close
Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာနဲ့ ပန်းတောင်းနယ်တိုက်ပွဲ​တွေမှာစစ်တပ်အထိနာလို့ ​လေ​ကြောင်းပစ်ကူအများအပြား​ပေး​နေရ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက စစ်တပ်ရဲ့ အမှတ်(၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆) ရဲ့ကာကင်းစခန်းတွေနဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က စစ်ကောင်စီစခန်းတွေအနီး ဒီနေ့ တိုက်ပွဲအလွန်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေအပြင်းအထန် ပစ်ကူပေးနေရပါတယ်။

( ကပစ ၁၆ အနီး ၂၀၂၅ နိုဝင်ဘာ ​ဒုတိယပါတ် တိုက်ပွဲ​တွေမှာ AA နဲ့ မဟာမိတ်​တွေထံ လက်နက် ချ ၊အလင်းဝင် ၊ အဖမ်းခံရတဲ့စစ်သား​တွေ။ဓါတ်ပုံ-AA Infodesk)

​ဖေ​ဖော်ဝါရီ-၃၊၂၀၂၆။​ရွှေပြည်စိုး/People’s Spring

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက စစ်တပ်ရဲ့ အမှတ်(၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆) ရဲ့ကာကင်းစခန်းတွေနဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က စစ်ကောင်စီစခန်းတွေအနီး ဒီနေ့ တိုက်ပွဲအလွန်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေအပြင်းအထန် ပစ်ကူပေးနေရပါတယ်။

ရခိုင်ပြည်နယ် နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ ၆၆၆ပွိုင့်ကုန်းကို အာရက္ခတပ်တော်-AA နဲ့ မဟာမိတ်တပ်တွေက ဇန်နဝါရီလ ၂၈ရက်မှာသိမ်းယူခဲ့ပါတယ် ။အဲဒီ​နောက် ကပစ(၁၆) ရဲ့ ကာကင်းစခန်းတွေအနီးမှာပါ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာလို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း AAက ဖမ်းဆီးခဲ့ပါတယ်။ ပန်းတောင်းမြို့နယ်အတွင်း ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ရော Y12လေယာဉ်နဲ့ပါ ဗုံးကြဲနေတယ်လို့သတင်းရရှိပါတယ်။

Public Service Announcement

Public Service Announcement

“ ကပစ(၁၆)ကိုရောက်ဖို့ကတော့တော်တော်လိုပါသေးတယ်။ဒါပေမယ့် AAက စစ်ဆင်ရေး အရှိန်မြှင့်တာကတော့ သေချာပါတယ်။စစ်တပ် လေယာဉ်တွေ အဆက်မပြတ်ပျံနေပါတယ်” လို့ပန်းတောင်းမြို့ခံတစ်ဦးကပြောပါတယ်။။

ကပစ(၁၆)အနီး တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး AAက ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၁ရက်နေ့ည ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ခုခံစစ်အပြင် တန်ပြန်ထိုးစစ်တွေနဲ့ အကောင်းဆုံးတုံ့ပြန်နေတယ်လို့အသိပေးထားပါတယ်ကပစ(၁၆)အနီးနဲ့ ၆၆၆ ပွိုင့်ကုန်းအနီး နိုဝင်ဘာလ ၈ရက်ကနေ ၁၀ရက်အတွင်း တိုက်ပွဲတွေမှာ စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၁)၊ခမရ (၃၆၈)၊ခမရ (၃၆၃) တပ်ရင်းတွေကနေ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦးအထိ ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင်ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းထဲက လေးမျက်နှာမြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲနေပါတယ်။

“ လေးမျက်နှာဘက်ကို ‌ဗုံးကြဲသွားတဲ့ ဂျက်ဖိုက်တာ ၇ စီး ကျွန်တော်တို့မြို့ကိုဖြတ်သွားတယ်” လို့ ဇလွန်မြို့ခံတစ်ဦးကပြောပါတယ်။

စစ်တပ်ရဲ့ ဂျက်ဖိုက်တာ၇စီးဟာဖေဖော်ဝါရီလ၃ရက် မနက် ၁၀နာရီခန့်ကနေ မွန်းလွဲ ၁နာရီခန့်အတွင်း ဟင်္သာတနဲ့ ဇလွန်မြို့တွေကိုဖျက်ပြီး မှော်ဘီ မြို့ကို ပျံသန်းသွားပါတယ်။ ဧရာဝတီတိုင်းထဲကတိုက်ပွဲတွေကို မှော်ဘီလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတွေကဗုံးကြဲလေ့ရှိပါတယ်။

ဧရာဝတီတိုင်းက တိုက်ပွဲတွေမှာ တပ်မ(၆၆) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၄)၊ (၅)၊ (၆)၊ (၁၀) နဲ့ ခလရ (၃၅)၊ (၈၀) တို့အပြင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ (ပုသိမ်) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလရ (၆၃) နဲ့ (၂၇၁) တို့ ပါဝင်နေတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

​အခုဖြစ်နေတဲ့တိုက်ပွဲတွေမှာ စစ်တပ်က အကျအဆုံး များနေသလို ဂျက်ဖိုက်တာအပြင် စက်တပ်လေထီးနဲ့ ဒရုန်းတွေသုံးပြီး ဗုံးကြဲတာတွေပါ လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

ဧရာဝတီတိုင်းနေ့ကမြို့နယ်တွေမှာ ဗုံးကြဲလေယာဥ်ပျံသန်းမှုတွေက ယခင်က မကြုံဘူးတဲ့အခြေအနေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဇန်နဝါရီလ၂၆ရက်နေ့ကနေ ဒီနေ့ ဖေ‌ဖော်ဝါရီလ ၃ ရက်အတွင်းမြို့တွေပေါ်ကနေ ဂျက်ဖိုက်တာ အကြိမ် ၃၀ ထက်မနည်း ပျံသန်းသွားတယ်လို့ ဓနုဖြူ၊ ဇလွန်၊ ဟင်္သာတနဲ့ လေးမျက်နှာမြို့နယ်ကဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ရက်ပိုင်းကတိုက်ပွဲမှာ သာပေါင်းမြို့နယ်ကစစ်ကောင်စီစခန်းတချို့ကို AAနဲ့ PDF ပူးပေါင်းတပ်တွေကသိမ်းယူခဲ့ပါ​သေးတယ်။ သာပေါင်းမြို့ဟာ ယခင်က တိုက်ပွဲတွေဖြစ်ခဲ့ဖူးတဲ့ ရွှေသောင်ယံ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်တွေနဲ့ ဆက်စပ်နေပါတယ်။ လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း လေးမျက်နှာမြို့နယ်မှာတိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေတာပါ။

စစ်ကောင်စီကအရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီးဗုံးကြဲနေတဲ့အတွက်တိုက်ပွဲဖြစ်နေတဲ့ ဒေသက ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာ နေကြဖို့နဲ့ တိုက်ပွဲဖြစ်တဲ့ရွာတွေဘက် မလာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ