နေရာအပြင် စက်မှုဇုန်နဲ့ စစ်ကိုင်းမြို့တွင်းမြို့ပြင်တွေမှာပါ ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

​စစ်တပ်ဟာ လူအင်အားအများအပြား လိုအပ်နေလို့ စစ်ကိုင်းမြို့မှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ နေ့စဉ်ပြုလုပ်နေပြီး ပြည်သူတွေအနေနဲ့ အရေးမကြီးရင် လမ်းပေါ်သွားလာတာတွေ မလုပ်ကြဖို့နဲ့ အချိန်မရွေး တိုက်ခိုက်သွားမယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။

ဖေဖော်ဝါရီ ၁ရက်ကလည်း စစ်ကိုင်းမြို့အဝင်မှာ လိုင်စင်မဲ့ကားတွေမောင်းပို့တဲ့ ရဲအုပ်လင်မယားနဲ့ ရဲ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မင်းကွန်းတိုက်နယ်ပလဖက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ